Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုကို ပရိသတ် ကြည့်ရကျိုးနပ်အောင် ရိုက်ကူးသွားမယ်လို့ ခန့်စည်သူ ပြော

$
0
0

စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္ထုများစွာထဲမှ ဝတ္ထုတပုဒ်ဖြစ်တဲ့ “ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်” ကိုတော့ သရုပ်ဆောင် ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို ၊ ခိုင်သင်းကြည်တို့ ၃ ဦးရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ “ခသုံးလုံး” ရုပ်ရှင် ထုတ်လုပ်ရေးကနေ မကြာခင်မှာ ဇာတ်လမ်းတွဲအဖြစ် ပုံဖော်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

အဲဒီ ဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ် ပုံဖော်တဲ့အခါမှာ ဆရာမကြီး စိတ်မပျက်အောင်နဲ့ ပရိသတ်များ ကြည့်ရကျိုးနပ်အောင် ကြိုးစားသွားမယ်လို့ ခန့်စည်သူက ပြောပါတယ်။

“ကျနော်တို့က လုပ်နိုင်တဲ့ အတိုင်းအတာထဲကနေ အစွမ်းကုန် ကြိုးစားပြီးတော့ တင်ဆက်သွားမှာပါ။ ပရိသတ်လည်း ကြည့်ရကျိုးနပ်အောင် ကြိုးစားမယ်။ ဆရာမကြီး စိတ်မပျက်အောင် ကြိုးစားပါ့မယ်” လို့ သရုပ်ဆောင် ခန့်စည်သူက ပြောပါတယ်။

ဝတ္ထုရေးသားခဲ့တဲ့အချိန်နဲ့ ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးမယ့်အချိန်ကတော့ ခေတ်ကာလ ကွာခြားနေတဲ့အတွက် ဇာတ်လမ်းတွဲထဲမှာတော့ အပီပြင်ဆုံးဖြစ်အောင် ဂရုစိုက်သွားမယ်လို့ ဆိုပါတယ်။

“ဒီဝတ္ထုကို စတည်တဲ့အချိန်က ၁၉၈၅၊ ၈၆၊ ၈၇ ခုနှစ် ပတ်ဝန်းကျင်ပေါ့။ ၁၉၈၈ နောက်ပိုင်းနဲ့ အရှေ့ပိုင်းက တော်တော် ကွာတယ်လေ။ ကျနော်တို့နိုင်ငံက အပြောင်းအလဲအရွေ့ကြီးက တော်တော်ကွာတယ် ဆိုတော့ ကျနော်တို့လည်း အရမ်းဂရုစိုက်ရမှာပါ။ ရိုက်ကူးတဲ့အခါမှာလည်း မီးခလုတ်တွေကအစ မပါအောင် ရိုက်ရမယ့်သဘော ရှိတယ်။ နောက်ပြီးတော့ အဆောက်အဦတွေကိုလည်း ဂရုစိုက်ပြီး ရိုက်သွားမှာပါ” လို့ ခန့်စည်သူက ပြောပါတယ်။

ဝတ္ထုအနေနဲ့ ကြိုက်နှစ်သက်ပြီး လူအများရဲ့ရင်ထဲရောက်ခဲ့တာကြောင့် ဇာတ်လမ်းတွဲအနေနဲ့ ပြန်လည်ပုံဖော်မယ့် အချိန်မှာတော့ ပရိသတ်များက စိုးရိမ်နေတဲ့အပေါ်မှာလည်း အခုလိုပြောပါတယ်။

“စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်လောက်ပါတယ်။ ဆရာမရဲ့ဝတ္ထုကလည်း တကယ့်ကို အရှိန်အဝါ ကြီးခဲ့တဲ့ ဝတ္ထု ဖြစ်တာပေါ့နော်။ အဓိက ဒီဝတ္ထုက ဆရာမ ဘာကိုပေးချင်လဲ ဆိုတာကို အကြိမ်ကြိမ်အခါခါ ကျနော်ဖတ်ပါတယ်။ အညာမှာရှိတဲ့ အညာဓလေ့လား။ မြန်မာ့ ယဉ်ကျေးမှုလား။ ဒီထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကျောင်းဆရာမလေးပေါ့နော်”

“ကျောင်းဆရာမလေးကို ဦးတည်ခြင်းအားဖြင့် တောကျောင်းတွေ နယ်ကျောင်းတွေက ဆရာမတွေကိုများ ကိုယ်စားပြုချင်တာလားဆိုတာကို သေချာဖတ်တဲ့အခါမှာ အများကြီး ပါပါတယ်။ တောဓလေ့လေးတွေ ပါတယ်။ ကျေးလက်ဓလေ့လေးတွေ ပါတယ်။ မြန်မာ့ ယဉ်ကျေးမှုပါတယ်”လို့ ခန့်စည်သူက ပြောပါတယ်။

ဒီဝတ္ထုကိုတော့ ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးပါက ရမယ့်အချိန်နဲ့ ဇာတ်လမ်းရဲ့ အသွားအလာ ပြည့်စုံမှု မရှိမှာကို စိုးရိမ်တာကြောင့် အပိုင်း ၄၀ ခန့်ပါတဲ့ ဇာတ်လမ်းတွဲအဖြစ် ပုံဖော်ရိုက်ကူးရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

You may also like these stories:

“ဆင်ဆာ ဒီထက်ပိုပြီး ဖြေလျော့ပေးရင် ပိုကောင်းလိမ့်မယ်” ဆိုတဲ့ ခန့်စည်သူ

သရုပ်ဆောင်အလုပ်ကို စတင်လုပ်နေပြီ ဖြစ်တဲ့ Team 143 မှ Double J နဲ့ မြတ်အမရာမောင်

“ခိုးကူးကြောင့် ဗီဒီယိုလောက ဘုံးဘုံးလဲကျပြီးပြီ”

The post ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုကို ပရိသတ် ကြည့်ရကျိုးနပ်အောင် ရိုက်ကူးသွားမယ်လို့ ခန့်စည်သူ ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လာဘ်ပေး ရန်မလို


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


ဆီးချိုကျ ဆေးနည်းတွေထဲက အလွယ်ဆုံးနဲ. ထိရောက်တဲ့နည်း မျှဝေလိုက်ပြီ


♪ ဂစ်တာတီးခတ်နည်းစာအုပ်များစုစည်းမှု (မြန်မာလိုစာအုပ်များ) ♫


မြန်မာမာရီယိုဂိမ်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု