Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုလူချောအဖွဲ့နဲ့ ရုပ်ရှင်အစည်းအရုံးကြား အထင်လွဲနေမှုအကြောင်း ရှင်းပြတဲ့ အောင်ခိုင်

$
0
0

ပြီးခဲ့သော အကယ်ဒမီပေးပွဲမှာ လုပ်အားပေးခဲ့ကြတဲ့ ကိုလူချောအဖွဲ့ကို ဂုဏ်ပြုငွေ ချီးမြှင့်ငွေ မပေးအပ်ခဲ့တဲ့အပေါ် ကိုလူချောအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ သရုပ်ဆောင် အောင်ခိုင်က ဒီကိစ္စဟာ ရုပ်ရှင်အစည်းအရုံးနဲ့ ကိုလူချောအဖွဲ့ကြား နားလည်မှုလွဲသွားတာကြောင့် ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့အဖွဲ့က သူတွေအနေနဲ့ အကယ်ဒမီပေးပွဲတုန်းက လုပ်အားခ မရကြဘူးဆိုပြီး မီဒီယာတွေကို ဖြေဆိုသွားတယ်။ အဲ့ဒါကို ဘာမှ မပြောလိုပါဘူး။ သူတို့တွေရဲ့လူ့အခွင့်အရေးပဲလေ။ သူတို့ပြောစရာ ရှိတာကို ပြောကြတာပါ။ တကယ်တမ်းတော့ နားလည်မှုတွေ လွဲကြတာ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မပြောချင်တော့ဘူး။ သို့သော်လည်း အဖွဲ့အစည်း တခုမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် အစည်းအဝေးခေါ်ပြီးမှ ဆုံးဖြတ်ချက် ချကြတယ်”

“အခုလည်း အကယ်ဒမီပြီးသွားချိန်မှာ တခြားအလုပ်တွေ ရှိနေတဲ့ အစည်းအဝေး မလုပ်ဖြစ်ခဲ့ဘူး။ ကျနော်ကလည်း ဘုန်းကြီးဝတ်နေတဲ့အတွက် အစည်းအဝေး မလုပ်ဖြစ်တာကို ကိုယ့်အဖွဲ့တွေနဲ့လည်း ကင်းကွာနေတယ်။ ဒါကျနော့်ရဲ့ ညံ့ဖျင်းမှုလည်း ပါပါတယ်။ ကိုယ့်အဖွဲ့တွေနဲ့လည်း ကင်းကွာနေချိန် သူတို့ကိုမေးတော့ သူတို့ပြောမိပါတယ်လို့ ပြောကြတယ်”လို့ ကိုလူချောအဖွဲ့ရဲ့ ဥက္ကဋ္ဌ အောင်ခိုင်က ပြောပါတယ်။

ရုပ်ရှင်အစည်းအရုံးကလည်း ချီးမြှင့်ငွေ ပေးအပ်ခဲ့ပေမယ့် ကိုလူချောအဖွဲ့မှ အဖွဲ့သားတွေရဲ့ သဘောတူညီမှုနဲ့ ရုပ်ရှင် နှစ် ၁၀၀ ပွဲတော်ကို အလှူငွေပြန်လှူလိုက်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကလည်း ဆုံးဖြတ်ချက် ချလိုက်ပါတယ် ကိုလူချောအဖွဲ့ကို ၈ သိန်း ၁ သောင်း ချီးမြှင့်ပါတယ်။ ကိုလူချောတွေ ပြောတဲ့ထဲ စိတ်မကောင်းတာတခုက လုပ်အားခဆိုတဲ့ အသုံးအနှုန်းကို သုံးတာပါ။ ဒါလုပ်အားခ မဟုတ်ပါဘူး။ ကျနော်တို့အဖွဲ့က လုပ်အားပေးတယ်။ ဒါကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ချီးမြှင့်တယ်။ ဒါပဲ”

“၂၉ ရက်နေ့ အစည်းအဝေးမှာ ကိုလူချောအဖွဲ့တွေကို ဘယ်လောက် ချီးမြှင့်မယ်ဆိုတာ ဆုံးဖြတ်ပြီးပါပြီ၊ သူတို့လည်း နားလည်ကြပါပြီ။ ချီးမြှင့်ငွေကိုလည်း နောင်နှစ်မှာ လုပ်မယ့် ရုပ်ရှင်နှစ် ၁၀၀ ပွဲတော်အတွက် ၈ သိန်း ၁ သောင်းလုံး လှူဒါန်းလိုက်ပါတယ်။ ကိုလူချောအဖွဲ့အားလုံးရဲ့ သဘောတူညီမှုနဲ့ လှူတာပါ။ သူတို့တွေ အခုချိန်မှာ ငွေကြေး အဆင်မပြေကြ ပေမယ့် ကန့်ကွက်ကြတာတွေ ဘာမှ မရှိပါဘူး”လို့ ကိုလူချောအဖွဲ့ရဲ့ ဥက္ကဋ္ဌ အောင်ခိုင်က ပြောပါတယ်။

သရုပ်ဆောင် အောင်ခိုင်ဟာ လက်ရှိမှာ ဇာတ်ကားများကို လက်ခံရိုက်ကူးနေပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာလည်း အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။ ပရိသတ်တွေ အားပေးမှုကြောင့် အကယ်ဒမီ အောင်ခိုင် ဆိုတဲ့ နာမည်တလုံး ရရှိခဲ့သလို “ကိုလူချော” အဖွဲ့နဲ့လည်း ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

The post ကိုလူချောအဖွဲ့နဲ့ ရုပ်ရှင်အစည်းအရုံးကြား အထင်လွဲနေမှုအကြောင်း ရှင်းပြတဲ့ အောင်ခိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...