Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဖိနပ်နှင့် အဝတ်အစားများ ရောင်းချရန် Adidas နှင့် Beyonce တို့ ပူးပေါင်း

$
0
0

Adidas ကုမ္ပဏီနဲ့ ပေါ့ပ်အဆိုတော် Beyonce တို့ဟာ ဖိနပ်နဲ့ အဝတ်အစားတွေ ထုတ်လုပ်ဖို့ ပူးပေါင်းလိုက်ကြပြီ ဖြစ်ပြီး ဂျာမန် အားကစားဝတ်စုံထုတ် ကုမ္ပဏီအနေနဲ့ ထသွားထလာ ဖက်ရှင်မှာ ဖွံ့ဖြိုးမှုတွေ လုပ်ဆောင်ဖို့ ခြေလှမ်းလိုက်ပြီလည်း ဖြစ်ပါတယ်။

“Single Ladies” သီချင်းနဲ့ ကမ္ဘာကျော်တဲ့ အဆိုတော် Beyonce နဲ့ ယူကေ ဖက်ရှင်ကုမ္ပဏီကြီး Philip Green တို့ရဲ့ စာချုပ်ဟာ ပြီးခဲ့တဲ့နှစ်မှာပဲ အဆုံးသတ်သွားခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ သူဟာ Ivy Park ဆိုတဲ့ အဝတ်အစား ကုမ္ပဏီ တခုကိုလည်း ထူထောင်ထားပါတယ်။

Beyonce ရဲ့ ကုမ္ပဏီပိုင်ဆိုင်မှုကို အခု စာချုပ်အသစ်က လေးစားမှာဖြစ်တဲ့အကြောင်း Adidas က ပြောဆိုခဲ့ပါတယ်။ Adidas ဟာ Rap အဆိုတော် Kanye West အပါအဝင် နာမည်ကျော်တချို့နဲ့လည်း အလုပ်တွေ တွဲလုပ်နေခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Stan Smith နဲ့ Superstar လိုမျိုး ဖိနပ်ဝယ်လိုအား ကျဆင်းလာတာနဲ့ ရင်ဆိုင်နေရပါတယ်။

သူနဲ့ပြိုင်ဖက်ဖြစ်တဲ့ Nike ကုမ္ပဏီကတော့ ဂျာမန်ကုမ္ပဏီဖြစ်ပေမယ့် ဥရောပမှာ တော်တော်လေး အောင်မြင်နေပါတယ်။ Adidas ဟာ ဧပြီလ ၄ ရက်နေ့မှာ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်ချိန်မှာတော့ ရှယ်ယာတွေဟာ ၁ ဒဿမ ၃ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။

အမှုဆောင်အရာရှိချုပ် Kasper Rorsted ကတော့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေရဲ့ ရောင်းအားခိုင်မာစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ အခုနှစ်မှာ အဆိုတော် West ရဲ့ Yeezy ကုန်ပစ္စည်းကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီ ကုန်ပစ္စည်းနာမည်နဲ့ ရှူးဖိနပ်တွေဟာ အမေရိကန်ဒေါ်လာ ၃၀၀ လောက်အထိ ရှိနိုင်ပြီး Stan Smiths ဖိနပ် တစုံစာဖြစ်တဲ့ ဒေါ်လာ ၈၀ နဲ့ ယှဉ်ရင် တော်တော်လေး ဈေးမြောက်နေပေမယ့် အွန်လိုင်းမှာ ပြန်လည်ရောင်းချတဲ့အခါ ဒေါ်လာ ၁၀၀၀ ကျော်အထိ ဈေးပေါက်နေပါတယ်။

ကုမ္ပဏီဟာ အဆိုတော် Pharrell Williams၊ စူပါမော်ဒယ် Karlie Kloss တို့နဲ့လည်း ပူးပေါင်းထားပါတယ်။ Kardashian မိသားစုထဲက အလှကုန်ဘီလီယံနာ သူဌေးမလေး Kylie Jenner ဟာလည်း ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ ကုန်ပစ္စည်းသံတမန် အနေနဲ့ Adidas နဲ့ ပူးပေါင်းခဲ့ပါတယ်။ Adidas ရဲ့ နောက်ထပ် ဂျာမန်ပြိုက်ဖက်ဖြစ်တဲ့ Puma ကတော့ အဆိုတော် Rihanna နဲ့ ပူးပေါင်းပြီးတော့ ရောင်းအားတွေ တက်လာတာမျိုး ရှိခဲ့ပါတယ်။

Ref: straitstimes

The post ဖိနပ်နှင့် အဝတ်အစားများ ရောင်းချရန် Adidas နှင့် Beyonce တို့ ပူးပေါင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...