Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“The Suicide Squad”ရုပ်ရှင်အသစ်မှာ ပါဝင်ဖို့ ဆွေးနွေးနေတဲ့ John Cena

$
0
0

“The Suicide Squad” ရုပ်ရှင်အသစ်မှာ ကြီးကြီးမားမား သရုပ်ဆောင်တွေကို ချပြဖို့ စီစဉ်ထားပုံ ရပါတယ်။ ကောလာဟလ တခုမှာဆိုရင် ဒါရိုက်တာ James Gunn ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးမယ့် အဲဒီ ရုပ်ရှင်မှာ ကမ္ဘာကျော် နပမ်းသမားဟောင်း၊ မင်းသား John Cena က ခေါင်းဆောင်နေရာကနေ ပါဝင်ဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

အခုလိုမျိုး မင်းသား Cena ရဲ့ ပါဝင်လာဖို့ ကောလာဟလသတင်းကြောင့် ပျော်စရာဖြစ်ခဲ့ရပေမယ့် မင်းသား Dave Bautista ရဲ့ ပရိသတ်တွေ အတွက်တော့ သတင်းဆိုး ဖြစ်ခဲ့ရပါတယ်။ Variety မီဒီယာရဲ့အဆိုအရ WWE စတား Cena ဟာ “Guardians of the Galaxy” စတား Dave ကို မူရင်းတုန်းက ကမ်းလှမ်းထားခဲ့တဲ့ Peacemaker ဇာတ်ရုပ်မှာ ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

အနားယူလိုက်ပြီဖြစ်တဲ့ ပရောဖက်ရှင်နယ် နပမ်းသမားတဦးဖြစ်တဲ့ မင်းသား Dave က အလုပ်များလွန်းတဲ့ အချိန်ဇယားတွေကြောင့် အဲဒီဇာတ်ရုပ်မှာ ပါဝင်ဖို့ ပယ်ချခဲ့တယ်လို့ဆိုပါတယ်။ အလားတူ နပမ်းသမား နောက်ခံရှိတဲ့ မင်းသား Cena ကတော့ အဲဒီဇာတ်ရုပ်နေရာမှာ အကောင်းဆုံး အစားသွင်းဖို့ ဖြစ်လာမှာပါ။

တကယ်လို့သာ သရုပ်ဆောင်အဖြစ် ပါဝင်ဖြစ်မယ်ဆိုရင်တော့ မင်းသား Cena ဟာ မင်းသား Will Smith နုတ်ထွက်သွားတဲ့ ဇာတ်ရုပ်မှာ အားဖြည့်ပါဝင်လာမယ့် မင်းသား Idris Elba နဲ့အတူ ပါဝင်လာမှာဖြစ်ပါတယ်။

“Luther” မင်းသား Elba ဟာ Deadshot ဇာတ်ရုပ်နေရာကနေ ပါဝင်လာမှာ မဟုတ်ပေမယ့် အခုထိ မသိရသေးတဲ့ ဇာတ်ကောင် အသစ်နေရာမှာ ပါဝင်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘဝမှာ ပထမဆုံးအနေနဲ့ ဒီဇာတ်ရုပ်မှာ ပါဝင်ခဲ့တဲ့ မင်းသား Smith ကို မလေးမစားလုပ်ပြီး မင်းသား Elba နဲ့ အစားထိုးလိုက်တယ်ဆိုတာ စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပေမယ့် နောက်ထပ် အနာဂတ်ကာလတခုမှာ “Suicide Squad” ရုပ်ရှင်တွေကို ရိုက်ကူးဖြစ်တဲ့အခါ မင်းသား Smith က ပြန်လည်ပါဝင်ဖို့ ဆန္ဒရှိတယ်ဆိုရင် အမြဲတမ်း တံခါးဖွင့်ထားတယ်လို့ ဆိုပါတယ်။

မကြာခင် ရိုက်ကူးတော့မယ့် “Suicide Squad” ရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မူရင်းရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင် မဟုတ်ဘူးလို့ သိရပါတယ်။ ထုတ်လုပ်သူ Peter Safran က “’Suicide Squad 2′ ရုပ်ရှင် မဟုတ်ပါဘူး။ နောက်ဆက်တွဲ မဟုတ်ပါဘူး။ သီးခြားနာမည်ပေးချင်ပေမယ့် The Suicide Squad လို့ပဲ ခေါ်ပါမယ်”လို့ အတည်ပြုထားပါတယ်။

“Suicide Squad” နောက်ဆက်တွဲရုပ်ရှင် မဟုတ်ပေမယ့် မူရင်း သရုပ်ဆောင်တချို့ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ မင်းသမီး Margot Robbie က Harley Quinn အဖြစ် ပါဝင်လာမှာဖြစ်ပြီး Viola Davis နဲ့ Jai Courtney တို့ဟာလည်း သက်ဆိုင်ရာ ဇာတ်ရုပ်အသီးသီးမှာ ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

“Suicide Squad” ရုပ်ရှင်အသစ်ကို အမေရိကန်နိုင်ငံမှာတော့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့မှာ စတင်ပြသမှာဖြစ်ပါတယ်။

Ref: aceshowbiz

The post “The Suicide Squad” ရုပ်ရှင်အသစ်မှာ ပါဝင်ဖို့ ဆွေးနွေးနေတဲ့ John Cena appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...