Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဆရာဖြစ်သူ ဒါရိုက်တာဝိုင်းကို အကယ်ဒမီ ရစေချင်တဲ့ အလင်းရောင်

$
0
0

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ဆန်ခါတင် ဇာတ်ကားစာရင်းမှာ ဇာတ်ကား ၅ ကား ပါဝင်နေတဲ့ သရုပ်ဆောင် အလင်းရောင်က ပရိသတ်တွေက အကယ်ဒမီ မှန်းပေးကြလို့ အတိုင်းမသိ ဝမ်းသာရပေမယ့် အသစ်တယောက်အနေနဲ့ အကယ်ဒမီ မမှန်းရဲသေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“အကယ်ဒမီနဲ့ ပတ်သက်ပြီး ရင်ခုန်မှုကတော့ သိပ်မရှိပါဘူး။ ဇာတ်ကား၂၅ ကား မှာ ၅ ကားက အကယ်ဒမီစာရင်း ဝင်တယ်။ အဲ့ ၅ ကားလုံးကိုလည်း အကောင်းဆုံ းကြိုးစာထားတယ်။ ဒီနှစ်က ကားကောင်းတွေလည်း အရမ်းများတယ်။ အကုန်လုံးကလည်း သရုပ်ဆောင်တော်ကြတယ်။ အကုန်လုံးကလည်းကြိုးစားကြတယ်။ ကျနော် လုပ်ကွက်တွေ ကောင်းကောင်း ရတာကတော့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ဇာတ်ကားတို့ “သတို့သမီး” ဇာတ်ကားတို့ပါ”လို့ အလင်းရောင်က ပြောပါတယ်။

“ကျနော့်ကို ပရိသတ်တွေက အကယ်ဒမီ မှန်းပေးကြလို့ အတိုင်းမသိ ဝမ်းသာရပါတယ်။ အကယ်ဒမီတော့ အသစ်တယောက်အနေနဲ့ မမှန်းရဲသေးပါဘူး။ ကျနော့်လို မျက်နှာသစ် သရုပ်ဆောင် တယောက်ကို ပရိသတ်တွေ အားပေးတာနဲ့တင် တော်တော် ကျေနပ်နေပါပြီ၊ ကျနော် အကယ်ဒမီပေးပွဲ တက်မှာပါ။ အခု အောင်ပန်းနဲ့ ကလောမြို့ကို ရောက်နေတယ်။ အဲ့ကနေ ပြန်လာပြီး တက်မှာပါ”လို့ အလင်းရောင်က ဆိုပါတယ်။

သရုပ်ဆောင် အလင်းရောင်က ဒါရိုက်တာ ဝိုင်း ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးခြင်းကို ခံနေရတဲ့ သရုပ်ဆောင်တဦးဖြစ်သလို ဒီလိုဇာတ်ကားတွေ ရိုက်ကူးတဲ့ ဆရာဖြစ်သူ ဒါရိုက်တာ ဝိုင်းကိုလည်း အကယ်ဒမီရစေချင်တယ်လို့ ဆိုပါတယ်။

“ကိုဝိုင်းက လက်ဦးဆရာပါပဲ။ ကျနော် သရုပ်ဆောင်စလုပ်ကတည်းက သင်တန်းတွေလည်း မတက်ခဲ့ရဘူး။ သရုပ်ဆောင်ကို သင်ယူတာတွေ ဘာတွေ မရှိခဲ့ဘူး။ ကိုဝိုင်းနဲ့ တွေ့တော့မှ သရုပ်ဆောင်မှု အပိုင်းကို အသေးစိတ် သင်ရတယ်။ ကိုဝိုင်းက ကားတိုင်းမှာ သင်ကြားပြသပေးလို့ အခုလို စာရင်းဝင်တာလို့ ထင်ပါတယ်။ ကိုဝိုင်းက အလုပ်ပေါ်မှာ သစ္စာရှိတယ်။ အရမ်းကြိုးစားတဲ့ သူတယောက်ပါ”

“ကိုဝိုင်းက မလုပ်ဘူးဆိုလည်း လုံးဝ မလုပ်ဘူး။ လုပ်ရင်လည်း အကောင်းဆုံး လုပ်တတ်တဲ့ သူပါ။ ဒီနှစ် ကိုဝိုင်းကားတွေလည်း ပါတော့ ကိုယ့်ဆရာသမားဖြစ်တဲ့ ကိုဝိုင်းကိုလည်း အကယ်ဒမီ ရစေချင်တယ်။ ကိုဝိုင်းနဲ့ ဒီနှစ်ထဲမှာတော့ ‘ပပဝတီ စီရင်ခန်း’ ရိုက်ပြီးပြီ။ နောက် ၂ ကား ကျန်တယ်။ ဒီနှစ်ထဲမှာတော့ ဇာတ်ကားကြီး ၃ ကား ရိုက်ဖို့ ရှိတယ်”လို့ အလင်းရောင်က ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ဇာတ်ကားစာရင်းမှာ အလင်းရောင် ပါဝင်ထားတဲ့ ဇာတ်ကားများကတော့ “ကာဗွန်ဒိုင်အောက်ဆိုဒ်”၊ “ရွှေကြာ”၊ “သမ္မကြီးထံပေးစာ”၊ “သတို့သမီး”၊ “နောင်တွင်ဥဒါန်း တွင်စေသတည်း” တို့ ဖြစ်ပါတယ်။

The post ဆရာဖြစ်သူ ဒါရိုက်တာဝိုင်းကို အကယ်ဒမီ ရစေချင်တဲ့ အလင်းရောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လာဘ်ပေး ရန်မလို


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


ဆီးချိုကျ ဆေးနည်းတွေထဲက အလွယ်ဆုံးနဲ. ထိရောက်တဲ့နည်း မျှဝေလိုက်ပြီ


♪ ဂစ်တာတီးခတ်နည်းစာအုပ်များစုစည်းမှု (မြန်မာလိုစာအုပ်များ) ♫


မြန်မာမာရီယိုဂိမ်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု