Quantcast
Viewing all articles
Browse latest Browse all 7343

“Avengers: Endgame”ရုပ်ရှင်လက်မှတ် နှစ်စောင်တွဲကို ဒေါ်လာ ၁ သောင်းခွဲဖြင့် စံချိန်တင် ရောင်းချ

“Avengers: Endgame” ရုပ်ရှင်ကိုကြည့်ရှုမယ့် ပရိသတ်တွေကတော့ တန်းစီနေကြရပြီ ဖြစ်ပါတယ်။ အခုသီတင်းပတ် အစောပိုင်းမှာ AMC နဲ့ Fandango တို့လိုမျိုး ရုပ်ရှင်ရုံဝန်ဆောင်မှု ဝက်ဘ်ဆိုက်တွေဟာ ရုပ်ရှင်ကြိုတင် လက်မှတ်ကို စတင်ကောက်ခံခဲ့ပြီးတဲ့နောက် ပရိသတ်တွေ ထောင်နဲ့ချီပြီး တပြိုင်နက်တည်း ဝယ်ယူကြတဲ့အတွက် ဝက်ဘ်ဆိုက်တွေ ပျက်ကျလုနီးပါး ဖြစ်ခဲ့ရပါတယ်။

အကြောင်းအရင်းကတော့ ပရိသတ်တွေဟာ ပထမဆုံးအဖွင့် သီတင်းပတ်ရဲ့ ပထမဆုံးနေ့မှာ ကြည့်ဖို့အတွက် ဝယ်ယူကြတာဖြစ်ပါတယ်။ Fandango ရဲ့အဆိုအရ Marvel ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် ရုပ်ရှင်ကို ၂၄ နာရီအတွင်း အများဆုံးဝယ်ယူတဲ့ စံချိန်ကို တင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်စံချိန်ဟောင်းကို ပိုင်ဆိုင်ထားတာက “Star Wars: The Force Awakens” ရုပ်ရှင် ဖြစ်ပါတယ်။

သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Robert Downey Jr., Brie Larson, Chris Evans, Scarlett Johansson နဲ့ Chris Hemsworth တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ အဲဒီ ရုပ်ရှင်အတွက် လက်မှတ်တွေဟာတော့ eBay ဝက်ဘ်ဆိုက်မှာဆိုရင် ဒေါ်လာ ၁၀၀ ကနေစလို့ အရောင်းအဝယ် ဖြစ်နေပါတယ်။ နယူးယောက်စီးတီးလို နေရာမျိုးမှာတော့ ဒေါ်လာ ၁ သောင်းနီးပါးအထိ ရောင်းချနေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့မနက်မှာ “Endgame” လက်မှတ်အတွက် eBay မှာ တန်းစီတာ ၃၅၀ လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။ ပြီးတော့ အဲဒီမှာ ထူးခြားမှုတခု ဖြစ်သွားခဲ့ပါတယ်။ နယူးဂျာစီပြည်နယ်မှာရှိတဲ့ AMC မှာ ပြသမယ့် ပွဲအတွက် လက်မှတ်နှစ်စောင်စာကို ဒေါ်လာ ၁၅၀၀၀ နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရုပ်ရှင်ထဲမှာ M’Baku အဖြစ်ပါဝင်ထားတဲ့ မင်းသား Winston Duke က “Endgame” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့နှစ်မှာ ပြသခဲ့တဲ့ “Infinity War” ရုပ်ရှင်ထက် ပိုပြီး ဇာတ်အိမ်ကြီးမားတယ်လို့ ဆိုထားပါတယ်။ သူက “တော်တော်လေးပျော်ဖို့ကောင်းမှာပါ။ တော်တော်လေးလည်း ရူးလောက်စရာပါ။ ငါးမန်းတကောင်ပေါ်ကို ခုန်ချလိုက်သလို ခံစားချက်ခံစားရမှာပါ” လို့လည်း ပရိသတ်တွေကို ပြောဆိုထားပါတယ်။

“Avengers: Endgame” ရုပ်ရှင်ကို ဧပြီလ ၂၆ ရက်နေ့မှာ စတင်ရုံတင်ပြသတော့မှာပါ။

Ref:asiaone

The post “Avengers: Endgame” ရုပ်ရှင်လက်မှတ် နှစ်စောင်တွဲကို ဒေါ်လာ ၁ သောင်းခွဲဖြင့် စံချိန်တင် ရောင်းချ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...