Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

BigBang အဖွဲ့ဝင်ဟောင်း Seungri အတွက် ဖမ်းဝရမ်း ရဲတပ်ဖွဲ့ တောင်းခံ

$
0
0

ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ Kpop အနုပညာလောကမှာ ဟိုးလေးတကျော် ဖြစ်ရပ်တွေနောက်ပိုင်းမှာ Big Bang အဖွဲ့ဝင်ဟောင်း Seungri ဟာ ၁၇ ကြိမ်လောက် စစ်မေးခံခဲ့ရပေမယ့် ဖမ်းဝရမ်း ထုတ်၊ ဖမ်းဆီးခံခဲ့ရတာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မေလ ၈ ရက်နေ့မှာတော့ ရဲတပ်ဖွဲ့ဟာ Big Bang အဖွဲ့ဝင်ဟောင်း Seungri အနေနဲ့ စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာမယ့် သူတွေအတွက် ပြည့်တန်ဆာ ငှားရမ်းပေးတာနဲ့ Burning Sun နိုက်ကလပ် ပိုင်ဆိုင်တဲ့ ရန်ပုံငွေတွေနဲ့ ပတ်သက်လို့ မလျော်မကန်တာတွေ ရှိခဲ့တဲ့အကြောင်း စွပ်စွဲချက်တွေကြောင့်ပဲ နောက်ဆုံးမှာတော့ ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ဆိုးလ်မြို့ပြ ရဲတပ်ဖွဲ့အေဂျင်စီက Seungri နဲ့ ပူးတွဲထူထောင်ခဲ့တဲ့ Yuri Holdings အမှုဆောင် အရာရှိချုပ် ယူအင်ဆော့အတွက် ဖမ်းဝရမ်းကိုလည်း တောင်းခံခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် အဆိုတော် Seungri ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တို့မှာ သူပြုလုပ်ခဲ့တဲ့ ပါတီတွေအတွက် ပြည့်တန်ဆာတွေ ငှားရမ်းပေးခဲ့တာရယ် Yuri Holdings ကုမ္ပဏီထံကို Burning Sun ရဲ့ ရန်ပုံငွေ လှည့်ထုတ်ခဲ့တယ်ဆိုတဲ့ စွဲချက်ရယ်၊ ခွင့်ပြုချက်မရဘဲ ရိုက်ကူးထားတဲ့ အမျိုးသမီးတယောက်ရဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတပုံကို ဝေမျှခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ သံသယရှိထားခံရပါတယ်။

အခုလိုမျိုး Kpop လောကရဲ့ ဂယက်က ရဲတပ်ဖွဲ့ဝင်တွေရဲ့ လာဘ်စားမှုတွေကနေစလို့ အခွန်ရှောင်မှုတွေ အထိ မီးခိုးကြွက်လျှောက်ပေါ်လာခဲ့တာကို မြင်တွေ့ရပါတယ်။ အသက် ၃၀ အရွယ် အဆိုတော် Jung Joon-young ကိုလည်း Seungri အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ စကားပြောခန်းထဲမှာ အမျိုးသမီးတွေရဲ့ ညစ်ညမ်းဗီဒီယိုတွေ ဖြန့်ဝေမှုနဲ့ ဖမ်းဆီးခံထားရပြီးဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်အဆိုတော် Park Yoo Chun ဟာလည်း မူးယစ်ဆေးသုံးစွဲမှုနဲ့ အဖမ်းခံထားရပါတယ်။

မေလ ၈ ရက်နေ့၊ မနက်ပိုင်းမှာတော့ လာဘ်ငွေလက်ခံခဲ့တယ်လို့ သံသယရှိခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်တဦး အတွက် ဖမ်းဝရမ်းတခုကိုထုတ်ပေးဖို့ ကြားနာမှုကို ဆိုးလ်ဗဟိုခရိုင် တရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ Seungri ကတော့ ပြည့်တန်ဆာရှာဖွေပေးတာမျိုး သူမလုပ်ခဲ့ဘဲ ဟိုတယ်မှာ ၃ ရက်ကြာ တည်းခိုနေထိုင်ဖို့အတွက် ငွေပေးခဲ့တဲ့အကြောင်း ရဲတပ်ဖွဲ့ကို ပြောဆိုထားပါတယ်။

Ref: straitstimes

The post BigBang အဖွဲ့ဝင်ဟောင်း Seungri အတွက် ဖမ်းဝရမ်း ရဲတပ်ဖွဲ့ တောင်းခံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...