Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အကယ်ဒမီနဲ့ ပတ်သက်ရင် နောင်တရနေတာကြောင့် မမျှော်မှန်းဘူး”လို့ ဟိန်းမင်း ပြော

$
0
0

ဇာတ်ပို့၊ ဇာတ်ရံခန်းတွေမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ဟိန်းမင်းက အကယ်ဒမီနဲ့ ပတ်သက်ရင် နောင်တရခဲ့တာကြောင့် အကယ်ဒမီ မမှန်းဘူးလို့ မီဒီယာတွေကို ပြောပါတယ်။

“ကျနော်က အကယ်ဒမီနဲ့ ပတ်သက်ရင် နောင်တရနေတာကြောင့် မမျှော်မှန်းဘူး။ အကယ်ဒမီတော့ ကျနော်ရသည် ဖြစ်စေ၊ အခြားဇာတ်ပို့ ရသည်ဖြစ်စေ မှန်မှန်ကန်ကန်ဖြစ်ဖို့ပဲ အရေးကြီးပါတယ်။ ဒီနှစ် အကယ်ဒမီက ဇာတ်ပို့ဆို ဇာတ်ပို့ကို ပေးမှာဆိုတော့ ထူးခြားမယ်လို့ ထင်ပါတယ်။ မျှော်လင့်ချက်ကတော့ ရရင်ယူမယ်။ မရရင် မယူဘူး။ မျှော်လင့်ချက်တော့ မထားတော့ဘူး”လို့ သရုပ်ဆောင် ဟိန်းမင်းက ပြောပါတယ်။

“အကယ်ဒမီကို အရမ်းရင်ခုန်တာ။ ကျနော်တို့က Black & White ခေတ်ကတည်းက ရင်ခုန်တာ။ အကယ်ဒမီရဖို့ မပြောနဲ့ ဖိတ်စာရရင်တောင် အရမ်းပျော်ကြတာ။ ဒီဘက်ခေတ်လို မဟုတ်ဘူး။ ကျနော်တို့က အကယ်ဒမီကို ရင်ထဲမှာ ဆန္ဒရှိတာပေါ့။ Star Wards ဆုပေးတာ အရမ်းကြိုက်တယ်။ အပြိုင်အဆိုင်မှ မှန်မှန်ကန်ကန် ဖြစ်မှာလေ။ နောက်ထပ် ဆုပေးမယ့် အဖွ့ဲအစည်းတွေ ထပ်ပေါ်လာရင်လည်းကြိုက်တယ်။ လက်ကမ်းကြိုဆိုတယ်”လို့ ဟိန်းမင်းက ပြောပါတယ်။

ဟိန်းမင်းက မနှစ်က အကယ်ဒမီမှာ “အမှောင်မှာ ရွာချတဲ့မိုးတိမ်” (ကျွန်) ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်ဆုံး အမျိုးသား ဇာတ်ပို့ဆုကို ခန့်မှန်းခံခဲ့ရပေမယ့် အကယ်ဒမီနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဟိန်းမင်းက လက်ရှိ “တာတူး” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“ကျနော်က တာတူးကားမှာ မန်နေဂျာရော၊ သရုပ်ဆောင်ရော လုပ်ပေးရတဲ့ ကားလေးပါ။ ဒီကားမှာ နေတိုးက အရမ်းတော်တယ်။ ရှုတင်မှာတောင် တခါတလေ မမှတ်မိဘူး။ ဒီကားက ကိုလွင်မိုးနဲ့ နေတိုးလည်း လိုက်ဖက် ညီတယ်။ ဒီကားလေးကို ကြော်ငြာ မဟုတ်ဘဲ ဇာတ်ကာလေးကို လာကြည့်ဖို့ ပြောချင်ပါတယ်”

“ဒါမှလည်း ဝေဖန် ပြောဆိုနေတာမျိုးတွေ မဟုတ်ဘူး ဆိုတာသိမှာပါ။ မိန်းမလျာတွေရဲ့ ကာရိုက်တာပိုင်းတွေက ဒါရိုက်တာတွေ ပြန်ရိုက်ရင် မထိခိုက်ဖို့တော့ အရေးကြီးတာပေါ့။ ထိခိုက်တော့ သူ နစ်နာတာပေါ့။ ဟာသလို့ရို က်ပေမယ့်လို့ သူတို့ မထိခိုက်အောင် ရိုက်ပါလို့ ကျနော် တောင်းဆိုပါတယ်”လို့ ဟိန်းမင်းက ဆိုပါတယ်။

ဟိန်းမင်း ပါဝင် သရုပ်ဆောင်ထားတဲ့ “တာတူး” ရုပ်ရှင်ဇာတ်ကားဟာ မတ်လ ၁၅ ရက်နေ့က စတင်ပြီး မြန်မာ၊ ထိုင်း၊ စင်ကာပူ ၃ နိုင်ငံမှာ ပြသတော့မှာဖြစ်ပါတယ်။ အဲဒီ ဇာတ်ကားမှာတော့ သရုပ်ဆောင် အကယ်ဒမီ လွင်မိုး၊ အကယ်ဒမီ နေတိုးနဲ့ အကယ်ဒမီ သက်မွန်မြင့်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။

The post “အကယ်ဒမီနဲ့ ပတ်သက်ရင် နောင်တရနေတာကြောင့် မမျှော်မှန်းဘူး”လို့ ဟိန်းမင်း ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