Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပြည့်တန်ဆာ ဝန်ဆောင်မှုကို Seungri ဆောင်ရွက်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ အတည်ပြု

$
0
0

နာမည်ကျော် Kpop အဖွဲ့ Big Bang မှအဖွဲ့ဝင်ဟောင်း Seungri ဟာ အမျိုးသားအချို့အတွက် ပြည့်တန်ဆာ ဝန်ဆောင်မှုကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ဧပြီလ ၁ ရက်နေ့တွင် အတည်ပြုခဲ့ပြီး၊ အဲဒီအမှုအတွင်းမှာ ပါဝင်သူတွေထံကနေ ဖြောင့်ချက်တွေကို ရရှိထားတယ်လို့ ဆိုပါတယ်။

စွပ်စွဲမှုတချို့နဲ့ လိင်ဝန်ဆောင်မှုပေးဖို့ ငှားရမ်းခံခဲ့ရတဲ့ အမျိုးသမီးတွေကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဆိုးလ်မြို့ပြ ရဲတပ်ဖွဲ့အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက “Seungri ရင်ဆိုင်နေရတဲ့ စွပ်စွဲချက်တွေရဲ့ အပိုင်းတွေကို စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ ပြောနိုင်ပါပြီ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အဲဒီအမှုကိစ္စမှာ ပါဝင်နေတဲ့သူတွေအနေနဲ့ အမျိုးသမီးတချို့ကို စစ်ဆေးမေးမြန်းခဲ့ပြီး အဲဒီလိုမျိုး လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတာကို ဝန်ခံထားတဲ့ ဖြောင့်ချက်ကိုလည်း ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်သူတွေအတွက် လိင်ဝန်ဆောင်မှုပေးခဲ့ရတယ်ဆိုတာမျိုး၊ အဲဒီအလုပ်အတွက် ငှားရမ်းခဲ့ရတဲ့ အမျိုးသမီးတွေကို အခကြေးငွေ ပေးခဲ့ခြင်း ရှိ၊ မရှိဆိုတာမျိုး အသေးစိတ်ကိုတော့ ပြောသွားခဲ့တာ မရှိပါဘူး။

အဲဒီ တာဝန်ရှိသူက “ကျနော်တို့ သူတို့ အတည်ပြုဖို့ ကြိုးစားနေပါတယ်”လို့ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ Lee Seung-hyun လို့ ခေါ်တဲ့အသက် ၂၉ နှစ်အရွယ် Seungri ကို ဗဟိုပြုပြီး စွပ်စွဲမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးဖို့ လုပ်ဆောင်နေတယ် လို့လည်း သိရပါတယ်။

Seungri ဟာ ၂၀၁၅ ခုနှစ်တုန်းက ဂန်းနမ်မှာရှိတဲ့ နိုကလပ်တခုမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြည့်တန်ဆာဝန်ဆောင်မှုပေးခဲ့ကြောင်းနဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့မွေးနေ့မှာ အလားတူဖြစ်ရပ်မျိုး လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒါ့အပြင် သူကိုယ်တိုင်ရင်းနှီးမြှပ်နှံတွေ ထည့်ဝင်ထားတဲ့ အခြားနိုက်ကလပ်တခုဖြစ်တဲ့ Burning Sun မှာ တရားမဝင် မူးယစ်ဆေးသုံးစွဲမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မိုဘိုင်းဖုန်း ပေါ်မှာ ညစ်ညမ်းဗီဒီယိုတွေ မျှဝေခဲ့မှုနဲ့ ပတ်သက်လို့ စစ်ဆေးခံနေရပါတယ်။

ပြီးတော့ အဲဒီနိုက်ကလပ် စီမံခန့်ခွဲရေး အဖွဲ့နဲ့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တို့ကြား ပူးပေါင်းဆောင်ရွက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရဲတပ်ဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနေပါတယ်။ မျိုးရိုးအမည် Yoon ဟုအမည်ရသည် အကြီးတန်း ရဲတပ်ဖွဲ့ဝင်တဦးကိုလည်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဥပဒေ ချိုးဖောက်မှု စွဲချက်နဲ့ စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

Ref:Yonhap

The post ပြည့်တန်ဆာ ဝန်ဆောင်မှုကို Seungri ဆောင်ရွက်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ အတည်ပြု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...