တချို့ ရုပ်ရှင်တွေဟာ ကြည့်ရှုသူတွေကို အကြိုက်တွေ့စေပေမယ့် Psychological ရုပ်ရှင်တွေကတော့ ကြည့်ရတာ စိတ်လေးလံတာကြောင့် လူအများစုက နှစ်သက်လေ့ မရှိကြပါဘူး။ အခုဖော်ပြပေးမယ့် ရုပ်ရှင်တွေကတော့ Psychological ရုပ်ရှင်ဇာတ်ကားတွေ အများကြီးထဲကမှ ပရိသတ် အကြိုက်တွေ့ခဲ့ကြတဲ့အပြင် သို့လော သို့လော မေးခွန်တွေနဲ့ ကျန်ခဲ့ကြရတဲ့ ရုပ်ရှင် ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်။
(၁) We Need To Talk About Kevin
ပုဂ္ဂိုလ်ရေးနဲ့ အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်တွေကို ဘေးဖယ်ထားပြီး ကလေးတယောက်ကို ကျွေးမွေးပြုစု ပျိုးထောင်ဖို့ ရွေးချယ်လိုက်တဲ့ မိခင်တယောက်အကြောင်းကို လှလှပပရိုက်ကူးထားတဲ့ ဇာတ်ကားတကားပဲ ဖြစ်ပါတယ်။ မိခင်ဖြစ်သူ Eva အဖြစ် Tilda Swinton က သရုပ်ဆောင်ထားပြီး သားဖြစ်သူ Kevinအဖြစ် Flash မင်းသား Ezra Miller တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
(၂) Side Effects
ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းတပုဒ်ပဲဖြစ်ပြီး ဆေးဝါး တစုံတခုကို ညွှန်ကြားချက် မပါဘဲ ဆက်လက် သောက်သုံးနေခြင်းဟာ လူ့စိတ်ကို ကြောက်စရာ အခြေအနေအထိ ဆွဲခေါ်သွားနိုင်ကြောင်း ပြသထားပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်တွေထဲကနေ ကွဲထွက်နေပြီး Dear John မင်းသား Channing Tatum, Rooney Mara နဲ့ Jude Law စတဲ့ နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
(၃) Stoker
ဒါရိုက်တာ Park Chan-wook ဟာ လူတွေရဲ့အတွင်းစိတ်ထဲက ရူးသွပ်မှုတွေကို လှလှပပ ရိုက်ကူးဖို့ အမြဲစေ့စပ် သေချာနေတတ်တဲ့ ဒါရိုက်တာတယောက်လည်း ဖြစ်ပါတယ်။ Psychological Thriller အမျိုးအစားဖြစ်တဲ့ အခုရုပ်ရှင်ဟာဆိုရင် ပြသချိန်ရဲ့နောက်ဆုံးစက္ကန့်အထိ ဆွဲခေါ်သွားနိုင်စွမ်းရှိပြီး လူတွေရဲ့အတွင်းစိတ်ကို ပြန်လည် စဉ်းစားမိစေပါတယ်။ မင်းသမီးကြီး Nicole Kidman, Mia Wasikowska တို့က ဒီဇာတ်ကားကို ဘယ်လို အသက်သွင်းထားကြမလဲဆိုတာ ကြည့်ရှုကြရမှာပါ။
(၄) The Black Balloon
၂၀၀၈ ခုနှစ်ရဲ့ Berlin ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး ဆုကို ရရှိခဲ့တဲ့ ရုပ်ရှင်ကားတကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို အချစ်၊ မိသားစု၊ ကိုယ်ပိုင်တာဝန် စတာတွေနဲ့ လှလှပပ ဖော်ကြူးထားပြီး အပြည့်စုံဆုံးတွေ ရောထွေးပြသထားတဲ့ ရုပ်ရှင်ကားတကားလည်း ဖြစ်ပါတယ်။
Ref : brightside.me
The post မေးခွန်းပေါင်းများစွာ ကျန်နေစေမယ့် Psychological ရုပ်ရှင် ဇာတ်ကားကောင်းများ appeared first on ဧရာဝတီ.