Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အကယ်ဒမီကို အားလုံးထိုက်တန်လို့ ရကြတယ်”လို့ မှတ်ယူတဲ့ ကျော်ကျော်ဗို

$
0
0

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားနဲ့ “အကောင်းဆုံ းအမျိုးသား ဇာတ်ပို့ဆု” ရရှိခဲ့တဲ့ ကျော်ကျော်ဗိုကတော့ ယခုနှစ် အကယ်ဒမီ ရရှိသူများမှာ အားလုံးထိုက်တန်လို့ ရကြတယ်လို့ မှတ်ယူကြောင်း ဆိုပါတယ်။

“အနုပညာလောကက လက်တဆုပ်စာပဲ ရှိပါတယ်။ ဒီလူတွေပါပဲ အားလုံးကတော့။ အားလုံးအတွက် ဝမ်းသာပေးသလို ဝမ်းနည်းမှုကလည်း တပြိုင်တည်း ခံစားရပါတယ်။ တယောက်မရလို့ ဝမ်းနည်းသလို ဒီ့အပြင် သူငယ်ချင်းရလို့လည်း ဝမ်းသာရပါတယ်။ ကြိုးစားခဲ့တာတွေကတော့ ကိုယ်စွမ်းရှိသလောက် ကြိုးစားခဲ့တာဆိုတော့ အားလုံးထိုက်တန်လို့ ရကြတယ်လို့ မှတ်ယူပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

ကျော်ကျော်ဗို အကယ်ဒမီ ရရှိခဲ့တဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားမှာတော့ ဇာတ်ဆောင်ဆုအတွက် နေတိုးကို ထင်ကြေးပေးကြသော်လည်း လွဲချော်သွားခဲ့ပြီး သူထူးစံက “မှော်ဝင်သမန်းကျား” ရုပ်ရှင်နဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။

“နေတိုးကို သူကြိုးစားထားမှု အသိအမှတ်ပြု မခံရလို့ စိတ်မကောင်းဖြစ်သလို ရသွားတဲ့ သူထူးစံအတွက်လည်း သူယ်ချင်းတွေဆိုတော့ ဝမ်းသာရမှာပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ လောကကြီးက ကျဉ်းကျဉ်းလေးပါ။ အနုပညာလောကမှာက အကုန်လုံးက မောင်နှမတွေဆိုတော့ တယောက်အတွက် ဝမ်းသာရသလို တယောက်အတွက် ဝမ်းနည်းရမှာက တပြိုင်တည်း ဖြစ်နေမှာပါ”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

ကျော်ကျော်ဗိုကတော့ သူဖြတ်သန်းလာတဲ့ အနုပညာသက်တမ်း တလျှောက်မှာ ပထမဆုံး ရရှိတဲ့ အကယ်ဒမီဖြစ်ပြီး ဆုရတဲ့ အချိန်မှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူ မင်းသားကြီး ဦးဝင်းဗိုလ်ကို သတိရမိတယ်လို့ ဆိုပါတယ်။

“ဆုကို ရပြီးချင်းမှာတော့ ပထမဆုံး ဖေဖေ့ကို ရည်စူးပါတယ်။ ဖေဖေက ကျနော် ဗီဒီယိုကားတွေ ရိုက်နေကတည်းက အကယ်ဒမီနဲ့ ကျနော့်ကို မြင်စေချင်တာ။ အခုလည်း သူမြင်နေမယ်လို့ ထင်ပါတယ်။ ကျနော် ဖန်တီးနေတဲ့ ကျနော်လုပ်နေတဲ့ အနုပညာကတော့ အကယ်ဒမီရမှ မဟုတ်ပါဘူး။ ကျနော့်ရဲ့ ဖန်တီးမှု စွမ်းအားရှိသလောက် သွားနေဦးမှာပါပဲ”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

ကျော်ကျော်ဗိုကတော့ သူရရှိခဲ့တဲ့ အကယ်ဒမီကတော့ အပြင်ဇာတ်ရုပ်ဖြစ်တဲ့ ကျော်ကျော်ဗို ရရှိတာ မဟုတ်ဘဲ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားထဲမှ ကာရိုက်တာဖြစ်တဲ့ “ဖိုးအောင်” ဆိုတဲ့လူက ရရှိခဲ့တာဖြစ်တယ်လို့ ကျေးဇူးတင်စကားပြောကြားရာမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

The post “အကယ်ဒမီကို အားလုံးထိုက်တန်လို့ ရကြတယ်”လို့ မှတ်ယူတဲ့ ကျော်ကျော်ဗို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343