Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂျိမ်းစ်ဘွန်းရုပ်ရှင် ရိုက်ကွင်းမှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကို Daniel Craig ခွဲစိတ်ကုသမှု ခံယူမည် 

$
0
0

ဗြိတိသျှမင်းသား Daniel Craig ဟာ နောက်ဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင် ရိုက်ကွင်းမှာ ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် အသေးစား ခြေကျင်းဝတ် ခွဲစိတ်ကုသမှုကို ခံယူရမှာဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ခွဲစိတ်မှုနဲ့ ပြန်လည်သက်သာမှုတို့ဟာ ရုပ်ရှင်ရဲ့ လာမယ့်နှစ်ထဲမှာ ဖြန့်ချိမယ်လို့ ခန့်မှန်းထားတဲ့ ရက်အပေါ် ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့ ထုတ်လုပ်သူတွေက မေလ ၂၂ ရက်နေ့မှာ ပြောဆိုပါတယ်။

အခုအထိ နာမည်မပေးရသေးတဲ့ နောက်ဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင်မှာ ပဉ္စမအကြိမ်မြောက် ဂန္တဝင် လျဝှက်အေးဂျင့်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Craig ဟာ ဂျမေကာနိုင်ငံက ရိုက်ကွင်းမှာ ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ တရားဝင် ဂျိမ်းစ်ဘွန်းရုပ်ရှင် Twitter အကောင့်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီ တရားဝင် စာမျက်နှာမှာကတော့ “Craig ဟာ ခွဲစိတ်မှုပြီးတဲ့နောက် သီတင်းနှစ်ပတ်လောက် ပြန်လည် သက်သာအောင်နေရမှာဖြစ်ပေမယ့် ထုတ်လုပ်ရေးကို ဆက်လုပ်သွားမှာပါ။ ရုပ်ရှင်ဟာ ၂၀၂၀ ခုနှစ်၊ ဧပြီလမှာ ဖြန့်ချိပြသဖို့ လမ်းကြောင်းမှာ ဆက်ရှိနေမှာပါ။” လို့ ဖော်ပြထားပါတယ်။

Variety မီဒီယာက မင်းသားဟာ ရိုက်ကွင်းပေါ်က ပြေးလွှားရတဲ့ဇာတ်ဝင်ခန်းကို သရုပ်ဆောင်နေစဉ်မှာ ချော်လဲကျခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ သူ့ရဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့ ကောလာဟလတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရုပ်ရှင်မှာ သရုပ်ဆောင်တဲ့ ဂျိမ်းစ်ဘွန်း သရုပ်ဆောင်တွေထဲမှာတော့ မင်းသား Craig ဟာ ကိုယ်ပိုင် စတန့်တော်တော်များများကို ပထမဆုံး လုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ သူဟာ “Casino Royale” ရုပ်ရှင်မှာ ပထမဆုံး ဘွန်းအဖြစ် ပွဲဦးထွက်လာစဉ်အခါက သွားနှစ်ချောင်းကျိုးခဲ့ပြီးတော့ “Quantum Of Solace” ရုပ်ရှင်ရိုက်ကွင်းမှာတော့ ပုခုံးကြွက်သား ဒဏ်ရာ ရရှိခဲ့ပါတယ်။

“Spectre” ရုပ်ရှင်မှာတော့ သူဟာ ဒူးဒဏ်ရာ ရရှိခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ် မင်းသား Craig ဟာ ၂၅ ကားမြောက် 007 ရုပ်ရှင်မှာ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖို့ နောက်ဆုံးအချိန်ကျမှ သဘောတူလိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်မှာ အော်စကာဆုရမင်းသား Rami Malek က ဗီလိန်အဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။

Ref: straitstimes

You may also like these stories:

ကော်ဖီ မအေးခင် အတိတ်ကို ပြန်သွားခွင့်ရမယ့် “Café Funiculi Funicula”

ကိုရီးယားရုပ်ရှင်ကို ဟင်ဒီစကားပြောနဲ့ ပြန်ရိုက်မယ့် ဘောလိဝုဒ်ကားမှာ Salman Khan ပါဝင်မည်

ဇူလိုင်လမှာ စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မယ့် BigBang အဖွဲ့ဝင် T.O.P

“Batman” သရုပ်ဆောင်အဖြစ် မင်းသား Robert Pattinson ကို ရွေးချယ်

The post ဂျိမ်းစ်ဘွန်းရုပ်ရှင် ရိုက်ကွင်းမှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကို Daniel Craig ခွဲစိတ်ကုသမှု ခံယူမည်  appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...