Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မြန်မာ့ရိုးရာပွဲတော်တွေထဲမှာ သင်္ကြန်ကိုအကြိုက်ဆုံးပဲ”

$
0
0

တေးသီချင်းများကို အသံချိုချိုအေးအေးနဲ့ သီဆိုခဲ့ပြီး ယနေ့ထိတိုင် ပျံ့လွှင့်နေဆဲဖြစ်တဲ့ တေးသီချင်းများကို သီဆိုခဲ့သူ တေးသံရှင်ရင်ဂိုကတော့ မြန်မာ့ရိုးရာပွဲတော်များထဲတွင် သင်္ကြန်ကိုအကြိုက်ဆုံးပဲလို့ ပြောပါတယ်။

“မြန်မာ့ရိုးရာသင်္ကြန်ကို ပွဲတော်တွေထဲမှာ အကြိုက်ဆုံးပဲ။ ရေစင်ဖြန်းပြီးတော့ သန့်စင်တဲ့သဘော သက်ရောက် တာပေါ့။ တခြားပွဲတွေထက်စာရင် သင်္ကြန်ကိုပျော်လည်း ပျော်တယ်။ အမြဲတမ်းလည်းပါဝင်ချင်တယ်။ သြင်္ကန်နဲ့ ပတ်သက်ရင်တော့ ငယ်ငယ်တုန်းက သင်္ကြန်ဆိုတာနဲ့ ၁လလောက်သင်္ကြန်ကြိုကျနေတာ။ ကလေးဆိုတော့ ပျော်တာပေါ့”

“ နည်းနည်းလေးအရွယ်ရောက်တော့ လျှောက်လည်ချင်တယ်ပေါ့။ ဒါပေမယ့်လည်း သီချင်းဆိုရမယ့် တီးမယ့်အချိန်ကျလာတော့ သီချင်းတွေဆိုရင်းနဲ့ပဲ ဖြတ်သန်းလာခဲ့ရတာ ဒီနေ့ထိပါပဲ” လို့ အဆိုတော်ရင်ဂိုက ပြောပါတယ်။

သြင်္ကန်မှာဆိုရင်လည်း ယခင်က အဆိုတော်ကြီးများရဲ့ ရိုးရာသင်္ကြန်သီချင်းများကို ပြန်လည်သီဆိုခဲ့တာမျိုးရှိသလို Rock & Roll သင်္ကြန်သီချင်းများကိုလည်း သီဆိုရတာနှစ်သက်တယ်လို့ ဆိုပါတယ်။

“သီချင်းဆိုတာကတော့ ၂မျိုးဆိုတာပေါ့။ အင်ပါယာနဲ့ဆိုရင်တော့ Rock & Roll သီချင်းတွေပေါ့။ မြန်မာရိုးရာ သီချင်းတွေလည်းဆိုခဲ့တယ်။ ရိုးရာသီချင်းကိုလည်း နှစ်သက်ပါတယ်။ ကိုယ့်လူမျိုးရဲ့ သီချင်းဆိုတော့လေ။ ရိုးရာသင်္ကြန်သီချင်းက အသစ်သိပ်မထွက်ဘူး။ ကြိုးစားပြီးရေးရင် ရိုးရာသင်္ကြန်သီချင်းလည်း ထွက်လာစရာအကြောင်းရှိပါတယ်”

“ Rock & Roll သင်္ကြန်သီချင်းဆိုလည်း ကျနော်တို့သာအဟောင်းတွေဆိုတာ ဝေလတို့ လင်းလင်းတို့က အသစ်တွေရေးပြီးဆိုကြတယ်။ တော်တော်ကောင်းတယ်။ အဲဒီလိုမျိုးကို ကြိုဆိုတယ်။ စိတ်လွတ်လက်လွတ်နဲ့ ဖန်တီးတဲ့သီချင်းတွေကိုပေါ့” လို့ ရင်ဂိုကပြောပါတယ်။

ယခုနှစ်အတွက် ပရိသတ်များနားဆင်စရာ သင်္ကြန်သီချင်းခွေအသစ်ဖြစ်တဲ့ “Summer Angel” ဆိုတဲ့အခွေကို အဆိုတော် ၆ယောက်ဖြင့် သီဆိုထွက်ရှိထားပါတယ်။

ရင်ဂိုရဲ့ ဒီနှစ်အတွက် သင်္ကြန်အစီအစဉ်ကတော့ “အင်ယားလမ်းက လမ်းလျှောက်သင်္ကြန်မဏ္ဍပ်မှာရှိမယ်။ ဝန်ကြီးချုပ်မဏ္ဍပ်မှာပေါ့။ သင်္ကြန်မှာတော့ မိုးလင်းတာနဲ့ ပြင်ဆင်ပြီးတော့ မဏ္ဍပ်ကိုရောက်အောင်သွားရမှာပဲ။ ဒါပေမယ့် ကျနော်တို့ မဏ္ဍပ်ရှေ့ရောက်တဲ့သူတွေကိုတော့ အပြတ်ဖျော်ဖြေမှာပေါ့။ ဒီနှစ်မှာတော့ စဉ်းစားထားတယ်။ ကိုယ်ပိုင်သီချင်းတွေလည်းဆိုမယ်။ Rock & Roll သင်္ကြန်သီချင်းတွေလည်းဆိုမယ်။ အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်ကြပါစေလို့ဆုတောင်းတယ်။ ဟိုလိုဒီလိုတွေမကြားချင်ဘူး”လို့ ပြောပါတယ်။

The post “မြန်မာ့ရိုးရာပွဲတော်တွေထဲမှာ သင်္ကြန်ကိုအကြိုက်ဆုံးပဲ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