Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Bond 25”ရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်စာရင်းကို ကြေညာ

$
0
0

လပေါင်းများစွာကြာ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက်မှာတော့ “Bond 25” ရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်တွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီကြေညာချက်ကို 007 ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်မယ့် မင်းသား Daniel Craig က ဧပြီလ ၂၅ ရက်နေ့မှာ ဂျမေကာနိုင်ငံကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ထွက်ရှိလာမယ့် “Bond 25” မှာ ဘယ်သရုပ်ဆောင်တွေ ပါဝင်မလဲဆိုတာကို ပရိသတ်တွေက မျှော်လင့်တစား စောင့်မျှော်နေခဲ့ကြတာ ဖြစ်ပါတယ်။

အဓိကဗီလိန်အဖြစ် ပါဝင်မယ်လို့ သတင်းထွက်ထားတဲ့ အော်စကာဆုရှင် မင်းသား Rami Malek ပါဝင်လာမယ့် အပြင် “Spectre” ရုပ်ရှင်မှာ ဒေါက်တာ Madelaine Swann အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lea Seydoux လည်း ပါဝင်လာမှာဖြစ်ပါတယ်။ Ben Whishaw က Q ၊ Ralph Fiennes က M နဲ့ Naomie Harris က Miss Moneypenny အဖြစ် အသီးသီး ပြန်လည် ပါဝင်လာကြမှာ ဖြစ်ပါတယ်။

Phoebe Waller-Bridge ကတော့ ဇာတ်ညွှန်းရေးသူအဖြစ် ပါဝင်အားဖြည့်မယ်လို့ ဘီဘီစီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့တုန်းကတော့ တရားဝင်ဂျိမ်းစ်ဘွန်း Twitter အကောင့်ကနေ ရုပ်ရှင်ရိုက်ကွင်းနေရာတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခု လောလောဆယ် မင်းသား Craig နဲ့ ထုတ်လုပ်သူ Michael G. Wilson ရောက်ရှိနေတဲ့ ဂျမေကာနိုင်ငံကတော့ ရိုက်ကွင်းတခုအနေနဲ့ ပါဝင်လာမှာဖြစ်တယ်လို့ ပရိသတ်တွေကတော့ ခန့်မှန်းနေကြပါတယ်။

ရိုက်ကွင်းနေရာ အတိအကျကို ထုတ်ပြန်ကြေညာခဲ့တာ မရှိသေးပေမယ့် ရုပ်ရှင်ရိုက်ကူးရေးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့အဆိုအရ Ian Fleming ရဲ့ GoldenEye အိမ်၊ “Dr. No” နဲ့ “Live and Let Die” ရုပ်ရှင်တွေထဲက နေရာတွေပါဝင်မယ်လို့ သိရပါတယ်။

အဲဒီ Twitter က ပို့စ်မှာတော့ ပရိသတ်တွေအနေနဲ့ မင်းသား Craig အတွက် ဂျိမ်းစ်ဘွန်းအဖြစ် နောက်ဆုံး သရုပ်ဆောင်မယ့် အဲဒီရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်တွေ ဘယ်သူလဲဆိုတာ သိချင်တယ်ဆိုရင် #BOND25 ဆိုတဲ့ Hashtag ကို အသုံးပြုပြီး မေးခွန်းတွေ မေးမြန်းနိုင်တယ်လို့ ဆိုထားပါတယ်။

ဖန်တီးမှုဆိုင်ရာ မတူကွဲပြားချက်တွေကြောင့် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ လမ်းခွဲခဲ့တဲ့ “Slumdog Millionaire” ရုပ်ရှင်ဒါရိုက်တာ Danny Boyle ရဲ့နေရာမှာ ဒါရိုက်တာက Cary Fukunaga က လက်လွှဲရယူပြီး “Bond 25” ရုပ်ရှင်ကို ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။

Ref: etcanada

The post “Bond 25” ရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်စာရင်းကို ကြေညာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...