Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဗီလိန် ကာရိုက်တာ ရိုက်ဖို့ ကြောက်သွားပြီ”လို့ ပြောတဲ့ သံသာမိုးသိမ့် (ခ) မိန်းမချော

$
0
0

MRTV- 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေတဲ့ “ကျွန်မက မဟေသီ” ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေကြားမှာ တော်တော်လေး နာမည်ကြီးနေပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင် သံသာမိုးသိမ့်က “မိန်းမချော”ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားမှာ သံသာမိုးသိမ့် သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်နေရာကတော့ ဗီလိန် နေရာပါ။ ဗီလိန်နေရာကနေ အကောင်းဆုံး ပီပြင်အောင် သရုပ်ဆောင်ပြနိုင်တဲ့အတွက် သံသာမိုးသိမ့် တယောက် “မိန်းမချော” ဆိုတဲ့ ကာရိုက်တာမှာ ပရိသတ်ရဲ့ မုန်းခြင်းကို ခံနေရပါတယ်။ သံသာမိုးသိမ့်က ဒီလို ဗီလိန်ဇာတ်ရုပ်ကို ရိုက်ကူးဖို့အတွက် သူ့အနေနဲ့ ချင့်ချိန်ခဲ့ရကြောင်း ဧရာဝတီကို ပြောပါတယ်။

“ညီမ ဒီကာရိုက်တာက တခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာပေါ့။ ညီမက အမြဲ အလှုပ်ဇာတ်လေးတွေပဲ ရိုက်လာတာ။ ဗီလိန် ကာရိုက်တာ တခါမှ မလုပ်ဖူးဘူး။ ဒီကာရိုက်တာလေး ရိုက်ဖို့ ဖြစ်လာတော့ အရမ်း ချင့်ချိန်ရတယ်။ ငါလုပ်လို့ ဖြစ်ပါ့မလားဆိုတဲ့ အခက်အခဲလေးတွေလည်း ရှိခဲ့ပါတယ်။ ပရိသတ်တွေ မုန်းမှာတော့ စိုးရိမ်တယ်။ အဲ့ကားပြမယ့် အချိန်မှာလည်း ပရိသတ်တွေ မုန်းမှာ စိုးခဲ့တယ်”လို့ သံသာမိုးသိမ့်က ဧရာဝတီကို ပြောပါတယ်။

“ဒါပေမဲ့ ပရိသတ်က ၁၀၀ မှာ ၁၀ ယောက်လောက် မုန်းတာပဲ ညီမ တွေ့ပါတယ်။ သူတို့တွေ Comment မှာလည်း လာလာပြောကြတယ်။ အပိုင်း ၈ လောက်အထိ ညီမ ခံစားရတယ်။ ဟယ် ဘာဖြစ်လို့လဲ ဒါရုပ်ရှင်လေ။ ဘာလို့ ပြောကြတာလဲပေါ့။ နောက်ပိုင်းတော့ သြော် ဒါကတော့ အနုပညာရှင်ပဲပေါ့ ပြောခံရမှာပဲ။ ညီမ တခါမှ အဲ့လို အပြော မခံရဖူးဘူးလေ။ နောက်ကျတော့ Comment တွေ ဖတ်ရင်းနဲ့ ဟာသတွေ ဖြစ်နေတယ်”

“နောက်အပြင်မှာ တွေ့တော့ ပရိသတ်က အဲ့လို မဟုတ်တော့ဘူး။ ပရိသတ်က တကယ် ချစ်တာ။ ပြောတဲ့ ပရိသတ်ကလည်း လူနည်းစုလောက်ပဲ ပြောတာ။ တကယ့် ပရိသတ်အစစ်က ကြိုက်တဲ့ နေရာ၊ ဘယ်နေရာကို သွားသွား၊ ပရိသတ်တွေက အရမ်းချစ်ကြတယ်”လို့ သံသာမိုးသိမ့်က ပြောပါတယ်။

အဆိုပါ “မိန်းမချော” ဆိုတဲ့ ဗီလိန် ကာရိုက်တာက သံသာမိုးသိမ့်အတွက် စိန်ခေါ်မှုတွေ ရှိခဲ့သလို ဒီကာရိုက်တာကြောင့်လည်း စိတ်အရမ်း ထားတတ်သွားတယ်လို့ ဆိုပါတယ်။

