Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိသားစုတွေ စိတ်ညစ်ခဲ့ရတဲ့အတွက် စိတ်ထိခိုက်နေတဲ့ မော်ဒယ် နန်းမွေစံ

$
0
0

Sexy ဓာတ်ပုံများ ရိုက်ကူးပြီး တဖက်မှာလည်း ဆရာဝန်တဦးဖြစ်တဲ့ မော်ဒယ် နန်းမွေစံကတော့ ဆေးကုသခွင့်လိုင်စင် ပိတ်သိမ်းခံရတာကြောင့် လူ မထိခိုက်သော်လည်း မိသားစုက စိတ်ညစ်ရတဲ့အတွက် စိတ်ထိခိုက်ရတယ်လို့ ပြောပါတယ်။

“မွေစံက လူက မထိခိုက်ပေမယ့် စိတ်အရမ်း ထိခိုက်တယ်။ ပြီးတော့ အမေကလည်း စိတ်မကောင်းဖြစ်ရတယ်။ သူ့ကိုတောင် မွေစံက ပြန်ချော့နေရတယ်။ မွေစံက ဘာမှ မဖြစ်ပေမယ့် အမေက ငိုချင်သလို ဖြစ်နေလို့ အမေရယ် မငိုပါနဲ့လို့ လိုက်တောင်းပန်နေရတယ်။ မွေစံ့ကြောင့် မိသားစုတောင် စိတ်ညစ်သွားရတယ်။ ကျမ ကိုယ်တိုင်က ဆက်လုပ်နေတာတွေ ရှိတော့ တချိန်ကျရင်တော့ ဘယ်လိုဖြစ်မလဲ မသိဘူး”လို့ နန်းမွေစံက ပြောပါတယ်။

နန်းမွေစံကိုတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် သင့်လျော်မှု မရှိသော ဝတ်စား ဆင်ယင်မှုများဖြင့် Facebook ပေါ်တွင် ဓာတ်ပုံများ တင်တာကြောင့် မြန်မာနိုင်ငံ ဆေးကောင်စီက ခေါ်ယူကာ ကတိကဝတ် ပြုခိုင်းခဲ့သော်လည်း ဆက်လက် လုပ်ကိုင်နေတာကြောင့် ဆေးကုသခွင့်လိုင်စင်ကို ဇွန်လ ၃ ရက်နေ့က ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“စာရွက်ကြီး ရောက်လာတော့ အရမ်း အံ့သြသွားတယ်။ အရင်ကလည်း ရောက်ဖူးတယ်။ အဲ့လောက်ကြီး မထင်ထားဘူး။ အရင်တုန်းကတော့ သတိပေး စာရွက်တွေပဲပေါ့။ ၁ ရွက်၊ ၂ ရွက်ပဲ။ အိမ်ကို ခဏခဏ ရောက်တယ်။ ဒါပေမဲ့ ဒီလောက်ကြီး လုပ်လိမ့်မယ်လို့ မထင်ထားဘူး။ အခုကျတော့ လာပြန်ပေးပါတော့ ဆိုတော့ အရမ်းကို ရှော့ခ် ရသွားပါတယ်”လို့ နန်းမွေစံက ပြောပါတယ်။

ဆရာဝန်များထဲမှာလည်း Sexy ရိုက်ကူးနေတဲ့သူ များစွာ ရှိတဲ့ထဲမှ သူ့တယောက်တည်းကို ဆေးကုသခွင့်ပိတ်သိမ်းတာကို မေးမြန်းသွားဖို့ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနက ပရော်ဖက်ဆာများကိုလည်း သွားရောက်တောင်းပန်မယ်လို့ ပြောပါတယ်။

“မွေစံ့ အနေနဲ့ကတော့ အစိုးရကို ဘာမှသွားလုပ်လို့ မရဘူးလေ။ မြင့်မိုရ်တောင်ကို ဆီးစေ့နဲ့ ပေါက်သလို ဖြစ်နေမှာပေါ့။ ဒါပေမဲ့ တခုရှိတာက ကျန်းမာရေးဝန်ကြီးဌာနက ပရော်ဖက်ဆာတွေကို သွားတောင်းပန်မယ်ပေါ့။ အဲ့လောက်ပဲ လုပ်နိုင်ပါတယ်။ နောက်တချက်က ဆရာဝန် အနုပညာရှင်တွေလည်း အများကြီးရှိတယ်လေ။ မွေစံ တယောက်တည်း မဟုတ်ဘူး။ များလွန်းလို့ ဘယ်သူတွေလည်းတောင် မသိတော့ဘူး။ Miss တွေလည်း အများကြီးပဲ။ သူတို့တွေကျတော့ ဘာသံမှ မကြားရဘူး။ မွေစံ့ အလှည့်ကျမှ ဒီလိုလုပ်တာဘာကြောင့်လဲလို့တော့ မေးချင်တယ်”လို့ နန်းမွေစံက ပြောပါတယ်။

