Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

‘Black Widow’ရုပ်ရှင်မှာ အဓိကဇာတ်ကောင်နေရာမှာပါဝင်ဖို့ Emma Watson စိတ်ဝင်စားနေ

$
0
0

မင်းသမီး Emma Watson ဟာ Marvel အမျိုးသမီးသူရဲကောင်း သရုပ်ဆောင်စာရင်းမှာ ပါဝင်လာနိုင်ချေ ရှိနေပါတယ်။ မင်းသမီး Scarlett Johansson က သူ့ရဲ့ နာမည်ကျော်ဇာတ်ကောင်မှာ ပြန်လည်ပါဝင်မယ့် “Black Widow” တကိုယ်တော် ရုပ်ရှင်မှာ ဒုတိယခေါင်းဆောင်အမျိုးသမီးသရုပ်ဆောင်တဦးအနေနဲ့ ပါဝင်ဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

That Hashtag Show ရဲ့အဆိုအရ အသက် ၂၈ နှစ်အရွယ် မင်းသမီးဟာ မင်းသမီး Johansson ရဲ့ ပုံစံနဲ့ လိုက်ဖက်ညီ တဲ့အတွက် အဲဒီ့ဇာတ်ရုပ်မှာ ပါဝင်ဖို့ ထိပ်ဆုံးကနေ ပြေးနေတယ်လို့ လည်းဆိုပါတယ်။

ဟယ်ရီပေါ်တာမင်းသမီး Emma ဟာ ဒါရိုက်တာ Cate Shortland ၊ Marvel Studios ဥက္ကဌ Kevin Feige နဲ့ ထုတ်လုပ်ရေးမှူး Brad Winderbaum တို့နဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း မင်းသမီးဟာ အဲဒီဇာတ်ရုပ်မှာ ကျိန်းသေပေါက် ပါဝင်ဖြစ်ပြီဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ အခြားမင်းသမီးတွေကလည်း အဲဒီဇာတ်ရုပ်မှာ ပါဝင်လာနိုင်ချေရှိပါတယ်။ “Beautiful Creatures” ရုပ်ရှင်ထဲက မင်းသမီး Alice Englert ၊ “Hostages” ရုပ်ရှင်ထဲက မင်းသမီး Dar Zuzovsky နဲ့ မင်းသမီး Florence Pugh တို့ဟာလည်း အဲဒီဇာတ်ရုပ်မှာ ပါဝင်လာနိုင်ချေရှိသူတွေပါ။ Englert နဲ့ Zuzovsky တို့ကတော့ ဇာတ်ရုပ်အတွက် လူရွေးပွဲ ဝင်ခဲ့ကြပြီးဖြစ်ပြီးတော့ စတူဒီယိုရဲ့ အမှုဆောင်အရာရှိတွေက တော်တော်လေး သဘောတွေ့နေတယ်လို့ ဆိုပါတယ်။

Jac Schaeffer ကိုတော့ “Black Widow” ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးဖို့ ငှားရမ်းထားတယ်လို့ဆိုပါတယ်။ ရိုက်ကူးရေးကိုတော့ ဒီနှစ်ထဲမှာ စတင်ဖို့ စီစဉ်ထားပြီး ၂၀၂၀ ခုနှစ်မှာ ဖြန့်ချိပြသနိုင်ဖို့ မျှော်မှန်းထားပါတယ်။

အဲဒီ့ရုပ်ရှင်ကတော့ ၂၀၁၂ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ ပထမဆုံး Avengers ရုပ်ရှင်မတိုင်ခင်အချိန်ကာလမှာ ဇာတ်အိမ်တည် မယ်လို့ဆိုပါတယ်။ မင်းသမီး Johansson ဟာ အဲဒီရုပ်ရှင်အတွက် အနုပညာကြေး ဒေါ်လာ ၁၅ သန်းရရှိထားတယ် လို့ဆိုပါတယ်။

အဲဒီ့ပမာဏဟာ “Captain America: Civil War” ရုပ်ရှင်အတွက် မင်းသား Chris Evans နဲ့ “Thor: Ragnarok” ရုပ်ရှင်အတွက် မင်းသား Chris Hemsworth တို့ ရရှိခဲ့တဲ့ အနုပညာကြေးနဲ့ လည်း တူညီပါတယ်။ မင်းသမီးဟာ လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ ရုံတင်မယ့် “Avengers: Endgame” ရုပ်ရှင်မှာ Black Widow အဖြစ်ပါဝင်လာဦးမှာပါ။

မင်းသမီး Emma Watson ဟာ ဟယ်ရီပေါ်တာ ရုပ်ရှင်တွေမှာ Hermione Granger အဖြစ်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် “The Bling Ring”, “Noah” နဲ့ “Beauty and the Beast” ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့သူပါ။ ဒါရိုက်တာ Greta Gerwig ရိုက်ကူးတဲ့ “Little Women” ရုပ်ရှင်မှာပါဝင်ထားပါတယ်။

Ref:aceshowbiz

The post ‘Black Widow’ ရုပ်ရှင်မှာ အဓိကဇာတ်ကောင်နေရာမှာပါဝင်ဖို့ Emma Watson စိတ်ဝင်စားနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...