Marvel Cinematic Universe (MCU) ကနေ ဂေးစူပါဟီးရိုး ဇာတ်ကောင်တခုကို မကြာမီ မိတ်ဆက်တော့ မှာ ဖြစ်တယ်လို့ သိရပါတယ်။
MCU ရဲ့ သူဌေးဖြစ်တဲ့ Kevin Feige ဟာ မကြာတော့တဲ့ အနာဂတ်ကာလမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တယောက်ကို ချပြတော့မယ်လို့ Avengers: Endgame ရုပ်ရှင်ဒါရိုက်တာတွေ ဖြစ်တဲ့ Joe နဲ့ Anthony Russo တို့က ပြောဆိုလိုက်တာပါ။
ဒါရိုက်တာ Joe က ကုထုံးအခန်းထဲမှာ ပူဆွေးဝမ်းနည်းနေတဲ့ အမျိုးသားတဦးအနေနဲ့ မထင်မရှားဇာတ်ရုပ်ကနေ သရုပ်ဆောင်ခဲ့တဲ့အကြောင်း ပြောကြားရာကနေ အခုလိုမျိုး ထုတ်ပြောလိုက်တာလည်း ဖြစ်ပါတယ်။
Clik here to view.

EW Morning Live အစီအစဉ်မှာ မကြာမီ Marvel ရုပ်ရှင်တခုမှာ ပထမဆုံး ဂေးဇာတ်ကောင်ကို သရုပ်ဆောင်မှာလား ဆိုတဲ့ မေးခွန်းကို မေးမြန်းတဲ့အခါ ဒါရိုက်တာ Joe က “ဟုတ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံထားတဲ့ ဂေးပါ” လို့ ပြန်ဖြေခဲ့ပါတယ်။ အခြားဇာတ်ကောင်တွေရဲ့ လိင်တိမ်းညွှတ်မှုတွေနဲ့ ပတ်သက်လို့ မရေမရာ အခြေအနေတွေရှိပေမဲ့ ဒါဟာ ပထမဆုံး ဂေးဇာတ်ကောင် ဖြစ်တယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အဲ့ဒီဇာတ်ကောင်က ဘယ်သူလဲဆိုတဲ့မေးခွန်းကိုတော့ သူက “ကျနော်တို့ မကြာခင် သိရမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
အဲ့ဒီဂေးဇာတ်ကောင်ကို မကြာမီ တင်ဆက်မယ့်ရုပ်ရှင်တခုထဲမှာ ဖော်ပြဖို့စီစဉ်ထားပြီး သူဌေး Kevin က မကြာခင် ကြေညာလိမ့်မယ်လို့ ထင်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတုန်းက Kevin ဟာ အနာဂတ် Marvel ရုပ်ရှင်တွေမှာ ဂေးဇာတ်ကောင်နှစ်ခု ပါဝင်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
Ref: asiaone
The post မကြာမီထွက်ရှိလာမည့် ရုပ်ရှင်တွင် “ ဂေးစူပါဟီးရိုး” ပါဝင်လာမည်ဟု Russo Brothers အတည်ပြု appeared first on ဧရာဝတီ.