Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မုဒိမ်းကျင့် အသတ်ခံရတဲ့ ဇာတ်ကားမျိုး ရိုက်ဖူးတယ်”လို့ ဒါရိုက်တာ ညိုမင်းလွင် ဆို

$
0
0

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းစားနေတဲ့ အသတ်ခံရသူ “မြမြ” ဆိုတဲ့ ကောင်မလေးအကြောင်းကို ဒါရိုက်တာညိုမင်းလွင်က ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမယ်လို့ ကြေညာတဲ့အခါ ပရိသတ်အများ စိတ်ဝင်စားခြင်း ခံနေရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒါရိုက်တာ ညိုမင်းလွင်က အရင်ကလည်း Rape လုပ်ပြီးအသတ်ခံခဲ့ရတဲ့ မိန်းကလေး တယောက်အကြောင်းကို “ဇာတ်သိမ်းအထိ မကြည့်နဲ့” ဆိုတဲ့နာမည်နဲ့ ရိုက်ခဲ့ဖူးပါတယ်လို့ ဆိုပါတယ်။

“Facebook ပေါ်က အကြောင်းအရာတခုကို ရုပ်ရှင်ရိုက်ဖို့ ဘာလို့စိတ်ဝင်စားခဲ့သလဲ ဆိုတော့ ရုပ်ရှင်ရိုက်ပြချင်လောက်အောင် ကျနော့်ကို ဆွဲဆောင်နိုင်ခဲ့လို့ပါပဲ။ စိတ်ဝင်စားစရာ အကြောင်းအရာတခုတွေ့ရင် မီဒီယာသမား တယောက်က သတင်းအဖြစ်ရေးမယ်။ စာရေးဆရာတယောက်ဆိုရင် ဝတ္ထုရေးမယ်၊ အပြင်လူတယောက် အနေနဲ့ဆိုရင် သူ့ရဲ့ Facebook မှာ သူ့အမြင်ကိုမှတ်ချက်ပေးပြီး Share မယ်၊ လက်ဘက်ရည်ဆိုင်မှာ အချင်းချင်း ပြောကြမယ်”

“ကျနော်က ဒါရိုက်တာတယောက်ဖြစ်တဲ့အတွက် ရုပ်ရှင်အနေနဲ့ ရိုက်ဖို့စဉ်းစားတယ်။ ကိစ္စရပ်တခုကို ကိုယ်သန်သလို ပြန်ပြီးဖြန့်ဝေကြတယ်။ ဒီသဘောပါပဲ။ အရင်ကလည်း Rape လုပ်ပြီးအသတ်ခံခဲ့ရတဲ့ မိန်းကလေး တယောက်အကြောင်းကို “ဇာတ်သိမ်းအထိ မကြည့်နဲ့” ဆိုတဲ့နာမည်နဲ့ ရိုက်ခဲ့ဖူးပါတယ်။ မုဒိမ်းကျင့်တာကို ကွက်ကွက်ကွင်းကွင်းပြလို့ ဆိုပြီး ဆင်ဆာနဲ့တောင် ရန်ဖြစ်ခဲ့ရပါသေးတယ်” လို့ ဒါရိုက်တာ ညိုမင်းလွင်က ဆိုပါတယ်။

ဒီလိုဇာတ်လမ်းမျိုးတွေ အရင်ကလည်း ရိုက်ခဲ့ဖူးတယ်လို့ ဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်က ဒီလို မုဒိမ်းကျင့်အသတ်ခံရတဲ့ကားမျိုးကို ပြန်လည်ရိုက်ကူးတာ ထူးဆန်းတာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

