ဟောလိဝုဒ်စတား Bradley Cooper နဲ့ စူပါမော်ဒယ် Irina Shayk တို့ဟာ ၄ နှစ်ကြာ တွဲခဲ့ကြပြီးတဲ့နောက် လမ်းခွဲလိုက်ကြပြီ ဖြစ်ပါတယ်။
People မဂ္ဂဇင်းရဲ့အဆိုအရ အသက် ၄၄ နှစ်အရွယ် Cooper နဲ့ အသက် ၃၃ နှစ်အရွယ် Shayk ဟာ သူတို့ရဲ့ အချစ်ရေးကို တရားဝင်အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ မတ်လမှာ ရရှိခဲ့တဲ့ သမီးလေး Lea De Seine ကို ဘယ်လို မျှဝေကျွေးမွေး စောင့်ရှောက်မယ်ဆိုတဲ့အပေါ်စဉ်းစားနေတယ်လု့ိလည်း ဆိုပါတယ်။
မင်းသား Cooper က ဗြိတိသျှမော်ဒယ် Suki Waterhouse နဲ့ လမ်းခွဲအပြီး၊ Shayk ကလည်း ဘောလုံးအကျော်အမော် Cristiano Ronaldo နဲ့လမ်းခွဲအပြီး ၂၀၁၅ ခုနှစ်အစောပိုင်းမှာ သူတို့နှစ်ယောက် စတင်တွဲခဲ့ကြတာလည်း ဖြစ်ပါတယ်။ အခုလိုမျိုး လမ်းခွဲတော့မယ်ဆိုတဲ့ သတင်းသဲ့သဲ့ ကြားရတာက လွန်ခဲ့တဲ့ ၂ ရက်လောက်က ဖြစ်ပါတယ်။
သတင်းတွေရဲ့အဆိုအရ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ခရောင်းလမ်း ဖြစ်ခဲ့ပြီး အခုအချိန်အထိ မပြီးပြတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ သူတို့နှစ်ယောက်လုံးကိုတော့ မင်းသားရဲ့ ရုပ်ရှင် “A Star is Born” က ဆုများစွာ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့စဉ် အော်စကာဆုပေးပွဲမှာ အတူတူ ပြန်မြင်တွေ့ခဲ့ရပါတယ်။
သတင်းရင်းမြစ်တခုက “Cooper နဲ့ Shayk တို့ဟာ တချို့အချိန်တွေမှာ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ကြပါတယ်။ အလုပ်ဖြစ်ဖို့လည်း နှစ်ယောက်လုံးက ကြိုးစားခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ သမီးလေးအတွက် အကောင်းဆုံး ဖြစ်စေလိုပေမယ့် အတူတူ နေတာဟာ အကောင်းဆုံး ဖြစ်မလာနိုင်ဘူးဆိုတဲ့ သဘောကို နားလည် သဘောပေါက်သွားပုံပါပဲ” လို့ Entertainment Tonight မီဒီယာကို ပြောကြားခဲ့ပါတယ်။
E! မီဒီယာက ရရှိခဲ့တဲ့ သတင်းရင်းမြစ်တခုကတော့ “သူတို့နှစ်ယောက်ဟာ အခြေအနေကို စမ်းသပ်ဖို့ အချိန်တချို့ ခွဲနေခဲ့ပြီး အခုတော့ ပိုကောင်းတာကိုတွေ့သွားပါပြီ။ တော်တော်လေးကို အားစိုက်ခဲ့ကြပေမယ့် အဲ့ဒီကနေ လှည့်ထွက်လာဖို့ကလည်း တော်တော်လေးကို ခက်ခဲပါတယ်။ သူတို့က မတူတဲ့ စီစဉ်မှုတွေကိုလုပ်ပြီး ကိုယ့်လမ်းကို ရှာဖွေခဲ့ပါတယ်။ သူတို့ဟာ သမီးလေးကိုလည်း တကယ်ချစ်ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ပြီးသားကိစ္စကိုတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။
Ref: hindustantimes
You may also like these stories:
အိန္ဒိယရဲ့ နာမည်ကျော် နန်းတော်တခုမှာ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra
‘Sherlock Holmes 3’ ရုပ်ရှင်ပြသမယ့်အချိန်ကို ၁ နှစ်နောက်ဆုတ်
ပထမဆုံး ဘီလီယံနာ Hip-hop အဆိုတော် ဖြစ်လာတဲ့ Jay-Z
“သူ့မှာ အမျိုးသား လိင်အင်္ဂါ ပါတယ်”လို့ ကောလာဟလ ထွက်ခဲ့ဖူးကြောင်း Lady Gaga ပြောပြ
The post ချစ်သူသက်တမ်း ၄ နှစ်အကြာမှာ လမ်းခွဲလိုက်တဲ့ မင်းသား Bradley Cooper နဲ့ မော်ဒယ် Irina Shayk appeared first on ဧရာဝတီ.