Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Facebook မှာ အကောင့်တုတွေနဲ့ တိုက်ခိုက်နေကြတယ်၊ ဂုဏ်သိက္ခာ ချနေကြတယ်”လို့ သင်းသင်း ပြော

$
0
0

ကာမလိမ်လည်မှုဖြင့် သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုထားတဲ့ အလှမယ် သင်းသင်းကတော့ အမှုမှန်ပေါ်ပေါက်ရန်အတွက် သက်သေခံပစ္စည်းများကို ဆက်လက် တင်သွင်းသွားမှာဖြစ်တယ်လို့ ဒီနေ့ ၇ ကြိမ်မြောက် ရုံးချိန်းမှာ ပြောခဲ့ပါတယ်။

“ကျမကတော့ ဒီအမှုအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားတယ်။ မဟုတ်တာကို လိမ်လည်ထားတာ မဟုတ်တဲ့အတွက် တချို့ဆိုရင် Facebook ပေါ်မှာ အကောင့်တုတာတွေရော မတုတာရော တိုက်ခိုက်နေကြတယ်။ ဂုဏ်သိက္ခာ ချနေကြတယ်။ သူတို့ဘက်ကလည်း အမှန်တရားပျောက်ဖို့အတွက် လုပ်တယ်။ ကျမကတော့ အမှန်တရားမပေါ်မချင်း သက်သေခံပစ္စည်း တင်နေဦးမှာပါ။ ရုံးချိန်း တပတ်ချင်းတိုင်းမှာ သက်သေခံတင်သွားပါမယ်” လို့ အလှမယ် သင်းသင်းက ပြောပါတယ်။

ဒီနေ့ ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ သင်းသင်းဘက်မှ သက်သေခံများအနေနဲ့ ဝေဠုကျော်နဲ့အတူ စကား ပြောနေသော ဓာတ်ပုံ ၁ ပုံ ၊ နှစ်ဦးသား ဖုန်းပြောဆိုထားသော CD ချပ်တချပ်နဲ့ ဗီဒီယိုဖိုင်တခုကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သက်သေခံများကိုတော့ ဝေဠုကျော်ဘက်မှ သက်သေခံများက များနေတဲ့အတွက် အချိန်ကို ငဲ့ကွက်သောအားဖြင့် ကန့်ကွက်ခဲ့ပြီး နောက်တကြိမ် ရုံးချိန်းမှာတော့ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

“ဟိုဘက်က သက်သေခံ သွင်းတယ်။ သက်သေခံ သွင်းတဲ့အပေါ်မှာ တအားကြီးများနေတဲ့အတွက် အချိန်ကို လေးစားသောအားဖြင့် အပိုင်းလေးတွေ ခွဲပြီး တင်ပေးဖို့အတွက် ကန့်ကွက်ခဲ့တယ်။ စပ်ဆိုင်နေတဲ့အတွက် နောက်တပတ်မှာ လက်ခံသင့်၊ မခံသင့် အမိန့်ချမယ်ဆိုပြီး ချိန်းလိုက်တာပါ”လို့ ဝေဠုကျော်ရဲ့ရှေ့နေဖြစ်သူ ဦးဝေဖြိုးမြတ်က ပြောပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့က စတင်တရားစွဲဆိုခဲ့သော အဆိုပါအမှုမှာတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ရုံးချိန်းမှာ သင်းသင်းဘက်မှ ဝေဠုကျော်နဲ့ စတင်တွေ့ဆုံမှုမှ တရားစွဲဆိုမှုအထိ ဖြစ်လာရတဲ့ အကြောင်းအရာများကို တရားသူကြီးရှေ့မှောက်မှာ ထွက်ဆိုခဲ့ပါတယ်။

ယခုအချိန်ထိ တရားရုံးချိန်းများမှာလည်း တရားလိုဖြစ်သူ သင်းသင်းကိုသာ စစ်ဆေးနေဆဲ ကာလဖြစ်ပြီး ဝေဠုကျော်ကတော့ ကျပ်သိန်း ၅၀ ဖြင့် အာမခံရယူထားတာ ဖြစ်ပါတယ်။

“စောင့်ကြည့်ပေးပါလို့ပဲ ပြောချင်ပါတယ်။ ဒီနေ့ကတော့ သက်သေခံပစ္စည်း ထပ်တင်ခဲ့တာပဲ ရှိပါတယ်။ အမှုကတော့ ကြာနေတယ်၊ မကြာဘူးဆိုတာကတော့ ဥပဒေအရပဲ သိမှာပေါ့။ ကြာတယ်၊ မကြာဘူးကတော့ မခံယူပါဘူး။ အမှုစစ်တဲ့ အပတ်ချိန်းတိုင်းသွားခဲ့တယ်”လို့ သင်းသင်းကပြောပါတယ်။ အဆိုပါ အမှုရဲ့ နောက်တကြိမ် ရုံးချိန်းကိုတော့ မေလ ၂၄ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

The post “Facebook မှာ အကောင့်တုတွေနဲ့ တိုက်ခိုက်နေကြတယ်၊ ဂုဏ်သိက္ခာ ချနေကြတယ်”လို့ သင်းသင်း ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...