Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

eBay တွင် “Avengers: Endgame”ကြိုတင်လက်မှတ် ဒေါ်လာ ၅၀၀ အထိ ဈေးမြောက်နေ

$
0
0

မကြာခင် ရုံတင်တော့မယ့် Marvel စူပါဟီးရိုးရုပ်ရှင် “Avengers: Endgame” အတွက် ကြိုတင်လက်မှတ်များကို ဧပြီလ ၂ ရက်နေ့မှ စတင်ကာ ရောင်းချနေပြီဖြစ်ပြီး ရောင်းအားက “Star Wars” ရုပ်ရှင်တွေထက်ကို ကျော်လွန်သွားပြီလို့ ဆိုပါတယ်။ လက်မှတ် ပြန်လည်ရောင်းချတဲ့ ဝက်ဘ်ဆိုက်တွေမှာလည်း တစောင်ကို ဒေါ်လာ ၅၀၀ အထိ ဈေးမြောက်နေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ ထိပ်တန်း လက်မှတ်ရောင်းချတဲ့ ဝက်ဘ်ဆိုက် နှစ်ခုဖြစ်တဲ့ Fandango နဲ့ Atom တို့က အဲဒီရုပ်ရှင်အတွက် ပထမဆုံးရက် ကြိုတင်လက်မှတ် ရောင်းချမှုဟာ ၂၀၁၅ ခုနှစ်တုန်းက “Star Wars: The Force Awakens” ရုပ်ရှင်နဲ့ ၂၀၁၇ ခုနှစ်တုန်းက “Star Wars: The Last Jedi” ရုပ်ရှင်တွေကို ကျော်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အချက်အလက် အတိအကျကိုတော့ ထုတ်ပြန်တာ မရှိပါဘူး။

Iron Man, Captain Marvel, Black Widow, Thor နဲ့ Ant-Man တို့အပါအဝင် ကာတွန်းစာအုပ်ထဲက ဇာတ်ကောင်တွေ တော်တော်များများ ပါဝင်မယ့် Avengers ရုပ်ရှင်အသစ်ဟာ Marvel အတွက်တော့ ၂၂ ကားမြောက် ရုပ်ရှင်ဖြစ်ပါတယ်။ ပရိသတ်စစ်တမ်းတွေအရ ၂၀၁၉ ခုနှစ်အတွက် စိတ်ဝင်စားမှုအခံရဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Fandango ရဲ့ ၂၄ နာရီအတွင်း ရောင်းအားမှာတော့ “Star Wars: The Force Awakens” ရုပ်ရှင် ကျော်တက်သွားခဲ့ပြီး ၆ နာရီနဲ့ လိုချင်တဲ့ ပမာဏကို ပြည့်မြောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Atom ရဲ့အဆိုအရ အဲဒီရုပ်ရှင်ဟာ သူတို့ရဲ့ မိုဘိုင်းလက်မှတ် ရောင်းချတဲ့ ဝန်ဆောင်မှုအတွက် စံချိန်သစ် တင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ရဲ့ “Avengers: Infinity War” ရုပ်ရှင်ရဲ့ ပထမဆုံး ၁ နာရီအတွင်း ရောင်းအားရဲ့ ၃ ဆကျော်အထိ များပြားခဲ့တယ်လို့ ဆိုပါတယ်။ “Avengers: Endgame” ရုပ်ရှင်ကို သြစတြေးလျနဲ့ တရုတ်နိုင်ငံတွေမှာ ဧပြီလ ၂၄ ရက်နေ့ကစလို့ ပြသမှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာတော့ ဧပြီလ ၂၅ ရက်နေ့မှာ ပြသမှာဖြစ်ပါတယ်။

eBay မှာတော့ ဟောလိဝုဒ်မှာ IMAX အရည်အသွေးနဲ့ ပြသမယ့် ပထမဆုံးနေ့အတွက် လက်မှတ်တစောင် ကို ဒေါ်လာ ၅၀၀ ဈေးပေါက်တယ်လို့ ဆိုပါတယ်။ တခြားလက်မှတ်တွေ အတွက်တော့ ၃၅ ဒေါ်လာစီ ရှိနေတယ်လို့ သိရပါတယ်။ ပရိသတ်တွေကတော့ ဝက်ဘ်ဆိုက် ပျက်ကျတာ၊ ကုဒ်တွေ မမှန်တာနဲ့ လက်မှတ် ရဖို့ အချိန်တော်တော်ကြာ စောင့်ဆိုင်းရတာတွေကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ပြစ်တင်ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

“Avengers: Infinity War” ရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့ပြီး ကမ္ဘာတဝန်း ရုံဝင်ငွေ ဒေါ်လာ ၂ ဒဿမ ၀၄ ဘီလီယံ ရရှိခဲ့ပါတယ်။

Ref : asiaone

The post eBay တွင် “Avengers: Endgame” ကြိုတင်လက်မှတ် ဒေါ်လာ ၅၀၀ အထိ ဈေးမြောက်နေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...