Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပါးလျလွန်းတဲ့ ဝတ်စုံကြောင့် မော်ဒယ် Ngoc Trinh ကို ဗီယက်နမ် အစိုးရ ဒဏ်တပ်နိုင်ဖွယ်ရှိ

$
0
0

ဗီယက်နမ်မော်ဒယ် Ngoc Trinh ဟာ ကိန်းစ်ရုပ်ရှင်ပွဲတော် ကော်ဇောနီ လမ်းမထက်မှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံနဲ့ ပတ်သက်လို့ ဗီယက်နမ်အစိုးရထံကနေ ဒဏ်ကြေးကြီးကြီး တပ်ခံရမှုနဲ့ ရင်ဆိုင်ရနိုင်ချေရှိတယ်လို့ ဆိုပါတယ်။

အသက် ၂၉ နှစ်အရွယ် မော်ဒယ် Trinh ဟာ မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၇၁ ကြိမ်မြောက် နှစ်ပတ်လည် ရုပ်ရှင်ပွဲတော်မှာ “The Hidden Life” ဆိုတဲ့ ရုပ်ရှင်အထူးပွဲမှာ ဝတ်ခဲ့တဲ့ ဝတ်စုံကြောင့် အခုလို အခြေအနေတွေ ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

Photogenic Supermodel Vietman ဆိုတဲ့ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့ Trinh ဟာ သူ့ရဲ့ခြေထောက်၊ ရင်သားနဲ့ ခန္ဓာကိုယ် အောက်ပိုင်းတို့ကို ပေါ်လွင်စေတဲ့ ဝတ်စုံကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး ဆိုရှယ် မီဒီယာပေါ်မှာတော့ တော်တော်လေး လူပြောများခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဝတ်စုံဟာ ရေကူးဝတ်စုံဒီဇိုင်းကို အပေါ်ကနေ အလွှာရှည်ထပ်အုပ်ထားတဲ့ ဂါဝန်ပုံစံနဲ့လည်း ဆင်တူပါတယ်။ Trinh ရဲ့ ဝတ်စုံကို ဆိုရှယ်မီဒီယာပေါ်မှာ ချီးမွန်းပြောဆိုတဲ့သူတွေ ရှိခဲ့ပေမယ့် အဲ့ဒီဝတ်စုံနဲ့ ပတ်သက်လို့ ဗီယက်နမ်နိုင်ငံမှာတော့ သူဟာ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဗီယက်နမ် မော်ဒယ် Ngoc Trinh

ဗီယက်နမ် ယဉ်ကျေးမှုဝန်ကြီး Nguyen Ngoc Thien က “သူ့ရဲ့ ဝတ်စုံဟာ အမြင်မတင့်တယ်ဘူး။ ဒေါသဖြစ်စရာကောင်းတယ်။ လူတွေအမြင်မှာ စိတ်ပျက်စရာဖြစ်စေတယ်” လို့ ဟနွိုင်းမြို့တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ပြောဆိုခဲ့တာပါ။

အဲဒီ မော်ဒယ်ဟာ ပွဲတက်ဖို့ ဝန်ကြီးဌာနကနေ လွှတ်လိုက်တဲ့ အနုပညာရှင် မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။ ဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ အဲ့ဒီဂါဝန်ဟာ အလွန်အကျွံ ပွင့်လင်းလွန်းပြီး စိတ်ပျက်စရာ ဖြစ်တယ်လို့ ဆိုပြီးတော့ ဒါဟာ ဗီယက်နမ်ရိုးရာ ယဉ်ကျေးမှုကို ချိုးဖောက်ရာ ရောက်တာကြောင့် ပြည်သူတွေအနေနဲ့ ဒီလိုမျိုး ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်တဲ့ကိစ္စကို ပြောဆိုဝေဖန်ကြဖို့ ပြောခဲ့ပါတယ်။

ဝန်ကြီးဌာနကတော့ အများပြည်သူရှေ့မှောက်မှာ မလုံ့တလုံဖြစ်တဲ့ ဝတ်စုံနဲ့ အမြင်မတင့်တယ်တဲ့ ဝတ်စုံတွေကို ဝတ်ဆင်တဲ့သူတွေအပေါ် ဒဏ်ကြေးချမှတ်ဖို့ အစိုးရကို ခွင့်ပြုပေးနိုင်မယ့် လက်ရှိဥပဒေတွေကို သုံးသပ်ရေး ဆွေးနွေးနေတယ်လို့လည်း ဆိုပါတယ်။

တခြားနိုင်ငံတခုမှာ ဝတ်ဆင်ခဲ့တာဖြစ်ပေမယ့် အခုလိုမျိုး ဝတ်စုံကို ဝတ်ဆင်ခြင်းဖြင့် ဗီယက်နမ်နိုင်ငံရဲ့ အများပြည်သူ လူမှုရေးကျင့်ဝတ် ဥပဒေတွေကို Trinh အနေနဲ့ ချိုးဖောက်ခဲ့ ခြင်း ရှိ၊ မရှိဆိုတာ စုံစမ်းစစ်ဆေးမှုတခုလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Instagram မှာ Follower ၂ ဒသမ ၃ သန်းရှိတဲ့ Trinh အနေနဲ့ကတော့ အခုလိုမျိုး ဝတ်စုံကို ရွေးချယ် ဝတ်ဆင်ခဲ့တာနဲ့ ပတ်သက်ပြီး တောင်းပန်ဖို့ ငြင်းဆန်ထားပါတယ်။

သူက “ကျမရဲ့ ဝတ်စုံကိုတော်တော်လေး ချီးကျူးတာတွေ့ပါတယ်။ ကိန်းစ် ကော်ဇောနီ လမ်းမထက်မှာ ကျမကို အထင်ကြီးလေးစားအောင် လုပ်နိုင်ခဲ့တဲ့ အဲ့ဒီဝတ်စုံနဲ့ကျမက လှနေတယ်လို့ ခံစားရတာကြောင့် လူတွေ ဝေဖန်လည်း ကျမ ဂရုမစိုက်ပါဘူး။ ကျမက တကမ္ဘာလုံးကို စိတ်ကျေနပ်အောင် လုပ်မပေးနိုင်ဘူးလေ” လို့ ဆိုပါတယ်။

Ref: buzz

You may also like these stories:

ရေကူးဝတ်စုံ ဝတ်ပြီး ရိုက်ခဲ့တဲ့ ရုပ်ရှင်အကြောင်း ပြောတဲ့ သရုပ်ဆောင် အိချောပို

ညစာစားပွဲမှာ တင်းကျပ်လွန်းတဲ့ဝတ်စုံကြောင့် မူးမေ့လဲခဲ့ရတဲ့ မင်းသမီး Elle Fanning

Met Gala ပွဲမှာ တလွှာချင်းချွတ်ပြီး ခန္ဓာကိုယ်အလှကို လှစ်ဟပြလိုက်တဲ့ လေဒီဂါဂါ

The post ပါးလျလွန်းတဲ့ ဝတ်စုံကြောင့် မော်ဒယ် Ngoc Trinh ကို ဗီယက်နမ် အစိုးရ ဒဏ်တပ်နိုင်ဖွယ်ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...