Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Tom Cruise နဲ့ ယှဉ်ပြိုင်ထိုးဖို့ စိန်ခေါ်ခဲ့တာဟာ စနောက်ခဲ့တာလို့ Justin Bieber ပြော

$
0
0

အဆိုတော် Justin Bieber ဟာ မင်းသား Tom Cruise ကို MMA ကြိုးဝိုင်းအတွင်းမှာ ယှဉ်ပြိုင်ထိုးသတ်ဖို့ စိန်ခေါ်ခဲ့ပြီးတဲ့နောက် အခုလိုမျိုးလုပ်ရပ်ကို စနောက်တဲ့ သဘောနဲ့ ပြုလုပ်ခဲ့တာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပြီး စိန်ခေါ်မှုကိုလည်း ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

အဆိုတော် Bieber ဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့တုန်းက Twitter မှာ မင်းသား Cruise ကို ဆဋ္ဌဂံပုံ ကြိုးဝိုင်းအတွင်းမှာ ထိုးသတ်ဖို့ စိန်ခေါ်ခဲ့ပြီး UFC ဥက္ကဋ္ဌ Dana White ကိုလည်း အဲ့ဒီပွဲ လက်ခံကျင်းပပေးဖို့ အကြံပြုခဲ့ပါတယ်။

အဆိုတော် Bieber က “ဆဋ္ဌဂံပုံ ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ Tom Cruise ကို ကျနော် စိန်ခေါ်ချင်ပါတယ်။ Tom ရေ တကယ်လို့ ခင်ဗျားက ဒီပွဲကိုကြောက်ပြီး လက်မခံဘူးဆိုရင် ခင်ဗျားက ဘယ်တော့မှ ခေါင်းဖော်နိုင်မှာ မဟုတ်တော့ဘူးနော်။ ဒီပွဲကို ဘယ်သူက လက်ခံကျင်းပပေးမှာလဲ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

မင်းသား Cruise ကရော၊ ဥက္ကဋ္ဌ White ကတော့ အဲ့ဒီ မက်ဆေ့ချ်ကို တုံ့ပြန်ခဲ့တာ မရှိခဲ့ပေမယ့် UFC စတား Conor McGregor ကတော့ နာမည်ကျော် နှစ်ယောက်ရဲ့ ပွဲကို စီစဉ်ကျင်းပပေးပြီး ကူညီဖို့ အလျင်အမြန်ပဲ ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမဲ့ အသက် ၂၅ နှစ်အရွယ် Bieber က အခုလိုမျိုးအသက် ၅၆ နှစ်အရွယ် မင်းသား Cruise နဲ့ ဆဋ္ဌဂံပုံ ကြိုးဝိုင်းအတွင်းမှာ ယှဉ်ပြိုင်ထိုးသတ်မယ်လို့ ပြောလိုက်တာဟာ စိတ်ရင်းနဲ့ ပြောတာမဟုတ်ဘူးလို့ ဆိုလာပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က လော့စ်အင်ဂျလိစ်မြို့မှာ Justin Bieber အပြင်ထွက်လည်နေတုန်း တွေ့ခဲ့တဲ့ ဓာတ်ပုံသတင်းထောက်တွေကို သူက “ကျနော်က နောက်လိုက်တာပါ” လို့ ပြောဆိုခဲ့ပါတယ်။ ပြီးတော့ Twitter သုံးနေတဲ့အချိန်မှာ ပျင်းလာတာကြောင့် ကြံရာမရဖြစ်ပြီး “Mission: Impossible” မင်းသားကို စိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်တာလို့လည်း ဆိုပါတယ်။

The Blast မီဒီယာရဲ့အဆိုအရ Bieber က “Tom ကျနော့် တင်ပါးကို ကန်နိုင်မယ်ဆိုတာ သေချာတယ်။ သူက ကျနော် နိုင်နိုင်တဲ့ ခန္ဓာကိုယ်အတန်းအစားထဲမှာ မဟုတ်ဘူးလေ”လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

Ref: aceshowbiz

You may also like these stories:

Justin Bieber နဲ့ ရင်သွေးယူချင်နေပြီ ဆိုတဲ့ Hailey Baldwin

မင်းသား Tom Cruise ပရိသတ်တွေ ပြန်လည်ကြည့်ရှုသင့်တဲ့ The Firm (1993)

Tom Cruise ကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ကင်းလွတ်ခဲ့ကြောင်း Nicole Kidman ရင်ဖွင့်

The post Tom Cruise နဲ့ ယှဉ်ပြိုင်ထိုးဖို့ စိန်ခေါ်ခဲ့တာဟာ စနောက်ခဲ့တာလို့ Justin Bieber ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...