Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မေမေက နေခြည်ဆိုးသမျှကို သည်းခံပေးတဲ့အတွက် ကျေးဇူးတင်တယ်”

$
0
0

Beauty Blogger နေခြည်ဦးက အမေများနေ့နဲ့ ပတ်သက်တဲ့ အမှတ်တရများနဲ့ ပတ်သက်လို့ မိခင်ဖြစ်သူက သူဆိုးသမျှကို သည်းခံပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ကြောင်း ပြောပါတယ်။

“အမေများနေ့ကတော့ မေမေနဲ့ Videoလေးတော့ တင်ဖြစ်မယ်။ Live တင်ဖို့လည်း မေမေ့ဆီက Appointment ယူနေတယ်။ ရရင်တော့ နေခြည့် Page မှာ တင်မှာပါ။ မေမေ့ကို အရမ်းချစ်တယ်။ နေခြည်ဆိုးသမျှကို သည်းခံပေးတဲ့ အတွက်လည်း ကျေးဇူးအများကြီးတင်တယ်။ အမေနဲ့ စကားမပြောတဲ့သူတွေ အားလုံး “အမေများနေ့”မှာ Message လေးတစောင် ဖုန်းလေးတခါလောက်တော့ ဆက်ဖြစ်အောင်ဆက်ပါ”

“ ဘယ်လောက်ပဲစိတ်ဆိုးနေပါစေ။ ဘယ်လောက်ပဲ စိတ်ထဲမှာ နာကျဉ်းနေပြီးတော့ ခံယူချက်တွေ ပြင်းပါစေ၊ အမေက အမေပါပဲ။ သားသမီးက အမေကို ပြန်ချော့ရမယ်။ သည်းခံရမယ်။ အဲ့အတွက် အမေကို Messageလေးတစောင် လောက် ပို့လိုက်ရင် မိဘတွေရင်ထဲမှာလည်း အရမ်းပျော်သွားမှာပါ”

“နေခြည်ကတော့ မေမေ့ ကို Surprise လုပ်ဖို့ မရှိပါဘူး။ မေမေ့ကို လတိုင်းပဲပုံမှန်ထောက်ပံ့တယ်။ Shopping ထွက်ချင်ရင် ဝယ်ပေးတာဆိုတော့ နေခြည်ပျော်ပါတယ်။ နေခြည့်အတွက် အမေ့ကိုထောက်ပံ့နေတာနဲ့တင် နေ့တိုင်းမေမေ့ကို Surprise လုပ်နေတာနဲ့ တူတူပါပဲ”လို့ နေခြည်ဦးက ပြောပါတယ်။

ဇာတ်ကားရိုက်ကူးရေးရှိတဲ့အတွက် အားကစားတွေလုပ်ပြီး ဝိတ်တွေ ချနေတဲ့နေခြည်ဦးက လက်ရှိမှာ လက်ဝှေ့အားကစားကိုလည်း လေ့ကျင့်နေတယ်လို့ ဆိုပါတယ်။

“အားကစားလုပ်ဖြစ်နေတာက ကျန်းမာရေးအတွက် မဟုတ်ဘူး။ နောက်ရုပ်ရှင်ကားအတွက်ပါ။ အဲ့ကားလေးထဲမှာ Sexy ဖြစ်တယ် ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ရမှာဆိုတော့ ဝိတ်ကိုတော်တော်ချနေပါတယ်။ ၂လလောက်နေမှရိုက်မှာပါ။ လက်ဝှေ့ထိုးတာက ဝိတ်ကျဖို့အတွက် အရမ်းကောင်းတဲ့ အားကစားတခုပါ။ ဝိတ်ကျချင်သူတွေ လက်ဝှေ့ထိုးလို့ အဆင်ပြေပါတယ်”

“လက်ဝှေ့ဆော့လိုက်တော့ ဝိတ်ကျသွားတော့ အသားတွေတွဲလာတယ်။ အဲ့ အတွက် Gym ပြန်ကစား ရတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာက စိတ်ကူးထဲက ကောင်မလေးကာရိုက်တာမို့ နေခြည့်အနေနဲ့ အရင်ဆုံးက ပုံစံလည်းပြောင်းနေတာဖြစ်တဲ့အတွက် ဝိတ်ချနေတာပါ။ ဒီဝတ္ထုလေးကလည်း နေခြည်အရမ်းကြိုက်တဲ့ ဝတ္ထုလေး လာကမ်းလှမ်းတော့ အရမ်းဝမ်းသာရတယ်”လို့ နေခြည်ဦးကပြောပါတယ်။

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပြီး အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ နေခြည်ဦးကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးလာပြီး မကြာခင်မှာလည်း သူမရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

You may also like these stories:

ရှူတင်တွေကို မိခင်အစား ဖခင်ပဲ လိုက်ပေးတဲ့အကြောင်း ပြောပြတဲ့ ယဉ်လက်

ဖခင်ဖြစ်သူက ကားဝယ်ပေးလို့ ပျော်နေတဲ့ နေခြည်ဦး

အားလပ်ချိန်မရှိလို့ အချစ်ရေးတောင်နားထားတာဆိုတဲ့ နေခြည်ဦး

“နှာခေါင်းနဲ့ မျက်ရစ်ပြင်ပြီး ချောတယ်ပြောတဲ့ သူတိုင်းကို တကယ် ကျေးဇူးတင်တာပါ”

Beauty Blogger နေခြည်ဦး ပထမဆုံး ပါဝင်သရုပ်ဆောင်တဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကား

The post “မေမေက နေခြည်ဆိုးသမျှကို သည်းခံပေးတဲ့အတွက် ကျေးဇူးတင်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...