Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Star Wars”ရုပ်ရှင်သစ်နဲ့ “Avatar”နောက်ဆက်တွဲ ရုပ်ရှင် ဖြန့်ချိ ပြသမယ့်ရက်များ ကြေညာ

$
0
0

မကြာသေးခင်တုန်းကပဲ နောက်ထပ် ထွက်ရှိလာမယ့် “Star Wars” ရုပ်ရှင် ၃ ကားနဲ့ “Avatar” နောက်ဆက်တွဲ ရုပ်ရှင်တွေ ဖြန့်ချိပြသမယ့်ရက်ကို ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့တုန်းက Disney ဟာ ၂၀၂၇ ခုနှစ်အထိ အမည်မပေးထားရသေးတဲ့ ကာတွန်းကနေ ရုပ်ရှင်အဖြစ် အသွင်ပြောင်းမယ့် Live-action ရုပ်ရှင်တွေ၊ အန်နီမေးရှင်းရုပ်ရှင်နဲ့ Marvel ရုပ်ရှင်တွေ ထွက်မယ့်ရက်ကို ထုတ်ပြန်လိုက်ပါတယ်။ အခုနှစ်မှာပြသမယ့် “The Rise of Skywalker” ရုပ်ရှင်နောက်ပိုင်းကစလို့ “Star Wars” ရုပ်ရှင်အသစ် ၃ ကားကို ရုံတင်ပြသမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Disney ဟာ ပထမဆုံး “Star Wars” ရုပ်ရှင်အပြီးမှာ ၃ နှစ်လောက်နားမှာ ဖြစ်ပါတယ်။ ၃ ကားတွဲထဲက ပထမဆုံး “Star Wars” ရုပ်ရှင်ကိုတော့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ရုံတင်မှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ၃ နှစ်အကြာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ ဒုတိယမြောက် ရုပ်ရှင်၊ အဲ့ဒီနောက် ၂ နှစ်အကြာ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ တတိယမြောက် ရုပ်ရှင်ကို ရုံတင်ပြသမှာပဲ ဖြစ်ပါတယ်။

Fox ရုပ်ရှင်ထုတ်လုပ်ရေးကို Disney က ဝယ်ယူပြီးတဲ့နောက် အဲ့ဒီကုမ္ပဏီ လက်အောက်ထဲ ရောက်သွားတဲ့ “Avatar” နောက်ဆက်တွဲ ရုပ်ရှင် ဖြန့်ချိမယ့်ရက်ကတော့ နောက်တကြိမ် နောက်ဆုတ် သွားပြန်ပါပြီ။ အဲ့ဒီ ရုပ်ရှင်အသစ်တွေကို ဒီဇင်ဘာလတိုင်းမှာ “Star Wars” ရုပ်ရှင်တွေနဲ့ တလှည့်စီ ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ “Avatar 2” ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်၊ “Avatar 3” ရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်၊ “Avatar 4” က ၂၀၂၅ ခုနှစ်နဲ့ “Avatar 5” ကတော့ ၂၀၂၇ ခုနှစ်တို့မှာ ပြသမှာဖြစ်ပါတယ်။ Twitter မှာတော့ ဒါရိုက်တာ James Cameron က “Avatar 2” ရုပ်ရှင်အသစ်ဖြန့်ချိမယ့်ရက် သတင်းကို ဝေမျှခဲ့ပြီး သူဟာ ရုပ်ရှင်ရိုက်ကူးရေးအတွက် အလုပ်ကြိုးစားနေတယ်လို့ ပြောဆိုထားပါတယ်။

Disney ကတော့ ဒါရိုက်တာကြီး Steven Spielberg ရဲ့ “West Side Story” ရုပ်ရှင်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြသမှာဖြစ်ပြီး နောက်တပတ်အကြာ ဒီဇင်ဘာလ ၂၃ ရက်မှာတော့ “Cruella” ရုပ်ရှင်ကိုပြသမှာဖြစ်ပါတယ်။ Fox ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “X-Men” ခွဲထွက်ရုပ်ရှင် “The New Mutants” ရုပ်ရှင် ပြသမယ့် ရက်ကတော့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃ ရက်အထိ နောက်ဆုတ်သွားပြီးဖြစ်ပါတယ်။

Ref:etcanada

The post “Star Wars” ရုပ်ရှင်သစ်နဲ့ “Avatar” နောက်ဆက်တွဲ ရုပ်ရှင် ဖြန့်ချိ ပြသမယ့်ရက်များ ကြေညာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...