Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဥပါယ်တံမျဉ်” ကားကို အကယ်ဒမီဆု တဆုတော့ ရစေချင်တဲ့ သရုပ်ဆောင် သက်မွန်မြင့်

$
0
0

သရုပ်ဆောင် သက်မွန်မြင့်က ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုချီးမြှင့်သွားမယ့် ဆန်ခါတင် ၂၅ ကားထဲမှာ သူပါဝင်ထားတဲ့ “ဥပါယ်တံမျဉ်’’ ရုပ်ရှင်ကားကြီးအတွက် ဆုတခုလောက်တော့ ချိတ်စေချင်တယ်လို့ မီဒီယာတွေကိုပြောပါတယ်။

“ဒီနှစ်က ဇာတ်ကားကောင်းတွေ အရသာရှိရှိနဲ့ ပရိသတ်တွေကြည့်ရပြီး၊ ပရိသတ် အရမ်းသဘောကျပြီး အားပေးထားတဲ့ ကားတွေ အများကြီးပေါ့။ ဒီနှစ်တော့ တော်တော်ရင်ခုန်စရာကောင်းပါတယ်။ ကိုယ့်ရဲ့ အနုပညာမောင်နှမတွေ အတွက်ကိုတော့ ရင်ခုန်ရတယ်။ ဒီနှစ်က ဇာတ်ကားကောင်းတွေလည်း အများကြီးထွက်တယ်။ သရုပ်ဆောင်တွေကလည်း သူတို့ရဲ့ ကာရိုက်တာကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခွင့်ရတယ်၊ သရုပ်ဆောင်နိုင်ကြတယ်ဆိုတော့လေ”

“ အကဲဖြတ်ဒိုင်တွေလည်း ဘယ်ဟာကို သူတို့ရွေးချယ်မလဲ ရင်ခုန်စရာကြီးနဲ့ ရင်မောစရာပါ။ ကိုယ့်အတွက်တော့ သိပ်မမျှော်ပါဘူး။ “ဥပါယ်တံမျဉ်’’ရုပ်ရှင်ကားကြီးအတွက် ဆုတခုလောက်တော့ ချိတ်စေချင်တယ်။ အောင်မြင်မှုတွေ အများကြီးနဲ့ ပရိသတ်အားပေးမှုရခဲ့တဲ့ကား။ သက်မွန်ကျတော့လည်း အဲဒီကားထဲမှာ ကိုယ်မလုပ်ဖူးသေးတဲ့ ကာရိုက်တာဆိုပေမယ့် အရမ်း Strong မဖြစ်ဘူး။ ကိုယ်လည်း အိုက်တင်တွေက ထူးထူးခြားခြားကြီး ပြောင်းသွားတာမျိုး မရှိဘူးလို့ ခံစားရတယ်။ ကိုယ့်အတွက်တော့ သိပ်မမျှော်ပါဘူး”လို့ သက်မွန်မြင့်က ပြောပါတယ်။

“ဥပါယ်တံမျဉ်’’ရုပ်ရှင်ကားကြီးက အကယ်ဒမီရတာ မရတာထက် ဒီဇာတ်ကားက မြန်မာရုပ်ရှင်လောကအတွက် ပြောင်းလဲမှုတခုတော့ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

“အကယ်ဒမီရတာ မရတာထက် ဒီဇာတ်ကားက လမ်းတခုကို ချိုးပေးလိုက်နိုင်တယ်လို့ သက်မွန်ယူဆတယ်။ အဲဒီအနောက်မှ ထွက်လာတဲ့ ကားတွေလည်း အပြိုင်အဆိုင် အရမ်းကိုကောင်းလာကြတာဆိုတော့ ဘာပဲဖြစ်ဖြစ် ခေတ်တခေတ်ကို ရောက်သွားတဲ့ ကားတကားလို့ ပြောလို့ရတယ်”

“ ရုပ်ရှင်လောကတခုကို ပရိသတ်ရင်ထဲ ထည့်ပေးလိုက်တဲ့ ကားဆိုတော့ အကယ်ဒမီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ။ သူ့ရဲ့ အောင်မြင်မှုက ခေတ်တခေတ်ကို ထူထောင်နိုင်ပြီးပြီဆိုတော့ သက်မွန်အနေနဲ့ကတော့ ကျေနပ်တယ်’’ လို့ သက်မွန်မြင့်က ပြောပါတယ်။

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တဦးဖြစ်ပြီး “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထား သလို “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တယောက်ဖြစ်ပါတယ်။

The post “ဥပါယ်တံမျဉ်” ကားကို အကယ်ဒမီဆု တဆုတော့ ရစေချင်တဲ့ သရုပ်ဆောင် သက်မွန်မြင့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...