Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂျိမ်းစ်ဘွန်းစတိုင် ရေငုပ်ကား ဒီဇိုင်းကို Tesla ပိုင်ဆိုင်ထားပြီ

$
0
0

သူဌေးကြီး Elon Musk ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့တုန်းက ဂျိမ်းစ်ဘွန်းရုပ်ရှင် “The Spy Who Loved Me” ထဲက Lotus Esprit အမျိုးအစား ကားနဲ့ ဆင်တူတဲ့ ရေငုပ်ကားအတွက် ဒီဇိုင်းကို ရရှိထားပြီ ဖြစ်တဲ့အကြောင်း ရှယ်ယာရှင်တွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

သူဌေးကြီး Musk က အဲဒီလိုမျိုး ရေငုပ်ကားတစီးကို ဖန်တီးဖို့ဆိုတာ ခက်ခဲတယ်လို့ ထင်ခဲ့ပေမယ့် နည်းပညာပိုင်းအရ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သူဟာ ၁၉၇၇ ခုနှစ်တုန်းက မင်းသားကြီး ရော်ဂျာမိုး ပါဝင်ခဲ့တဲ့ ရုပ်ရှင်ထဲက 1976 Lotus Esprit ကားကို ပိုင်ဆိုင်ထားပါတယ်။ Tesla အတွက်တော့ ရေငုပ်ကားတစီး ဖန်တီးဖို့ဆိုတာ ဖြေရခက်တဲ့ မေးခွန်း မဟုတ်ဘူးလို့လည်း သူဌေးကြီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကုမ္ပဏီရဲ့ နှစ်ပတ်လည် ရှယ်ယာရှင်များ အစည်းအဝေး အတွင်းမှာ အဲဒီ ရေငုပ်ကား တစီးကို ကုမ္ပဏီအနေနဲ့ ဖန်တီးဖို့ မျှော်လင့်ရနိုင်၊ မရနိုင် စတဲ့မေးခွန်းကို တုံ့ပြန်တဲ့ နေရာမှာ သူဌေးကြီးက “ခုနကတည်းက ပြောသင့်တာ။ ကျနော်တို့ဆီမှာ ‘The Spy Who Loved Me’ ထဲက ကားနဲ့ ဆင်တူတဲ့ ရေငုပ်ကား တစီးအတွက် ဒီဇိုင်း ရရှိထားပါပြီ” လို့ ပြောခဲ့ပါတယ်။

သူဌေးကြီး Musk ဆိုလိုတာက သူ့ရဲ့ 1976 Lotus Esprit ကားပုံစံကို ၁၉၇၇ ခုနှစ် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ထဲက ကုန်းရေ နှစ်မျိုးသွား ကားပုံစံအဖြစ် ဖန်တီးဖို့ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

သူက “ကျနော် ရုပ်ရှင်တခုထဲမှာ ကြည့်ခဲ့ရတဲ့ထဲ အဲ့ဒါဟာ အမိုက်ဆုံးအရာဖြစ်တယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။ သူလည်း အဲ့လို ကားတစီး ပိုင်ဆိုင်ထားတဲ့အကြောင်းလည်း ပြောပါတယ်။ အဲ့ဒီကားကို ၂၀၁၃ ခုနှစ်တုန်းက လေလံပွဲတခုမှာ ဒေါ်လာ ၉၉၇,၀၀၀ နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

“The Spy Who Loved Me” ရုပ်ရှင်ထဲမှာ ဂျိမ်းစ်ဘွန်းက Lotus Esprit ကို မောင်းနှင်တာ၊ ခလုတ်နှိ ပ်တာ၊ ရေအောက်ကို သွားမယ့် ရေငုပ်ကားအဖြစ် အသွင်းပြောင်းတာတွေကို ကြည့်ရတာ တောင်အာဖရိကနိုင်ငံက ကလေးငယ်လေး တယောက်လို အံ့သြမှုတွေ ဖြစ်ခဲ့ရတဲ့အကြောင်း၊ ရုပ်ရှင်ထဲကလို တကယ်အသွင်မပြောင်းနိုင်ဘူးလို့ သိရှိခဲ့ရတာကို စိတ်ပျက်မိတဲ့အကြောင်း၊ လက်တွေ့ အသွင်ပြောင်းနိုင်ဖို့ Tesla နဲ့အတူ အဆင့်မြှင့်တင်ဖို့ ကြိုးစားသွားမယ့်အကြောင်းလည်း ပြောဆိုထားပါတယ်။

Ref: businessinsider

You May Also Like These Stories: 

‘Bond 25’ ရုပ်ရှင်ရိုက်ကွင်းမှာ စမ်းသပ်ဖောက်ခွဲမှုကြောင့် ဝန်ထမ်းတဦး ဒဏ်ရာရရှိ

ခြေကျင်းဝတ်ဒဏ်ရာ ကုသပြီးနောက် “Bond 25” ရိုက်ကွင်းကို ပြန်ရောက်လာတဲ့ Daniel Craig

မင်းသား Daniel Craig ခြေကျင်းဝတ်ဒဏ်ရာရလို့ “Bond 25” ရိုက်ကူးရေး ခေတ္တ ရပ်နားထားရ

ဂျိမ်းစ်ဘွန်းရုပ်ရှင် ရိုက်ကွင်းမှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကို Daniel Craig ခွဲစိတ်ကုသမှု ခံယူမည် 

The post ဂျိမ်းစ်ဘွန်းစတိုင် ရေငုပ်ကား ဒီဇိုင်းကို Tesla ပိုင်ဆိုင်ထားပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...