“တကယ်လို့သာ အဲဒီကားက အခုမှထွက်ရင် ကျနော့်ကို ဒီအဖြစ်အပျက်ကို ခိုးတယ်လို့ ဝေဖန်ကြဦးမှာပါ။ ဆိုလိုတာက ဒီကိစ္စသည် စိတ်ဝင်စားစရာကောင်းတာ မှန်ပေမယ့် အခုမှ ပထမဆုံးဖြစ်ဖူးတဲ့ အဖြစ်အပျက်မျိုးတော့ မဟုတ်ပါဘူး၊ ထူးဆန်းတယ်ဆိုတဲ့ ပေတံနဲ့ တိုင်းရင် ကျနော့် အတွက်တော့ Black Hole လောက် မထူးဆန်းနေပါဘူး၊ ဒီကိစ္စကို ရုပ်ရှင်ပြန်ရိုက်ဖို့စိတ်ကူးရတာသည်လည်း အဆန်းတကြယ် မဟုတ်နေပါဘူး”လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။

လတ်တလောရေပန်းစားနေတဲ့ကိစ္စမှာ လုပ်စားချင်တာကြောင့် ရုပ်ရှင်ရိုက်မယ်လို့ ပြောတာမဟုတ်ကြောင်းနဲ့ ပေါ်ပြူလာဖြစ်ချင်လို့လုပ်တာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

“ရေပန်းစားနေတဲ့ကိစ္စအပေါ်မှာ လုပ်စားတာလား ဆိုရင်တော့ နိုးပါ၊ အခုချက်ချင်း ထ ရိုက်ရင်တောင် အနည်းဆုံး နောက်တနှစ်လောက်ကြာပြီးမှပဲ ပရိသတ်ဆီရောက်မှာပါ။ အဲဒီအချိန်လောက်မှာ မြမြလည်း ကျွတ်လွတ်ပြီး ဘဝတပါးကူးပြောင်း သွားလောက်ပါပြီ။ Facebook ပေါ်မှာ အခုအတိုင်း ဟော့နေပါမယ်လို့ ဘယ်သူမှ အာမ မခံထားပါဘူး”

“ပြီးတော့ Facebook ပေါ်မှာ ဟော့နေတိုင်း အပြင်မှာလာကြည့်မယ်လို့သေချာရင် ကျနော် လူစာရင်းချ ရေးပေးပါ့မယ်၊ ဘာဇာတ်လမ်းမှ မလိုတော့ပါဘူး၊ အဲဒီ Casting အတိုင်း ရိုက်လိုက်ရုံပါပဲ။ ပေါ်ပြူလာဖြစ်ချင်လို့လုပ်တယ် ဆိုရင်လည်း အဲဒီလိုလာပြောတဲ့သူကိုပဲ ပြန်ထိုင်ရယ်ချင်ပါတော့တယ်”

“ဓာတ်ပုံတွေ မပါ ပါအောင် အတင်းလိုက်ထည့်ပြီး ဟန်ရေးတပြပြလုပ်နေတာမျိုးကို ကျနော် တသက်လုံးက မလုပ်ခဲ့ဖူးဘူးဗျ။ အရှေ့က ခေတ်တခေတ်ကို အတူတူဖြတ်ခဲ့ကြတဲ့ ဆရာကြီးတွေကိုလည်း ကျနော့်အကြောင်း မေးကြည့်လိုက်ဦး၊ အသစ်ဘဝမှာတောင် ကျနော်သတင်းလေး ရေးပေးပါဦးလို့ တခါမှ မပြောခဲ့ဖူးတာ။ ဒီအချိန်မှာ မီဒီယာတွေရှေ့ထွက်ပြီး ညိုမြလုပ်ဖို့ဆိုတာ အဝေးကြီးပါ”လို့ ပြောပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်ကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေကို ပိုင်နိုင်စွာ ရိုက်ကူးနိုင်တဲ့ ဒါရိုက်တာတဦးပဲ ဖြစ်ပါတယ်။ “မြမြ” နဲ့ ပတ်သက်ပြီးလည်း ညိုမင်းလွင်တယောက် သူ့ရဲ့ ပညာတွေကို ဘယ်လို အစွမ်းကုန် ထုတ်ပြဦးမလဲ ဆိုတာ ပရိသတ်များက စိတ်ဝင်တစားစောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။

The post “မုဒိမ်းကျင့် အသတ်ခံရတဲ့ ဇာတ်ကားမျိုး ရိုက်ဖူးတယ်”လို့ ဒါရိုက်တာ ညိုမင်းလွင် ဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...