Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လူသားတွေကြောင့် ကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့ မျိုးစိတ်ပေါင်း ၁ သန်းကျော် ပျောက်ကွယ်လု နီးပါးဖြစ်

$
0
0

လူသားတွေရဲ့ ပယောဂကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြားမှာ ကမ္ဘာပေါ်မှာရှိတဲ့ ၈ သန်းကျော် မျိုးစိတ်တွေထဲမှာ ၁ သန်းကျော်ဟာ ပျောက်ကွယ်သွားပြီလို့ သိပ္ပံပညာရှင်တွေက သတိပေး ပြောကြားလိုက်ပါတယ်။

တိုးပွားလာတဲ့ လူဦးရေကြောင့် သဘာဝမှာ ရှင်သန်ပေါက်ဖွားနေတဲ့ မျိုးစိတ်အရေအတွက်လည်း လျော့နည်းသွားခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း ၅၀ ကျော်က ပညာရှင် ၁၄၅ ယောက် ပါဝင် စာတမ်းပြုစုထားတဲ့ သဘာဝဂေဟစနစ်ကို လေ့လာစောင့်ကြည့်ရေးအဖွဲ့ကြီးကနေ ကုလသမဂ္ဂညီလာခံမှာ တင်သွင်းတဲ့ အစီရင်ခံစာအရ ကမ္ဘာနဲ့အဝန်း မျိုးစိတ်တွေ အလျင်အမြန် ကွယ်ပျောက်လာတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၁၀ ကျော်က ထက်စာရင် ပိုမိုမြန်ဆန်လာတယ်လို့ ဖော်ပြထားပါတယ်။

သဘာဝအရင်းမြစ်တွေ အဓိကလျော့ပါးစေတဲ့ အကြောင်းရင်းကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ် ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့်လို့ ဆိုပါတယ်။ ကွယ်ပျောက်သွားတဲ့ မျိုးစိတ်တွေထဲမှာ အများဆုံးကတော့ ကုန်းနေရေနေ သတ္တဝါ ၄၀ ရာခိုင်နှုန်း၊ သန္တာကျောက်တန်း ၃၃ ရာခိုင်နှုန်း၊ ရေနေသတ္တဝါ သုံးပုံတပုံလောက်ဟာ ပျောက်ကွယ်ခဲ့ရပြီလို့ သိရပါတယ်။

ရာသီဥတုဖောက်ပြန်မှုရဲ့ အဓိကလက်သည် တရားခံကတော့ လူသားတွေဖြစ်ပြီး ဂေဟစနစ် ပျက်စီးကာ ကုန်းမြေ ရေပိုင်နက်တွေဟာ ဖွံ့ဖြိုးမှုရဲ့ဆိုးမွေကို ခံစားနေရတယ်လို့ ဆိုပါတယ်။ အစီရင်ခံစာမှာ အသားပေးဖော်ပြထားတာကတော့ မျိုးစိတ်တွေ ပျောက်ကွယ်ကုန်တာဟာ ကမ္ဘာပေါ်မှာ လူဦးရေအဆမတန် တိုးပွားလာမှုကြောင့်လို့ သတ်မှတ်ထားပါတယ်။

တိုးပွားလာတဲ့လူဦးရေအတွက် လိုအပ်ချက်တွေပြည့်မီအောင် ထုတ်ကုန်တွေကို လေးဆလောက် ပိုမိုထုတ်လုပ်လာကြသလို ကမ္ဘာပေါ်က သုံးပုံတပုံသော ရေချိုတွေကို စိုက်ပျိုးမွေးမြူရေးအတွက် ၇၅ ရာခိုင်နှုန်းလောက် သုံးစွဲနေရပါတယ်။

၂၀၁၅ ခုနှစ်မှာ၊ လူတွေအတွက် အစားအစာလိုအပ်ချက်ကြောင့် ရေနေသတ္တဝါတွေထဲက ငါးအမျိုးအစား ၇၅ ရာခိုင်နှုန်းကျော် ဖမ်းဆီးနေရတာကြောင့် အချို့အမျိုးအစားတွေဟာ မျိုးတုန်း ပျောက်ကွယ်နိုင်ချေဖြစ်လာခဲ့ပြီး ၁၉၇၀ နှစ်ထက်စာရင် တရားမဝင် သစ်ခုတ်မှုတွေ ၁၅ ရာခိုင်နှုန်းကျော် မြင့်တက်လာကာ အထူးသဖြင့် ကျွန်းသစ်တွေဟာ တရားမဝင် အများဆုံး ခုတ်ယူခံနေရတယ်လို့ အစီရင်ခံစာမှာ တင်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံတိုင်းက အစိုးရတွေဘက်ကလည်း ကမ္ဘာပေါ်က မျိုးစိတ်တွေ အလျင်အမြန် ပျောက်ကွယ်မသွားအောင် ကောင်းမွန်တဲ့ အစီအစဉ်တွေ ချမှတ်ပြီး ဖော်ဆောင်သင့်ပြီလို့ အကြံပြုထားပါတယ်။ အကယ်၍ ယခုပုံစံအတိုင်း ဆက်သွားနေရင် နောက်ထပ် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာ ကြောက်မက်ဖွယ် သဘာဝအန္တရာယ်တွေ နဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

Ref: CNN

The post လူသားတွေကြောင့် ကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့ မျိုးစိတ်ပေါင်း ၁ သန်းကျော် ပျောက်ကွယ်လု နီးပါးဖြစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...