နန်းမွေစံအနေနဲ့ Photo Model အလုပ်ကို အဓိက လုပ်ကိုင်နေတာဖြစ်ပြီး တခြား အနုပညာအလုပ်များကိုလည်း လုပ်နေတာ မဟုတ်တဲ့အတွက် လတ်တလောမှာလည်း ဆေးကုသမှု လုပ်ကိုင်ခြင်း မရှိတာကြောင့် ဆေးကုသခွင့် လိုင်စင်ကို အပြီး သိမ်းသွားတာမျိုး မဟုတ်ဘဲ ဆိုင်းငံ့ထားပြီး နောင်တချိန်မှာ ဆေးကုသခွင့်ကို ပြန်လည်ပေးစေချင်တယ်လို့ ဆိုပါတယ်။

“ဆမကို ခဏလေးပြန်ပြီး အပ်ထားမယ်။ အပြီးအပိုင် မသိမ်းပါနဲ့လို့တော့ ပြန်ပြောဖို့ ရှိတယ်။ အပြီးအပိုင် မသိမ်းဘဲနဲ့ တချိန်ကျရင် လုပ်ချင်တဲ့အချိန် ပြန်တောင်းမယ်ပေါ့။ အဲ့လို စိတ်ကူးထားပါတယ်။ အဓိကက Photo Model ပဲ လုပ်နေတာ။ အနုပညာလို့တောင် ပြောလို့မရပါဘူး။ ရုပ်ရှင်တွေ ရိုက်နေတာလည်း မဟုတ်ဘူး။ သီချင်းတွေ လိုက်ဆိုနေတာလည်း မဟုတ်ဘူး။ ကိုယ့်ဘာသာ ဓာတ်ပုံရိုက်ပြီး Facebook ပေါ် တင်တာ။ ပြီးတော့ ဆရာဝန်မတွေလည်း အများကြီး ရှိတယ်။ သူတို့တွေလည်း ဆိုရှယ်မီဒီယာ သုံးကြတာပဲ။ တယောက်တည်းကို သိသိသာသာ လုပ်လိုက်တာဆိုတာကို ပြန်ပြီး ညှိနှိုင်းဖို့ ရှိပါတယ်”လို့ နန်းမွေစံက ပြောပါတယ်။

မြန်မာနိုင်ငံ ဆေးကောင်စီမှ အဆိုပါ ဆေးကုခွင့်လိုင်စင်ကို ဇွန်လ ၃ ရက်နေ့က ပိတ်သိမ်းလိုက်တာဖြစ်ပြီး စာပို့တဲ့နေ့မှ ၁ လအတွင်း နန်းမွေစံ ကိုင်ဆောင်ထားတဲ့ အထွေထွေ ဆေးကုသခွင့် လိုင်စင်ကို သွားရောက်အပ်နှံရမှာပဲ ဖြစ်ပါတယ်။

You may also like these stories:

ယနေ့ထိတိုင် ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင် မိုးဟေကိုရဲ့ လျှို့ဝှက်ချက်

လက်ခံထားတဲ့ ပွဲတိုင်းကို Sexy ဖက်ရှင်တွေပဲ ဝတ်ဖြစ်မယ့် သင်ဇာဝင့်ကျော်

“LGBT မဟုတ်ပါဘူး၊ ယောကျာ်းလေးပဲ စိတ်ဝင်စားတာပါ” ဆိုတဲ့ အဆိုတော် ဆိုဖီယာ

သမီးလေးကြောင့် အနုပညာလှုပ်ရှားမှုတွေ လျှော့ချလိုက်တဲ့ မော်ဒယ် လုလုအောင်

The post မိသားစုတွေ စိတ်ညစ်ခဲ့ရတဲ့အတွက် စိတ်ထိခိုက်နေတဲ့ မော်ဒယ် နန်းမွေစံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...