Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အကယ်ဒမီပေးပွဲကို သမီးနဲ့ ဖက်ရှင်ဆင်တူ ဝတ်ပြီးတက်မယ့် ခိုင်သင်းကြည်

$
0
0

သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ သမီးလေး စံထိပ်ထားဦးတို့ သားအမိနှစ်ယောက်ကို ပရိသတ်တွေ ချစ်ကြသလို သူတို့ သားမိနှစ်ယောက်ရဲ့ ဆင်တူဖက်ရှင်တွေကိုလည်း ပရိသတ်က သဘောကျကြပါတယ်။ သားအမိနှစ်ယောက်ရဲ့ ဖက်ရှင်လေးတွေ ဆင်တူ ဝတ်ဖြစ်ကြောင်းနဲ့ ၂၀၁၈ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာလည်း ဖက်ရှင်ပုံစံ ဆင်တူတာလေး ဝတ်ဖြစ်မယ်လို့ ခိုင်သင်းကြည်က ဆိုပါတယ်။

“အရင်တုန်းကကျတော့ ကလေးက အရမ်းငယ်သေးတယ်လေ။ ငယ်ငယ်တုန်းကတော့ ကလေးကို ပြောကြတာ မခံချင်တော့ စိတ်ညစ်ပြီး မဝတ်တော့ဘူး။ ဒါပေမဲ့လည်း သားအမိတွေဆိုတော့ မဝတ်ဘဲတော့လည်း မနေနိုင်ဘူးပေါ့နော်။ အခုဆို သမီးလေးကလည်း ပြင်တတ်ဆင်တတ်လာပြီဆိုတော့ အတူတူဝတ်ဖြစ်သွားတယ်။ သူ့အဖေ စက်ရုံကနေလည်း အမျိုးသမီး ဝတ်လေးတွေ ထုတ်တော့ အဲဒါလေးတွေကို သားမိနှစ်ယောက် ဆင်တူ ဝတ်ဖြစ်တယ်”လို့ ခိုင်သင်းကြည်က ပြောပါတယ်။

“အကယ်ဒမီ ပေးပွဲမှာလည်း ဖက်ရှင်ပုံစံ ဆင်တူတာလေး ဝတ်ဖြစ်မလား၊ နည်းနည်းလေးတော့ ကွဲမလား မသိဘူး။ အကယ်ဒမီ ပွဲတက်ဖက်ရှင်ကတော့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်ကို အပ်ထားပါတယ်။ သူတို့ပေးတဲ့ ပုံစံလေးတွေ ဝတ်မယ်။ သမီးကိုတော့ လူငယ်ဆန်ဆန် ဝတ်စေချင်တယ်။ အစ်မကတော့ လူကြီးဆန်ဆန်ပဲ ဝတ်ဖြစ်မယ် ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အစ်မတို့ကျတော့ လူကြီးဆန်ဆန် ဗမာပုံစံမျိုးတက်ရမယ်။ ကလေးကျတော့ အနုပညာရှင်ကြီး သီးသန့်လည်း မဟုတ်သေးတော့ ပေါ့ပေါ့ပါးပါးဝတ်ဖြစ်မယ်ပေါ့နော်”လို့ ခိုင်သင်းကြည်က ပြောပါတယ်။

ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကို ပရိသတ်တွေက ချစ်ခင်အားပေးလာကြတာပေမယ့် အနုပညာကို မလုပ်စေချင်ဘူးလို့ ခိုင်သင်းကြည်က ဆိုပါတယ်။

“ကိုယ်ကတော့ မလုပ်စေချင်သေးဘူး။ ဒါပေမဲ့ ဘာမှတော့ မပြောပြတတ်သေးဘူး။ ကိုယ်တောင်မှ အဖေတားတဲ့ ကြားက ဖြစ်လာသေးတာပဲ။ အဲဒီတော့ သူကလည်း ဝါသနာတော့ ပါတယ်။ သမီးရဲ့ သဘောထားကို မေးကြည့်လိုက်ဦးမယ်။ သမီးက အခုနောက်ပိုင်း Tik Tok မဆော့ဖြစ်ဘူး။ စာတွေလည်း လုပ်တာတွေနည်းနေလို့ ဆူထားလို့ မဆော့ဖြစ်ဘူး။ ကျူရှင်တွေရော ကျောင်းတွေရောနဲ့မို့ လျှော့ခိုင်းထားတာပါ”လို့ ခိုင်သင်းကြည်က ပြောပါတယ်။

ခိုင်သင်းကြည်ဟာ အနုပညာသက်တမ်း နှစ် ၂၀ ကျော်လို့ နှစ် ၃၀ ကို aရာက်ရှိတော့မှာပါ။ သူမရဲ့ အနုပညာမှတ်တိုင် တခုအနေနဲ့ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို “စုန်းပြူး’’ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့ပါတယ်။

နောက်ထပ်လည်း ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို “ကောင်းကျိုးကိုယ်၌ တည်စေမင်း”vရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် ထပ်မံ ရရှိခဲ့ပါတယ်။ သူမဟာ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေ ဆောင်ရွက်ခဲ့သူပါ။

The post အကယ်ဒမီပေးပွဲကို သမီးနဲ့ ဖက်ရှင်ဆင်တူ ဝတ်ပြီးတက်မယ့် ခိုင်သင်းကြည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...