Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ဝတ္ထုကို ပြန်ရိုက်ရတာ တာဝန် အရမ်းကြီးတယ်”

$
0
0

စာရေးဆရာမ ခင်ခင်ထူးရဲ့ နာမည်ကျော် ဝတ္ထုဖြစ်တဲ့ “ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်”ဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ် ပုံဖော်ရိုက်ကူးမယ့် ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဇော်မြင့်ဦးက ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ဝတ္ထုကို ပြန်ရိုက်ရတာ တာဝန်အရမ်းကြီးတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“တာဝန်ကြီးတာပေါ့။ တာဝန်ကြီးတာကတော့ ဆရာကြီးတွေ၊ ဆရာမကြီးတွေ ဝတ္ထုကို ပြန်ရိုက်ရတာ တာဝန် အကြီးဆုံးပါပဲ။ အခုကတော့ ဆရာမကြီးက နယ်မှာလည်း ဖြစ်နေတယ်။ ဆရာ ဦးဝင်းငြိမ်းဆီကပဲ သူလိုချင်တဲ့ ပုံစံလေးတွေကို ပြောတယ်။ ဒါကို ကျနော်တို့က ခံယူပြီးတော့ ဖန်တီးရမှာပေါ့”လို့ ဒါရိုက်တာ ဇော်မြင့်ဦးက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ ဖျော်ဖြေရေးနဲ့ အနုပညာကို ရောပြီး ဖန်တီးရိုက်ကူးသွားမှာဖြစ်ပြီး ပရိသတ် ခံစားနိုင်အောင် ခပ်ပေါပေါပုံစံ မဟုတ်ဘဲ ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

“ဒီကားမှာလည်း Entertainment နဲ့ Art ကို ရောရမှာပေါ့။ ပရိသတ်အတွက်က Entertainment ဘက်သွားမယ်။ ပြီးတော့ ဆရာမကြီးရဲ့ အနုပညာတွေ ပေါ်လွင်အောင်နဲ့ ပရိသတ်တွေ ခံစားနိုင်အောင် Art နဲ့ သွားမယ်။ ပရိသတ်တွေ ခံစားနိုင်အောင်လည်း ခပ်ပေါပေါပုံစံမျိုး မဟုတ်ဘဲနဲ့ ဒီထဲမှာ ဆရာမကြီး ဖန်တီးထားတဲ့ “စုန်းမ” လို့ အစွပ်စွဲခံရတာတွေ ပါတယ်။ လူဝင်စားဆိုတာလည်း ပါတယ်။ ဒါလေးတွေက ကျေးလက်ဒေသမှာ ဖြစ်လေ့ဖြစ်ထရှိတာလေးတွေကို ပရိသတ်စိတ်ဝင်စားအောင် ဖန်တီးရမှာပါ”လို့ ဒါရိုက်တာ ဇော်မြင့်ဦးကပြောပါတယ်။

ဒါရိုက်တာ ဇော်မြင့်ဦးကတော့ အဆိုပါ ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုနဲ့ သဘောတရားခြင်း ဆင်တဲ့ ဇာတ်လမ်းမျိုးကို ရိုက်ကူးခဲ့ဖူးတဲ့အတွက် အဲဒီအတွေ့အကြုံနဲ့ အကောင်းဆုံး ရိုက်ကူးသွားမယ်လို့ ပြောပါတယ်။

“ဒီလိုဇာတ်မျိုး ကျောင်းဆရာမ ဇာတ်မျိုးကို လွန်ခဲ့တဲ့ ၂နှစ်ကလည်း ဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ ‘ပန်းမြိုင်လယ်က ဥယျာဉ်မှူး’ အဲဒါကို ရုပ်ရှင်ပြန်ရိုက်တဲ့အခါကျတော့ ‘နေခြည်မှာ ရွှေရည်လောင်း’ ဆိုပြီးရိုက်ခဲ့တယ်။ အတွေ့အကြုံကလည်း ရှိပြီးသား။ ကျောင်းဆရာ ဇာတ်ပေါ့။ ဇာတ်သဘောတရားအရ ခပ်ဆင်ဆင်တွေပါပဲ။ အဲဒီတော့ ရှေ့မှာရိုက်ခဲ့တဲ့ အတွေ့အကြုံလေးတွေနဲ့ ဇာတ်ကို ပိုပြီးတော့ ပရိသတ်တွေ စိတ်ဝင်စားအောင် ဆရာမကြီးရဲ့ မူရင်းအရသာ ပေါ်လွင်လာအောင် ကြိုးစားပြီး ဖန်တီးသွားမှာပါ” လို့ ဒါရိုက်တာဇော်မြင့်ဦးက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ သရုပ်ဆောင်များအဖြစ် ခန့်စည်သူ၊ အောင်ရေချမ်း၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ ဖြိုးခန့်သော်၊ ဂရိတ်ချမ်း၊ ထက်မြက်၊ ကောင်းစစ်သွေး၊ ရွှေစင်ဝင့်ရှိန်၊ ဘုန်းဆက်သွင်နဲ့ အခြားသော သရုပ်ဆောင်များ ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဝတ္ထုထဲမှာ ခေတ် ၃ ခေတ် ပါတဲ့အတွက် ခေတ်နဲ့အညီ ညှိပြီးတော့လည်း ရိုက်ကူးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ခေတ် ၃ ခေတ် ပါနေတယ်။ စစ်ပြီးခေတ်၊ ၁၉၄၅ ခုနှစ်ဝန်းကျင်လောက်က တခေတ် ပါတယ်။ ၁၉၆၀ ပြည့်နှစ်လောက်မှာ တခေတ် ပါတယ်။ အခုလက်ရှိ ခေတ်ပါတယ်။ သူက ဆွေစဉ်မျိုးဆက်ပေါ့။ အဖိုးတွေခေတ်၊ အဖေတွေခေတ်၊ သားသမီးခေတ်၊ ရှေးအကျဆုံး အဖိုးတွေခေတ်မှာ ၁၉၄၅ ဝန်းကျင်လောက်ကို MRTV-4 က Talent တွေနဲ့ ဆွေးနွေးပြီးတော့ အဝတ်အစားတွေကအစ ပြောဆိုပုံတွေရော ညှိပြီးရိုက်ရမှာပေါ့” လို့ ဒါရိုက်တာ ဇော်မြင့်ဦးက ပြောပါတယ်။

အဆိုပါဇ ာတ်လမ်းတွဲကိုတော့ ဇွန်လအတွင်းမှ စတင်ကာ ပုပ္ပား၊ ကျောက်ပန်းတောင်း နယ်တဝိုက်မှာ ၃ လကြာရိုက်ကူးသွားမှာဖြစ်ပြီး MRTV-4 ရုပ်သံလိုင်းကနေ ပြသသွားမှာ ဖြစ်ပါတယ်။

You may also like these stories:

ကိုငြိမ်းမောင် တဖြစ်လဲ နေအောင် ပြောပြတဲ့ သင်္ကြန်မိုးရုပ်ရှင်ကားအကြောင်း

မိုးမိုး (အင်းလျား) ရဲ့”ငြိမ်းကိုရှက်ပါ” ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတဲ့ ဒါရိုက်တာ ဏကြီး

ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုကို ပရိသတ် ကြည့်ရကျိုးနပ်အောင် ရိုက်ကူးသွားမယ်လို့ ခန့်စည်သူ ပြော

The post “ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ဝတ္ထုကို ပြန်ရိုက်ရတာ တာဝန် အရမ်းကြီးတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...