စီးပွားရေးလုပ်ငန်းရှင်နဲ့ ကလေးသူငယ်ဆိုင်ရာ သံတမန်ဖြစ်သူ မင်းသမီး Jennifer Garner ဟာ People မဂ္ဂဇင်းရဲ့ နှစ်စဉ်ထုတ်ပြန်နေကျ အလှပရေးရာ မျက်နှာဖုံးကာဗာမှာ ပါဝင်လာတယ်လို့ သိရပါတယ်။
အသက် ၄၇ နှစ်အရွယ် မင်းသမီးဟာ သူရဲ့အနုပညာလုပ်ငန်းနဲ့ ခင်ပွန်းဟောင်း Ben Affleck နဲ့ ရရှိထားတဲ့ ကလေး ၃ ယောက်ကို ထိန်းကျောင်းရင်း ပရဟိတလုပ်ငန်းတွေကို ဘက်မျှအောင် လုပ်ဆောင်နိုင်တဲ့အတွက် သူ့ကို People မဂ္ဂဇင်းက ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရုပ်ရှင်နဲ့ ရုပ်သံစီးရီးတွေမှာပါဝင်ခဲ့တဲ့ မင်းသမီး Garner ဟာ “Once Upon a Farm” လို့ခေါ်တဲ့ အော်ဂဲနစ် ကလေးအစားအစာကုမ္ပဏီ ပူးတွဲတည်ထောင်သူလည်းဖြစ်ပြီး Save The Children အဖွဲ့ရဲ့ သံတမန်တယောက်လည်း ဖြစ်ပါတယ်။ သူဟာ အနောက်ဗာဂျီးနီးယားမှာ ကြီးပြင်းလာသူဖြစ်ပြီး အလှဆုံး အမျိုးသမီးတဦးလို့ ကိုယ့်ကိုယ်ကိုယ် ထင်မြင်ခဲ့တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပွဲတက်ဖို့ကိစ္စနဲ့ ဓာတ်ပုံရိုက်ဖို့ ကိစ္စသာ မရှိဘူးဆိုရင် သူ့ရဲ့လက်ရှိ တူညီဝတ်စုံက အားကစားလုပ်တဲ့ ဝတ်စုံ၊ ဂျင်းန်၊ ဆွယ်တာနဲ့ စနီကာဖိနပ်တို့ ဖြစ်တယ်လို့ဆိုပါတယ်။ ဒ့ါအပြင် သားသမီးတွေကလည်း သူ့ကို အလှအပ ပြင်ဆင်ပြီးနေထိုင်တာထက် မိခင်တဦးအနေနဲ့ သာမန်လိုပဲ နေထိုင်လိုတာကို မြင်ချင်တယ်လို့ ဆိုပါတယ်။
မနှစ်က အလှဆုံးအမျိုးသမီးအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အဆိုတော် Pink နဲ့ အဲဒီစာရင်းမှာ စံချိန်တင်ရလောက်အောင် ၅ ကြိမ်ဆက်တိုက် ပါဝင်ခဲ့တဲ့ မင်းသမီး Julia Roberts တို့ကို ကျော်တက်ခဲ့တာလည်း ဖြစ်ပါတယ်။ မင်းသမီး Garner က မျက်နှာဖုံးရှင်အဖြစ် ပါဝင်မယ့် People မဂ္ဂဇင်းကိုတော့ ဧပြီလ ၂၆ ရက်နေ့က စလို့ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။
Ref: asiaone
The post People မဂ္ဂဇင်းမှ ထုတ်ပြန်တဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီးစာရင်းမှာ မင်းသမီး Jennifer Garner ဦးဆောင် appeared first on ဧရာဝတီ.