Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“စီနီယာ သရုပ်ဆောင်တွေဆီက အတွေ့အကြုံတွေ အများကြီးရတယ်” လို့ ဆိုလာတဲ့ မေမြင့်မိုရ်

$
0
0

“ ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ စီနီယာသရုပ်ဆောင်တွေဖြစ်တဲ့ အိန္ဒြာကျော်ဇင် ၊ ခိုင်သင်းကြည်တို့နဲ့အတူ တွဲပြီး သရုပ်ဆောင်ရလို့ ပျော်နေတဲ့ မေမြင့်မိုရ်က ရိုက်ကွင်းပေါ်မှာလည်း စီနီယာတွေဆီက ပညာတွေ၊ အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်လို့ ဆိုပါတယ်

“ မအူဝဲတို့ မခိုင်လေးတို့နဲ့ Facebook Live တင်ဖြစ်တာက မမတို့က အရမ်းချစ်ဖိုကောင်းတယ်။ ညီမလေး တယောက်လိုလည်း ချစ်တယ်။ သင်လည်း သင်ပေးတယ်ဆိုတော့ အရမ်းလည်း ရင်းနှီးသွားတယ်။ ဓာတ်ပုံတွေလည်း ရိုက်ဖြစ်တယ်။ ညဘက်ဆိုလည်း ညစာတွေ ဘာတွေ အတူတူ စားဖြစ်တယ်။ ဇာတ်ကားလေးလည်း ပြီးခါနီးပြီဆိုတာနဲ့ အစ်မတို့ဆုံပြီး လွှင့်ဖြစ်သွားတာပါ”

“ မမတို့နဲ့အတူတူ သရုပ်ဆောင်တဲ့ အချိန်မှာ အများကြီး လေ့လာဖြစ်တယ်။ မမအူဝဲဆီကလည်း အတွေ့အကြုံတွေ ဗဟုသုတတွေ အများကြီးရတယ်။ စကားတွေလည်း အများကြီး ပြောဖြစ်တယ်။ မခိုင်လေးနဲ့လည်း မခိုင်လေး ပြောတဲ့ အတွေ့အကြုံတွေ ပညာတွေလည်း အများကြီး ရခဲ့ပါတယ်” လို့ သရုပ်ဆောင် မေမြင့်မိုရ်က ဆိုပါတယ်။

“ဇာတ်လိုက်”ရုပ်ရှင်ကားကြီးက ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရတာနဲ့ပတ်သက်ပြီးလည်း မေမြင့်မိုရ်က အခုလိုဆိုပါတယ်။

“ဇာတ်လိုက်ကားလေးက ပရိသတ်တွေ မျှော်ရကျိုးနပ်မယ့် ကားလေး တကားပါ။ ဒါရိုက်တာရော သရုပ်ဆောင် တွေရော တဖွဲ့သားလုံးရော စက်အဖွဲ့တွေရော ကြိုးစားရိုက်ကူးကြတယ်။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်တာကြောင့် အခက်အခဲတွေလည်း ရှိသလို မိုးရွာရင်လည်း အခက်အခဲ ဖြစ်တယ်”

“ အားလုံးဘုန်းကြီးကျောင်းမှာပဲနေခဲ့ကြရတယ်။ ချိုင်းထောက်နဲ့သရုပ်ဆောင်ရတဲ့ ကာရိုက်တာအတွက်လည်း ကြိုပြီးလေ့ကျင့်ထားတော့ အရမ်းအခက်အခဲတွေ မရှိပါဘူး။ အမှတ်တရကတော့ တကယ့်အပြင်မှာရှိတဲ့ ဇာတ်ကောင်တွေက လာကြည့်ကြတယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ် / May Myint Mo’s Facebook

ငယ်ငယ်ကတည်းက သရုပ်ဆောင်ကိုဝါသနာပါခဲ့တဲ့ မေမြင့်မိုရ်က ဇာတ်လမ်းတွဲဖြစ်ဖြစ် ရုပ်ရှင်ကားဖြစ်ဖြစ် အားထည့်ပြီး သရုပ်ဆောင်တယ်လို့ ဆိုပါတယ်။

“ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်ပြီး ဘယ်လို သင်ယူလည်းဆိုတာထက် ငယ်ငယ်ကတည်းက သရုပ်ဆောင်တာကို ဝါသနာပါတယ်။ ဒါပေမယ့် ငယ်ငယ်က မင်းသမီးဖြစ်ချင်တယ်ဆိုတာတော့ မရှိခဲ့ဘူး။ ငယ်ငယ်တုန်းက ဗီဒီယိုကားတွေ ရုပ်ရှင်တွေ ခဏခဏကြည့်ဖြစ်တယ်”

“ လောကထဲရောက်လာတော့လည်း ဒါရိုက်တာတွေ သင်ပေးတာနဲ့ စီနီယာတွေ သင်ပေးတာနဲ့ ပညာတွေ အများကြီးရလာတာပါပဲ။ သင်တန်းတော့ သီးသန့်တက်တာမရှိပါဘူး။ ဇာတ်လမ်းတွဲဖြစ်ဖြစ် ရုပ်ရှင်ကားဖြစ်ဖြစ် အားထည့်ပြီး သရုပ်ဆောင်ပါတယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ် ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေး ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် “ပန်းနုသွေး” ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ခဲ့သူပါ။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ Star Awards ဆုပေးပွဲမှာ Best Rising Star Female Award ကို ရရှိခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

You May Also Like These Stories:

ကာရိုက်တာတခုကို ပီပီပြင်ပြင်ပုံဖော်ဖို့ ခဲယဉ်းတယ်လို့ အိန္ဒြာကျော်ဇင် ပြော

မေတိုးခိုင်ကို ဇာတ်ကားနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလို့ မြင်တဲ့ နေတိုး

ခင်ခင်ထူး ဝတ္ထုထဲက “မပုန်းရည်” ကာရိုက်တာအတွက် ခိုင်သင်းကြည် ဘာတွေ ပြင်ဆင်ထားလဲ

The post “စီနီယာ သရုပ်ဆောင်တွေဆီက အတွေ့အကြုံတွေ အများကြီးရတယ်” လို့ ဆိုလာတဲ့ မေမြင့်မိုရ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...