Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ မသိတာရှိရင် ရွှေမှုံရတီကို မေးတယ်လို့ ပြောတဲ့ ရွှေထူး

$
0
0

အဆိုတော် ရွှေထူးရဲ့ ပထမဦးဆုံး ပွဲဦးထွက် ဇာတ်ကားဖြစ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ရုံတင်တော့မှာ ဖြစ်တာကြောင့် ရင်ခုန်နေတယ်လို့ ရွှေထူးက ပြောပါတယ်။

“ကျနော် ပထမဦးဆုံး မင်းသားနေရာကနေ ပွဲဦးထွက်ရိုက်ရတဲ့ ကားဆိုတော့ “ဧည့်သည်” ဇာတ်ကားကြီး ရုံတင်ရင်တော့ ရင်ခုန်တယ်။ မင်းသား မဟုတ်ပေမယ့် ကျနော့်အနုပညာ သရုပ်ဆောင်ချက်အပေါ် လာပြီးတော့ ဝေဖန်ကြပါဦး။ ကြည့်ရှုပေးကြပါဦးလို့ပဲ ကျနော့်ပရိသတ်ကြီးကို ပြောချင်ပါတယ်။ ကျနော့် သရုပ်ဆောင်မှု လိုအပ်ချက်တွေ အပေါ် နားလည်ပေးပါ။ ခွင့်လွှတ်ပေးပါဦး။ ကျနော် မသိတာရှိရင် ရွှေမှုံကို မေးတယ်။ သူကလည်း ပြောပြပေးတယ်”လို့ ရွှေထူးက ပြောပါတယ်။

“ဧည့်သည်” ရုပ်ရှင်ဇာတ်ကားမှာလည်း ရွှေထူးရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အသစ်တယောက်အနေနဲ့ သူအများကြီး သရုပ်ဆောင် ကောင်းပါတယ်လို့ ရွှေမှုံရတီက ဆိုပါတယ်။

“သဲကတော့ သဲနဲ့ ရိုက်တဲ့သူ မှန်သမျှကို သဲတတ်နိုင်သလောက် အားလုံးကို တွဲခေါ်ပါတယ်။ ကိုရွှေထူးကိုလည်း အဲ့တုန်းက သဲတတ်သလောက် မှတ်သလောက်လေး အကုန်ပြောပြဖြစ်ခဲ့ပါတယ်။ သူလည်း အကောင်းဆုံးကြိုးစားပြီး လိုက်လုပ်ခဲ့ပါတယ်။ သူလည်း အကုန်လုံးကြိုးစားပြီး လိုက်လုပ်ခဲ့တယ်။ အသစ်တယောက်အနေနဲ့ သူအများကြီး သရုပ်ဆောင် ကောင်းပါတယ်။ ဒါက သဲအမြင်ပါ။ ကျန်တာက သဲဝေဖန်တာထက် ပရိသတ်တွေ၊ ပရိုဂျူဆာတွေ ဝေဖန်တာ ပိုပြီး ကောင်းပါလိမ့်မယ်။ ဧည့်သည်ကား ရုံတင်ရင်လည်း အားပေးကြပါဦး” လို့ ရွှေမှုံရတီကပြောပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့က၊ နေပြည်တော် Park Royal ဟိုတယ်မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရ ကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်နေ့က အင်းလျားလိတ်ဟိုတယ်မှာ မင်္ဂလာ ညစာစားပွဲ ပြုလုပ်ခဲ့ကြပါတယ်။

သူတို့ ဇနီးမောင်နှံ နှစ်ယောက်အတူ တွဲဆိုထားတဲ့ “အမှား” သီချင်းကလည်း လူငယ် ပရိသတ်တွေကြားမှာ ရေပန်းစားလို့ နေပါတယ်။ သူတို့နှစ်ယောက် ဆုံတွေ့ခဲ့တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မေလ ၃ ရက်နေ့မှာ ရုံတင်ပြသမယ့် “ဧည့်သည်” ရုပ်ရှင်မှာ ရွှေထူး၊ ရွှေမှုံရတီနဲ့ နေခြည်ဦးတို့ အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။

The post သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ မသိတာရှိရင် ရွှေမှုံရတီကို မေးတယ်လို့ ပြောတဲ့ ရွှေထူး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles