Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သား ရွှေကြိုပါလို့ ဒီနှစ် အကယ်ဒမီပွဲ တက်ရမှာ ပိုအဓိပ္ပာယ် ရှိတယ်”လို့ မင်းသူ ပြော

$
0
0

တချိန်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်လမ်းများ၊ ကာရာအိုကေ သီချင်းများမှာ သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် မင်းသူက လက်ရှိမှာလည်း အနုပညာ အလုပ်တွေကို လုပ်ကိုင်နေပြီး သူရဲ့ သားအကြီးဆုံးဖြစ်တဲ့ မင်းသန့်ကိုကိုကလည်း ယခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်လာပါတယ်။

ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မင်းသန့်ကိုကိုက အကယ်ဒမီ ရွှေကြိုအဖြစ် ကူညီဆောင်ရွက်ပေးမယ့်အပေါ် ဖခင်ဖြစ်သူ မင်းသူက သူ့အနေနဲ့ ဒီနှစ် အကယ်ဒမီပေးပွဲတက်ရတာ ပိုပြီး အဓိပ္ပာယ်ရှိတယ်လို့ မြင်မိကြောင်း ဧရာဝတီကို ပြောပါတယ်။

“ကျနော် သူ့ကို အနုပညာမျိုးဆက်အဖြစ် အမွေပေးချင်တာ။ အနုပညာခြေလှမ်းအစကို သူစလျှောက်လှမ်းပြီ။ အခုလို ရွှေကြိုပါတာကိုလည်း ပြောမပြတတ်အောင် ဝမ်းသာတယ်။ သူ ဒီရွှေကြိုပြီးလို့ အနုပညာအလုပ်တွေဆက်လုပ်ရင် အတိုင်းမသိ ဝမ်းသာမှာပါ။ အရင် အကယ်ဒမီ ပွဲတက်တာက လုပ်ဖော်ကိုင်ဖက်တွေကို အားပေးဖို့ တက်တာပေါ့။ ဒီအကယ်ဒမီပွဲမှတော့ ကျနော့်သားလေး စင်မြင့်ပေါ်မှာ တွေ့ရမှာဆိုတော့ ခါတိုင်းနှစ်ထက် ပိုပြီး အဓိပ္ပာယ်လည်း ရှိတယ်၊ ပိုလည်း ပျော်တယ်”လို့ မင်းသူက ဆိုပါတယ်။

“သူ့မှာ အတွေ့အကြုံတွေ အများကြီး လိုအပ်နေသေးတယ်။ သူ့ကို အားမလို၊ အားမရတွေတော့ ဖြစ်တယ်။ သူ့နေရာမှာ ကိုယ်သာ ဝင်လုပ်လိုက်ချင်တာတွေ ဖြစ်တယ်။ စကားနည်းတယ်။ အဲ့ဒါက သူပြောလိုက်လို့ အမှားပါသွားမှာ စိုးတာတွေကြောင့်လည်း ပါမှာပါ။ အနုပညာအလုပ်ဆိုတာကလည်း ဝါသနာပါမှ လုပ်လို့ရတာလေ။ ကျနော်တို့လည်း ဝါသနာအရင်းခံပြီး ခံစားမှုတွေ ထည့်လို့ရတာလေ။ ဝါသနာမပါဘဲနဲ့တော့ ဒီအလုပ်လုပ်လို့ မရပါဘူး။ ကျနော့်သားလေး အနုပညာအလုပ်တွေ လုပ်ကိုင်သည်ရှိသော် ကျနော့်ကို အားပေးသလို သူ့ကိုလည်း အားပေးကြပါလို့”မင်းသူက ပြောပါတယ်။

Gym Trainer အဖြစ် လုပ်ကိုင်နေတဲ့ မင်းသန့်ကိုကိုက ဖခင်ဖြစ်သူကိုလည်း ကိုယ်တိုင် Body Train ပေးတဲ့ Gym ဆရာ တယောက် ဖြစ်ပါတယ်။ အသက် ၂၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မင်းသန့်ကိုကိုက လက်ရှိမှာတေ့ Unique Gym မှာ နည်းပညာဆရာအဖြစ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။္

The post “သား ရွှေကြိုပါလို့ ဒီနှစ် အကယ်ဒမီပွဲ တက်ရမှာ ပိုအဓိပ္ပာယ် ရှိတယ်”လို့ မင်းသူ ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...