Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဟစ်တိုင်ကို အကယ်ဒမီ မမျှော်လင့်ရဲဘူး၊ ပရိသတ်တွေ ကြိုက်တာနဲ့တင် ကျေနပ်ပြီ”

$
0
0

လတ်တလော ရုံတင် ပြသနေတဲ့ သက်ငယ်မုဒိမ်း ပညာပေးကား “ဟစ်တိုင်” ရုပ်ရှင်ကို ပရိသတ်တွေ ကြိုက်တယ် ပြောတာနဲ့တင် ကျေနပ်ပြီး အိန္ဒြာကျော်ဇင်က အကယ်ဒမီတော့ မမျှော်လင့်ရဲဘူးလို့ ဆိုပါတယ်။

“ဟစ်တိုင်ကားလေးက ဝတ္ထုဖတ်ပြီးကတည်းက ကြိုက်ခဲ့ရတဲ့ ဇာတ်ပေါ့။ ရိုက်တဲ့အချိန်မှာလည်း ဒေါင်းနီ ဖြစ်အောင် ကြိုးစားခဲ့တယ်။ ဒေါင်းနီ ဖြစ်ဖို့လည်း စိတ်တွေရော Mood တွေရော ပြင်းထန်တဲ့အခါကျတော့ စိတ်လည်း ပင်ပန်းတယ်။ လူလည်း ပင်ပန်းခဲ့တယ်ပေါ့။ အခုတော့ ကြိုးစားခဲ့တာတွေ အရာထင်တယ်လို့ပြော ရမှာပေါ့”

“ဇာတ်ရဲ့ ရည်ရွယ်ချက်လေးကလည်း ကောင်းတယ်။ သမီး မိန်းကလေး ရှိတဲ့ အမေတွေအတွက် အသိလေးတွေ ရသွားဖို့ အတွက် ဒီကားလေး ရိုက်လိုက်တော့ အားလုံးအတွက် မှတ်မှတ်ထင်ထင်လေး ဖြစ်သွားတာပေါ့”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

“အူဝဲအနေနဲ့ အခုလို ပရိသတ်တွေ ကြိုက်ကြတယ် ပြောတာနဲ့ ကျေနပ်နေပါပြီ။ အကယ်ဒမီတော့ မမျှော်လင့်ရဲပါဘူး။ ဝတ္တုမှာတည်းက အရမ်းပေါက်ထားတဲ့ ဇာတ်ဖြစ်လို့ ဒီဇာတ်ကို လာငှားပေးတဲ့ ကုမ္ပဏီကိုလည်း ကျေးဇူးတင်သလို၊ ဒါရိုက်တာကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုပညာပေး ဇာတ်လမ်းမျိုးမှာ ပါဝင်ပြီးတော့ သရုပ်ဆောင်ရတဲ့အတွက် တော်တော်လေးကို ကျေနပ်မိပါတယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

ဒီဇာတ်ကားမှာ အိန္ဒြာကျော်ဇင်က အသစ်တွေနဲ့အတူ သရုပ်ဆောင်ထားပြီး ကိုယ်တိုင်ကလည်း သရုပ်ဆောင်အသစ် ဘဝကနေ တက်လာတာကြောင့် အသစ်တွေကို အမြဲကြိုဆိုပြီး တတ်နိုင်သမျှ ပြောပြပေးတယ်လို့ ဆိုပါတယ်။

“အူဝဲတို့လည်း အသစ်ကနေ တက်လာတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အူဝဲအနေနဲ့ အသစ်တွေကို အမြဲကြိုဆိုတယ်။ ကိုယ်တွေလောကမှာလည်း သရုပ်ဆောင်တွေ နည်းပါးတယ်။ ရှားတယ် ပြောရမယ်။ မင်းသားတွေ မင်းသမီးတွေ အကုန်လုံးကို ဖြစ်လာစေချင်တယ်။ အူဝဲနဲ့ တွဲရိုက်တဲ့သူတွေကိုတော့ တတ်နိုင်သမျှ မေးရင် ဖြေပေးတယ်။ တတ်နိုင်သမျှလည်း ပြောပြပေးတယ်”

“အဓိကက သူတို့ စိတ်ထဲမှာ အူဝဲတို့နဲ့ တွဲရိုက်တဲ့အခါ စိုးရိမ်ပူပန်မှုတွေ ရှိမနေအောင် အမြဲတမ်း သူတို့ကို ဆွဲခေါ်ပေးတယ်။ ဒီကားမှာလည်း အသစ်လေးတွေ အရမ်းကောင်းကြပါတယ်။ အသစ်တွေအနေနဲ့လည်း တော်တော် လုပ်နိုင်တယ်လို့ ပြောရမယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

စာရေးဆရာမ သျှင်မရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ထားတဲ့ “ဟစ်တိုင်” ရုပ်ရှင်ကားကို ဒါရိုက်တာဟိန်းစိုးက ပုံဖော် ရိုက်ကူးထားပြီး အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ထူးပြည့်အောင်၊ စိုင်းဝဏ္ဏအောင်၊ ဖြိုးပပထူး၊ James၊ စဝ်ယွန်းဝတီဦး၊ သန်းသန်းစိုး၊ စိုးမိုးကြည်၊ လှမျိုးသဉ္ဇာနွယ်၊ ဇင်မျိုး၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်နဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

လက်ရှိမှာလည်း အိန္ဒြာကျော်ဇင်က အနုပညာလှုပ်ရှားမှုအနေနဲ့ “ဇာတ်လိုက်” ဆိုတဲ့ ရုပ်ရှင်ကို ဒါရိုက်တာ ကိုပေါက်နဲ့ ရိုက်ကူးနေပြီး အဲဒီကားမှာ ကာရိုက်တာ အပြောင်းအလဲအနေနဲ့ အိန္ဒြာကျော်ဇင်ကို ယောကျာ်းလျာ တယောက်အဖြစ် မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

You may also like these stories:

၁၃ နှစ် အကြာမှာ ဒုတိယမြောက် အကယ်ဒမီဆု ရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်

“ဟစ်တိုင်” ဇာတ်ကားထဲမှာ အိန္ဒြာကျော်ဇင်ရဲ့ သူငယ်ချင်းနေရာက သရုပ်ဆောင်ထားတဲ့ မုဏ်း

မဟုတ်မခံ စိတ်ဓာတ်ရှိတဲ့ “ဒေါင်းနီမ” ဇာတ်ရုပ်နဲ့ မြင်တွေ့ရဦးမယ့် အိန္ဒြာကျော်ဇင်

ယနေ့ထိတိုင် ထွန်းတောက်နေဆဲ ကြယ်တပွင့် “အိန္ဒြာကျော်ဇင်”

The post “ဟစ်တိုင်ကို အကယ်ဒမီ မမျှော်လင့်ရဲဘူး၊ ပရိသတ်တွေ ကြိုက်တာနဲ့တင် ကျေနပ်ပြီ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...