Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Star Awards ဆုအတွက် ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲ မင်းသား ကျော်ထက်ဇော်

$
0
0

၂၀၁၈ အကယ်ဒမီ ဆုပေးပွဲအပြီး Star Awards က ပေးအပ်မယ့် ဆု ဇာတ်လမ်းတွဲ ဇာတ်ကားစာရင်းမှာ MRTV- 4 ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်သစ် ကျော်ထက်ဇော်လည်း ရေပန်းစားနေပါတယ်။ ကျော်ထက်ဇော်က “မိုးကောင်ကင် အိပ်မက်” ဇာတ်လမ်းတွဲမှာ ပါဝင်ထားပြီး လူကြိုက်များတဲ့ သရုပ်ဆောင်တဦးလည်း ဖြစ်နေပါတယ်။

“Star Awards ဆုရခဲ့ရင်တော့ အရမ်းဝမ်းသာမိမှာပါ။ ကျနော်တို့တွေ အနေနဲ့ သရုပ်ဆောင်တွေကို အသိအမှတ်ပြုတဲ့ အနေအထား တခုမှာ အကယ်ဒမီဆိုတာပဲ ရှိတာလေ။ ကျနော်တို့လို အခုမှခြေလှမ်း စကြိုးစားတဲ့ သူတွေအတွက်ကျတော့ အခုလို Star Awards ရောက်လာတာ အရမ်းကောင်းတယ်။ Star Awards ရောက်လာတာ အသိအမှတ်ပြုပေးမယ့် အရာတခု ရောက်လာတော့ ပိုကြိုးစားချင်စိတ်ဖြစ်လာကြတာပေါ့”လို့ ကျော်ထက်ဇော်က ပြောပါတယ်။

“ရုပ်ရှင်ကားကြီး ရိုက်မှသာ အကယ်ဒမီဆိုတာ ရတာ။ ဒါတောင်ကံတွေ စန်းတွေ တော်တော်ကြိုးစားမှ ရတာ။ အခုလို Star Awards ပေးတော့ ကျနော်တို့ အရမ်းမျှော်လင့်ချက် လေးဖြစ်လာတာပေါ့။ ကိုယ်ကြိုးစားထားတာ အရာတခု ဖြစ်လာတော့ ပိုပြီးတော့ ပျော်တယ်။ Star Awards မရှိတုန်းကလည်း ကြိုးစားတယ်။ အခုက ပိုကြိုးစားဖို့ အသိအမှတ်ပြုတဲ့ အရာတခု ပိုလာတော့ ပိုပျော်တာပေါ့”လို့ ကျော်ထက်ဇော်က ဆိုပါတယ်။

“၂၀၁၈ အတွက် ပေးမှာဆိုတော့ “မိုးကောင်းကင် အိပ်မက်” ပါတယ်။ ဒီလို ဆုပေးမယ်ဆိုတာ မသိခင်ကတည်းက ကြိုးစားထားတာဆိုတော့ ဆုရရင်တော့ အရမ်းပျော်မှာပါ”လို့ ကျော်ထက်ဇော်က ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင် ကျော်ထက်ဇော် (ဓာတ်ပုံ – Kyaw Htet Zaw’s Facebook)

Star Awards ဆု ရဖို့ ပရိသတ်တွေကလည်း ရစေချင်ကြပေမယ့် ဆုနဲ့ ပတ်သက်လို့ မျှော်လင့်ချက် သိပ်မထားဘူးလို့ ဆိုပါတယ်။

“ပရိသတ်တွေက သူတို့ ချစ်တို့ချစ်တဲ့ အနုပညာရှင်ကို ရစေချင်ကြတာပေါ့။ ဒါပေမဲ့ ဆုဆိုတာက မျှော်လင့်ချက် အရမ်းထားလို့ မရဘူးပေါ့။ ကိုယ်ကြိုးစားမယ့် အပိုင်းကို ကြိုးစားခဲ့ပြီးပြီ။ ပရိသတ်တွေ ရစေချင်သလို ရခဲ့ရင်တော့ ပျော်စရာပေါ့။ ကျနော် ပရိသတ်တွေလည်း ကျနော်ထက်တောင် သူတို့က ရင်ခုန်နေကြတယ်။ ကျနော်တို့ကတော့ နောက်မှာလည်း ဇာတ်လမ်းတွဲတွေ ရှိနေတော့ အဲ့လောက် ရင်မခုန်ဘူး”

“အများကြီးတော့ မမျှော်လင့်ဘူး။ ပရိသတ်တွေလည်း အရမ်းကြီးတော့ မမျှော်လင့်ပါနဲ့ လို့ပြောချင်တယ်။ အားပေးပြီးချစ်တဲ့ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ဇာတ်လမ်းတွဲမှာ ဘယ်သူပဲရရ ကျနော်တို့က မိခင်ဌာနတခုတည်းက ထွက်တဲ့သူတွေချည်းပဲ ဆိုတော့ ဘယ်သူပဲရရ ပျော်ရမှာပါ”လို့ ကျော်ထက်ဇော်က ပြောပါတယ်။

ကျော်ထက်ဇော်ဟာ MRTV-4 ပြသခဲ့တဲ့ “မိုးကောင်းကင် အိပ်မက်”ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ကားမှာတော့ ထက်ထက်မိုးဦး၊ ပိုးကြာဖြူခင်တို့နဲ့ အခြား အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

The post Star Awards ဆုအတွက် ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲ မင်းသား ကျော်ထက်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