“ဒီကာရိုက်တာက ညီမ အတွက် စိန်ခေါ်မှုတွေ ဖြစ်တာပေါ့။ အဲ့ ကာရိုက်တာ ရိုက်ချိန်မှာ ညီမ အရမ်း မုန်းတယ်။ ဒီကာရိုက်တာကို ရိုက်နေတုန်းကလည်း မရိုက်ချင်တော့ဘူး။ ကာရိုက်တာက သူများ ယောကျာ်းကို ကြောင်တောင်နှိုက်တာလေ။ ဖြစ်ပါ့မလားနဲ့ လူကြီးတွေက အားပေးတယ်။ လုပ်စရာရှိတာကိုသာ လုပ်လို့ပြောတယ်။ မကောင်းမှသာ ပရိသတ်က ဗီလိန်လုပ်ပြီး မကောင်းဘူးဆိုပြီး ရယ်မှာ”

“ဗီလိန်လုပ်ပြီး ကောင်းရင် ပရိသတ် အားပေးမှု ရမယ်တဲ့ဆိုပြီး ပြောကြတာနဲ့ ရိုက်လိုက်တာပါ။ အရင်က ရိုက်ခဲ့တဲ့ မခိုင်နှင်းဝေလောက် မကောင်းဘူးဆိုပြီး ပြောကြတာတွေ ရှိတယ်။ အစ်မ ခိုင်နှင်းဝေရဲ့ အိုက်တင် တွေကိုလည်း ညီမက မမှီပါဘူး။ ညီမတို့က စီးရီးတွဲ ပြန်ရိုက်တော့ မခိုင်နှင်းဝေ အိုက်တင်ကို လိုက်တုပြီး ပြန်ရိုက်တာ မဟုတ်တော့ ညီမ တတ်သလောက်နဲ့ ကိုယ်ပိုင်ဟန်လေးနဲ့ ရိုက်တာပါ”လို့ သံသာမိုးသိမ့်က ဆိုပါတယ်။

ဆက်လက်ပြီး သံသာမိုးသိမ့်က နောက်ပိုင်းမှာ ဗီလိန် ကာရိုက်တာ ရိုက်ဖို့ ကြောက်သွားပြီလို့ ပြောပါတယ်။

“နောက်ပိုင်းမှာ ဗီလိန် ကာရိုက်တာ ရိုက်ဖို့ တော်တော် ကြောက်သွားပြီ။ ဒါပေမဲ့ ကိုယ့်အတွက် လုပ်ကွက်ရရင်တော့ ရိုက်မှာပေါ့။ တချို့ Comment တွေက ဆိုးတယ်။ မိန်းမချောတောင် မဟုတ်ဘဲ ကိုယ့်နာမည်ကိုတောင် ကျိန်စာ တိုက်နေကြတာ။ ဒီကာရိုက်တာကြောင့်လည်း စိတ်အရမ်းထားတတ်သွားတယ်။ အန်တီဝါဝါဝင်းရွှေလို မင်းသမီးကြီးက ချီးကျူးတော့ အရမ်းပျော်တယ်”လို့ သံသာမိုးသိမ့်က ပြောပါတယ်။

စာရေးဆရာမ သျှင်မရဲ့ နာမည်ကြီး ဝတ္ထုတပုဒ်ဖြစ်တဲ့ “ကျွန်မက မဟေသီ” ဝတ္ထုကို ဇာတ်လမ်းတွဲ အနေနဲ့ ဒါရိုက်တာ အိအိခိုင်က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေ အနေနဲ့ သရုပ်ဆောင် အောင်ရေချမ်း၊ သံသာမိုးသိမ့်၊ ဝင့်ယမုံနိုင်၊ ဇင်မျိုး၊ မေသဉ္ဇာဦး၊ ဇော်ဦးနဲ့ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

The post “ဗီလိန် ကာရိုက်တာ ရိုက်ဖို့ ကြောက်သွားပြီ”လို့ ပြောတဲ့ သံသာမိုးသိမ့် (ခ) မိန်းမချော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...