Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရှင်လောကသားတွေ အချင်းချင်း သဘောထားကွဲလွဲနေကြတာမျိုး မဖြစ်စေချင်တဲ့ မင်းဦး

$
0
0

ကိုယ်တိုင်လည်း ဒါရိုက်တာအဖြစ် ရိုက်ကူးနေသလို စီးရီးတွဲတွေမှာလည်း ပရိသတ်အကြိုက်တွေ့အောင် သရုပ်ဆောင်တတ်တဲ့ မင်းဦးက ရုပ်ရှင်လောက တိုးတက်လာတဲ့အတွက် ရုပ်ရှင်လောကသားတချို့ ဒုက္ခရောက်သွားကြတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ရုပ်ရှင်လောက အရမ်းတိုးတက်လာပါတယ်။ အဲ့အတွက် အရမ်းဝမ်းသာတယ်။ ဒီလို အခြေအနေ ရောက်သွားတဲ့အတွက် ကျနော်တို့ ရုပ်ရှင်လောကသားတချို့ ဒုက္ခရောက်သွားကြတယ်။ လောလောဆယ်တော့ ဒုက္ခရောက်သွားတယ်။ ကားတွေက ဟိုတုန်းကလောက် မရိုက်ကြတော့ဘူး။ ရိုက်တဲ့ကားတွေကို ရုံတွေကလည်း လက်မခံတော့ဘူး”

“ပရိသတ်တွေကလည်း လက်မခံတော့ဘူးဖြစ်တဲ့အတွက် နည်းနည်းလေးတော့ ဒုက္ခရောက်သွားမယ်။ ဒါပေမဲ့လည်း အခုလုပ်နေတဲ့ ပုံစံက အသားကျသွားရင် အားလုံး အဆင်ပြန်ပြေသွားလိမ့်မယ်လို့ ထင်ပါတယ်” လို့ မင်းဦးက ပြောပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးလည်း မင်းဦးက အခုလိုပဲ ပြောပါတယ်။

“လတ်တလောတော့ ကျနော် ရိုက်ထားတဲ့ကားကို ပြီးအောင် ဆက်နေတယ်။ အသံတွေနဲ့ ပတ်သက်ပြီးတော့လည်း လုပ်နေတယ်။ အဲ့ဒါပြီးရင် ကားတွေ ဆက်ရိုက်မှာပါ။ ကျနော်သရုပ်ဆောင်မယ့် ကားတွေလည်းရှိပါတယ်။ ဇာတ်လမ်းတွဲတွေလည်း ရိုက်ဖို့ရှိတယ်။ “ကိုယ်ပွား” ကားလေးမှာ ကျော်ထက်အောင်က အိုက်တင်တွေ သေသေချာချာ လုပ်ရတယ်။ သူအိုက်တင်လုပ်ရတဲ့ ကားလည်း သူ့ဆီမှာ မရှိသေးဘူး။ နောက်တော့ ပုံစံလည်း မတူဘူး”

“အဲ့ကားက ပုံစံအသစ်လေးတခုဖြစ်မယ်လို့ မျှော်လင့်တယ်။ မျိုးဆက်သစ် လူငယ် ဒါရိုက်တာတွေဆီကလည်း အတုယူသင့်တာ လေ့လာစရာ ရှိတာတွေကို လေ့လာတယ်” လို့ မင်းဦးက ဆိုပါတယ်။ လက်ရှိ ရုပ်ရှင်လောကမှာ လောကသားတွေ စိတ်ဝမ်းကွဲနေတာကိုလည်း မဖြစ်စေချင်ဘူးလို့ မင်းဦးက ဆိုပါတယ်။

“ရုပ်ရှင်လောကမှ သဘောထားတွေ ကွဲလွဲနေကြတာ မဟုတ်ပါဘူး။ ဒီနိုင်ငံကြီးမှာလည်း ကြိုက်တဲ့သူတွေ၊ မကြိုက်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့လောကကို အဲ့လို မဖြစ်စေချင်ဘူး။ ကျနော်တို့ကတော့ စိတ်ဝမ်းကွဲနေကြတာတွေ မဖြစ်စေချင်ဘူး။ အားလုံးက တိုင်တိုင်ပင်ပင်နဲ့ ဖြစ်စေချင်တယ်။ ကျနော်တို့လည်း အကောင်းဆုံးဖြစ်ချင်တယ်။ ကျနော်တို့တွေ ကြိုးစားနေကြတယ်”

“အခုနောက်ပိုင်း မျိုးဆက်သစ်လူငယ်တွေ ဒါရိုက်တာတွေ အရမ်းတော်လာကြတယ်။ ကျနော်တို့ သူတို့ဆီက ပညာယူရတယ်။ သူတို့တင်တဲ့ ကားတွေ ကျနော်တို့ သွားကြည့်ရတယ်။ ကျနော်တို့က သူတို့ဆီက ထပ်တူ ယူရမယ်လို့ပြောတာ မဟုတ်ဘူး။ သူလုပ်ထားတဲ့ ကောင်းတာ ဘာရှိလဲ။ သူတို့လုပ်တာကောင်းလိုက်တာ။ အဲ့ဒါကို ကျနော်တို့ကလည်း ဘယ်လိုကောင်းအောင်လုပ်မလဲ ဆိုတာတွေ လေ့လာရတယ်။ အတုယူရတယ်။ ရုပ်ရှင်လောကကို ပိုပြိးကောင်းအောင် လုပ်ကြတာပေါ့။ ရောက်လာကြတာ အရမ်းဝမ်းသာတယ်”လို့ မင်းဦးကပြောပါတယ်။

မင်းဦးက ၂၀၁၆ ခုနှစ်မှာ အကယ်ဒမီဆု ရရှိခဲ့သလို သရုပ်ဆောင်ကောင်းတာကြောင့် လက်ရှိအချိန်အထိ ပရိသတ် အားပေးမှုကိုလည်း အခိုင်အမာ ရရှိထားပါတယ်။

The post ရုပ်ရှင်လောကသားတွေ အချင်းချင်း သဘောထားကွဲလွဲနေကြတာမျိုး မဖြစ်စေချင်တဲ့ မင်းဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...