Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ထိုင်းနိုင်ငံက ရုပ်ရှင်ရုံတွေမှာ ရေပန်းစားနေတဲ့ “လိပ်ပြာစံအိမ်”ရုပ်ရှင်ကား

$
0
0

ထိုင်းနိုင်ငံသားတွေလိုပဲ မြန်မာ နိုင်ငံသားတွေဟာလည်း တစ္ဆေ၊ သရဲ အစရှိတာတွေကို ယုံကြည်သူတွေ ဖြစ်ပါတယ်။ “လိပ်ပြာစံအိမ်” (The Only Mom) ဆိုတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံက ရုပ်ရှင်ရုံတွေမှာ ပြသခဲ့ပြီး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

“လိပ်ပြာစံအိမ်” ရုပ်ရှင် ဇာတ်ကားကို ထိုင်းနိုင်ငံမှ ဒါရိုက်တာတဦးဖြစ်တဲ့ Chatchai Katenut က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒါရိုက်တာဟာ ၂၀၁၆ ခုနှစ်မှာလည်း မြန်မာ သရုပ်ဆောင်တွေနဲ့ ပေါင်းပြီး “From Bangkok To Mandalay” ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်မှုတွေရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ သရုပ်ဆောင် ဝတ်မှုံရွှေရည်က အဓိက ဇာတ်ကောင်အနေနဲ့ ပါဝင်ထားပြီး တက်သစ်စ မင်းသား တဦးဖြစ်တဲ့ ဒေါင်းလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်ထဲမှာ ပါဝင်တဲ့ နတ်ကတော် ဦးလှအေးဟာ အပြင်လောကမှာလည်း တကယ့် နတ်ကတော် အစစ်တဦး ဖြစ်ပါတယ်။ သူဟာ ဒီဇာတ်ကား ပြသခြင်း မတိုင်ခင်မှာ တိုက်ဆိုင်စွာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးတွေကို အဆိုတော် ခင်ပိုးပန်းချီက သီဆိုထားပြီး မြန်မာနိုင်ငံမှာလည်း အောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားတကားဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ တမလွန်ဘဝနဲ့ လက်ရှိဘဝ၊ မိခင်နှစ်ဦးရဲ့ အားပြိုင်မှုလို့ပြောရမှာ ဖြစ်ပြီး အဓိက ဝတ်မှုံရွှေရည်ဟာ ဒီဇာတ်ကားမှာ မိတ်ကပ်ကို မလိမ်းသလောက် မျက်နှာကို ချထားပြီး ဒီဇာတ်ကားထဲက မေနှင်းဆိုတဲ့ အမျိုးသမီးနဲ့ ကွက်တိကျအောင် သရုပ်ဆောင်သွားနိုင်ပါတယ်။

သရဲဝင်ပူးတဲ့အခန်းတွေမှာ ဝတ်မှုံရွှေရည်ရဲ့ အခန်းက သရုပ်ဆောင်တာ အပိုအလိုမရှိ ကွက်တိဖြစ်မှ ကြည့်ရတာ အဆင်ပြေစေမယ့် အခန်းကို ဝတ်မှုံရွှေရည်က ပိုင်နိုင်စွာသရုပ်ဆောင်နိုင်သွားပါတယ်။ “The Only Mom” ဆိုတဲ့အတိုင်း မိခင်မေတ္တာကို အသားပေးရိုက်ကူးသွားတာ တွေ့ရပါတယ်။

“လိပ်ပြာစံအိမ်” (The Only Mom) ဇာတ်ကားဟာ ထိုင်းနိုင်ငံ ရုပ်ရှင် ပရိသတ်တွေကြား ရေပန်းစားနေပြီး POSH မဂ္ဂဇင်းအပါအဝင် သတင်းစာတွေမှာပါ မင်းသမီး ဝတ်မှုံရွှေရည်ကို ချီးကျူးစကားတွေ ပြောထားတာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံထုတ် POSH မဂ္ဂဇင်းမှလည်း “လိပ်ပြာစံအိမ်ရုပ်ရှင်ဟာ ဇာတ်အိမ်ကောင်းကောင်း ဖွဲ့ထားတဲ့ သရဲကားတကားဖြစ်ပြီး ရိုက်ချက်တွေ ကောင်းမွန် လှပတဲ့အပြင် ခေါင်းဆောင် မင်းသမီးဖြစ်တဲ့ ဝတ်မှုံရွှေရည်ရဲ့ သရုပ်ဆောင်မှုတွေကလည်း အရမ်းကောင်းလွန်းတယ်”လို့ ချီးမွမ်းထားပါတယ်။

ဇာတ်ကားအကြောင်း ဆက်စပ် ဖတ်ရှုရန် လင့်ခ်မြန်မာသရဲကားစစ်စစ် (သို့မဟုတ်) လိပ်ပြာစံအိမ်

Bangkok Post တွင် ရေးသားထားသော https://www.bangkokpost.com/lifestyle/film/1655736/?fbclid=IwAR0miU-t6OT5pLjiVw8YTtVhMRaM0x-4kJclGyEraoZHuFruAiGCwbDXFpk#cxrecs_s သတင်းအား ကိုးကား ဖော်ပြထားပါသည်။

The post ထိုင်းနိုင်ငံက ရုပ်ရှင်ရုံတွေမှာ ရေပန်းစားနေတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...