Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Hotel Mumbai”သရုပ်ဆောင်တွေ ပြန်ပြောပြတဲ့ ခက်ခဲကြမ်းတမ်းခဲ့တဲ့ ရိုက်ကွင်း

$
0
0

ဒါရိုက်တာ Anthony Maras ဟာ သူရိုက်ကူးခဲ့တဲ့ “Hotel Mumbai” ရုပ်ရှင်ရဲ့ သရုပ်ဆောင်တွေကို ရိုက်ကွင်းမှာ ကြီးမားတဲ့ စပီကာတွေကနေ သေနတ်ပစ်ခတ်သံတွေ လွှင့်ထုတ်ပြီး အချိန်တိုင်း သတိ အနေအထားဖြစ်အောင်၊ ထိတ်လန့်ကြောက်ရွံ့နေတဲ့ပုံ ရစေဖို့ ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ်မှာ အကြမ်းဖက်သမားတွေရဲ့ စီးနင်းတာကိုခံခဲ့ရတဲ့ Taj ဟိုတယ်မှ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေလိုမျိုး ဇာတ်ကောင်တွေကို ရရှိဖို့ သရုပ်ဆောင်တွေကို စိုးရိမ်ပူပန်မှု ရရှိစေဖို့အတွက် ဒါရိုက်တာက သတိပေးတာ မရှိဘဲ သေနတ်ပစ်ခတ်သံတွေကို ရုတ်တရက် ဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်ထဲက မင်းသား Dev Patel က အဲဒီလိုမျိုး လုပ်ဆောင်တာဟာ အကျိုးရှိတယ်လို့ ဆိုပါတယ်။

“အခုလိုမျိုး ရိုက်ကွင်းမှာ သေနတ်ပစ်ခတ်သံတွေကို အသံချဲ့စက်ကြီးတွေနဲ့ ဖွင့်ပါတယ်။ တကယ့်ကို သေနတ် ပစ်နေတဲ့ အတိုင်းပါပဲ။ တကယ့်ကို အဲဒီအဆောက်အဦထဲမှာ ငရဲကျနေသလိုပါပဲ။ အဓိပ္ပာယ်ကတော့ ကျနော်တို့ကို သတိအနေအထားနဲ့ ရှိနေစေချင်တာပါ။ ကျနော်တို့က လက်လွတ်စပယ်တွေ မနေမိတော့ဘူး ပေါ့။ အဲဒီမှာဖြစ်နေတဲ့ စိုးရိမ်ပူပန်မှုအနေအထားကို စဉ်းစားကြည့်နိုင်ပါတယ်”

“ဒါရိုက်တာ Anthony က ကျနော်တို့ရဲ့ လိုက်ဖက်မယ်လို့ထင်တဲ့ အဲဒီ ရိုက်ကွင်းတွေမှာ တကယ့်ကို စစ်မှန်တာမျိုးရှိအောင် လုပ်ထားတာပါ။ ကျနော် သရုပ်ဆောင်နေတဲ့အခါမှာ အဲဒီအချိန်ကို သရုပ်ဆောင်တယောက် အနေနဲ့ မဟုတ်ဘဲ စိုးရိမ်မှု အထူးလွန်ကဲနေတဲ့ သူတယောက်အနေနဲ့ ချဉ်းကပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့ရပါတယ်”လို့ မင်းသား Dev Patel က ပြောပါတယ်။

အဲဒီရုပ်ရှင်မှာ သူနဲ့အတူ တွဲပြီးသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Nazanin Boniadi ကလည်း ကြောက်ရွံ့ဖို့နဲ့ စိတ်သက်သောင့်သက်သာဖြစ်နေတယ် ဆိုတဲ့ပုံစံကနေ ရုန်းထွက်ဖို့ အရမ်း မကြိုးစားလိုက်ရဘူးလို့ ဆိုပါတယ်။ “ကျမတို့ရဲ့ ကိုယ့်ရဲ့အသက်ရှင်ဖို့အတွက် တိုက်ခိုက်ဖို့ အရမ်းကိုပေါ့ပါးတဲ့ မြင်ကွင်းကိုပေးထားခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရရော၊ ခံစားချက်ပိုင်းဆိုင်ရာ အရရော၊ စိတ်ပိုင်းဆိုင်ရာအရရောပေါ့”လို့ မင်းသမီးက ပြောပါတယ်။

ဆက်လက်ပြီး “အဲဒီလူတွေ တကယ်ကြုံခဲ့ရတဲ့ မချိမဆံ့ ခံစားမှုတွေနဲ့တော့ မဟုတ်ပေမယ့် ၂ ရက်လောက် အတွင်းမှာ ကျမကို မင်းသား Armie နဲ့အတူ သလင်းကျောက်ကြမ်းပြင်မှာ လက်ပြန်ကြိုးတုပ်၊ ဝမ်းလျားမှောက်ခိုင်းထားတာ ၂ ရက်လုံးလုံး မနက်ကနေ ညအထိပါပဲ။ တင်ပဆုံရိုးတွေ၊ ပုခုံးနဲ့ မေးရိုးတွေမှာ ဒဏ်ရာတွေနဲ့ ညတိုင်း အိမ်ပြန်ခဲ့ရတာပါ။ သြော် ငါဒီည အိမ်ပြန်ရတာ ကံကောင်းတာပါလားဆိုတဲ့ အတွေးနဲ့ အိမ်ပြန်ခဲ့ရတာပါ”လို့ မင်းသမီးက ဆိုပါတယ်။

Ref : etcanda

The post “Hotel Mumbai” သရုပ်ဆောင်တွေ ပြန်ပြောပြတဲ့ ခက်ခဲကြမ်းတမ်းခဲ့တဲ့ ရိုက်ကွင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


အဆိပ်ပင်လော ဆေးပင်လော ( ကိုယ်ရံကြီးဂမုန်းပင်​)


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...