Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သီလရှင်ဝတ်ပြီး လောဘ၊ ဒေါသ၊ မောဟတွေ ကင်းလာတယ်”လို့ ပြောတဲ့ အဆိုတော် ပိုပို 

$
0
0

အဆိုတော် ပိုပိုဟာ မကြာသေးခင်က မွေးနေ့ အမှတ်တရအဖြစ် စစ်ကိုင်းမှာ သီလရှင် ဝတ်ခဲ့ပြီး ဒီလို သီလရှင် ဝတ်ရတာ လောဘ၊ ဒေါသ၊ မောဟတွေ ကင်းပြီး ကုသိုလ်လည်း ရတယ်လို့ ဆိုပါတယ်။

“သီလရှင် ဝတ်တာတော့ စိတ်ချမ်းသာတယ်။ ကုသိုလ်တွေလည်း ရတယ်။ အေးချမ်းမှုအပြင် တရား နည်းနည်း ရတယ်။ အကယ်လို့ လူတွေက အလှအပတွေ မလုပ်ဘူး။ ရေမွှေးတွေ မဆွတ်ထားရင် အနံ့တွေ ထွက်ပြီး အပုပ်ကောင် ရုပ်ဆောင်ထားတာတွေလည်း သိရတယ်။ တရား ရပါတယ်။ အဓိက ကိုယ်ဘယ်လို စိတ်ထားရမလဲ။ အသေမဦးခင် ဉာဏ်ဦးအောင် တရားထိုင်ဖို့ စလုပ်နေရတယ်”

“နောက်ပိုင်း တရားတွေ ထိုင်ရမယ်။ အကျင့် လုပ်ရမယ်။ ကုသိုလ်ကိုလည်း အကျင့်လုပ်ပြီးတော့မှ ဘယ်အချိန်မှာ သေမလဲ မသိနိုင်ဘူး။ သေတဲ့အချိန်မှာ အကောင်းဆုံးဖြစ်ဖို့အတွက် ကြိုတင်ပြီး လုပ်တာပေါ့။ သီလရှင်ဝတ်နဲ့ တန်ခိုးကြီးဘုရားတွေ သွားဖူးတယ်။ ဆရာတော်ဘုရားကြီးတွေဖြစ်တဲ့ ပါချုပ်ဆရာတော်ဘုရားကြီး၊ ဖားအောက် ဆရာတော်ဘုရာကြီး၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၊ ကြည်သာချမ်းမြ ဆရာတော်ဘုရားကြီးတို့ ဖူးခွင့်ရတော့ အရမ်း စိတ်ချမ်းသာရတယ်။ လောဘ၊ ဒေါသ၊ မောဟတွေ ကင်းတယ်”လို့ အဆိုတော် ပိုပိုက ပြောပါတယ်။

အဆိုတော် ပိုပိုကတော့ သီလရှင်ထွက်ပြီး အခုအခါ ကတုံးဖက်ရှင်နဲ့ သီချင်းလုပ်မယ့်အပြင် ကတုံးနဲ့ လိုက်ဖက်မယ့် ဖက်ရှင်တွေကိုလည်း ကိုယ့်ဘာသာစဉ်းစားတယ်လို့ ဆိုပါတယ်။

“ကတုံးလေး ဖြစ်နေရတာ ကြိုက်ပါတယ်။ ခေါင်းလေးက အေးအေးလေး ဖြစ်နေတယ်။ ပူတဲ့အချိန် နေရတာ အရမ်း အဆင်ပြေတယ်။ ဆံပင်တုတွေလည်း တပ်မှာပါ။ အရင်က ဆံပင်ရှည်တွေနဲ့ လှလာခဲ့ပြီးပြီလေ။ အဲ့အတွက် ဂေါ်တာကို ကြိုက်တာကြောင့် ကတုံးနဲ့ ဖက်ရှင်မိုက်မိုက်လေး နေဖြစ်တယ်။ ဖက်ရှင်တွေကတော့ ကိုယ်တိုင်ပဲ စဉ်းစားတယ်။ ကတုံးဖြစ်နေတုန်း အမှတ်တရဖြစ်အောင် သီချင်းလုပ်ဖို့ရှိပါတယ်။ ပရိသတ်တွေ မခန့်မှန်းထားတဲ့ အဆိုတော် တယောက်နဲ့လည်း လုပ်ဖို့ရှိတယ်။ နည်းနည်းတော့ အချိန်ကြာဦးမယ်”လို့ ပိုပိုက ပြောပါတယ်။

အဆိုတော် ပိုပိုဟာ မကြာသေးခင်ကပဲ အသက် ၂၉ နှစ် ပြည့်ခဲ့တာ ဖြစ်ပါတယ်။ ပိုပို့ကို ပရိသတ်တွေက အချစ်သီချင်းတွေကတဆင့် စတင် သိရှိလာတာပါ။ ပိုပိုက ပထမဆုံး တကိုယ်တော် အဖြစ် “ချစ်ဖူးခဲ့သမျှ” တေးစီးရီး ထွက်ရှိပြီး “အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို” နဲ့ “Master Piece” တေးစီးရီး အခွေများ ထွက်ရှိထားပါတယ်။

You may also like these stories:

သီချင်းဆိုတာအပြင် အိမ်မှုကိစ္စပါ နိုင်နင်းတဲ့ အဆိုတော် ပိုပို

အဘွားတည်ခဲ့တဲ့ ဘုရားမှာ မွေးနေ့အလှူ လုပ်မယ့် အဆိုတော် ပိုပို

ဟာသ သရုပ်ဆောင် ကစ်ကစ်အတွက် ကျန်းမာရေး ထောက်ပံ့မှုတွေ ပေးနေတဲ့ ခင်သဇင်နဲ့ ပိုပို

The post “သီလရှင်ဝတ်ပြီး လောဘ၊ ဒေါသ၊ မောဟတွေ ကင်းလာတယ်”လို့ ပြောတဲ့ အဆိုတော် ပိုပို  appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်မာညစ်ညမ်းဗီဒီယို ထုတ်လုပ်မှု ရဲတပ်ဖွဲ့ စတင်စုံစမ်းစစ်ဆေး


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


စနေမင်း နှင့် တနင်္ဂနွေမင်း


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


လာဘ်ပေး ရန်မလို


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


ဆီးချိုကျ ဆေးနည်းတွေထဲက အလွယ်ဆုံးနဲ. ထိရောက်တဲ့နည်း မျှဝေလိုက်ပြီ


ဂျပန်နာမည်ကြီး အပြာမင်းသားကြီးနဲ့ ကိစ္စ သင်ဇာဝင့်ကျော်ပြောပြီ…..


TTA Oreo Gapp Installer


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)