Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြန်မာ့ဇာတ်သဘင်ကို ခေတ်နဲ့အညီ ကပြ ဖျော်ဖြေသွားမယ့် ဇာတ်မင်းသား သူရဗိုလ်

$
0
0

“သစ္စာ မေတ္တာ” ရွှေမန်းသဘင်ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ ဇာတ်မင်းသား သူရဗိုလ်က မင်းသားသြရအောင်နဲ့ ပူးပေါင်းပြီး မြန်မာမှု မြန်မာ့ဇာတ်သဘင်များကို ခေတ်နဲ့ လျော်ညီအောင်၊ ပရိသတ် မရိုးအောင် တင်ဆက်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်နဲ့ ညီလေး သြရအောင်နဲ့ ဇာတ်သဘင်အသစ်ကို ပရိသတ်ကိုလည်း မိတ်ဆက်ရင်း မီဒီယာပိုင်းကိုလည်း မိတ်ဆက် ဖြစ်ပါတယ်။ သြရအောင်နဲ့ ပေါင်းလုပ်ဖြစ်တာကတော့ သြရအောင် အမေကလည်း ကျနော့်ကို ချစ်တယ်။ သြရအောင်ကိုလည်း ညီလေးတယောက်လို ချစ်တဲ့အတွက် သူနဲ့ ပေါင်းပြီး အနုပညာသက်သက် ပြန်လုပ်ဖြစ်တာပါ”လို့ ဇာတ်မင်းသား သူရဗိုလ်က ပြောပါတယ်။

“သြရအောင်က မကဖြစ်တာ ၁ နှစ်ရှိပြီ၊ ကျနော်က ၄ နှစ် ရှိပြီ။ ကျနော်တို့ အသွေးသားထဲမှာ အနုပညာတွေ ရှိနေတော့ သူတို့ လုပ်မယ်ဆိုတာနဲ့ လုပ်ဖြစ်သွားတာ။ ကျနော်တို့ မြန်မာမှု မြန်မာ့ဇာတ်သဘင် ဖြစ်တဲ့အတွက် ခေတ်နဲ့ လျော်ညီအောင် ပရိသတ် မရိုးအောင် မညည်းညူအောင် တင်ဆက်သွားမှာပါ။ အခုက သဘင်အားပေးမှု နည်းပေမယ့် အားပေးတဲ့သူတွေလည်း ရှိနေသေးတာကြောင့် မကြောက်ပါဘူး”

“ကျနော်တို့ တတ်ကျွမ်းတဲ့ အနုပညာလေးနဲ့ ပရိသတ်ကို စေတနာ၊ မေတ္တာပေးမယ်။ ပရိသတ်ကလည်း စေတနာ၊ မေတ္တာတွေပဲ ပြန်လာလိမ့်မယ်လို့ ထင်တယ်။ အဲ့အတွက် ရဲရဲဝံ့ဝံ့နဲ့ အဖွဲ့အစည်းသစ်ကို တည်ထောင်တာပါ”လို့ ဇာတ်မင်းသား သူရဗိုလ်က ပြောပါတယ်။

ဇာတ်သဘင်ကို အားပေးတဲ့ ရန်ကုန် ပရိသတ်နဲ့ နယ်ပရိသတ်တွေ ကွာခြားပုံအကြောင်းကိုလည်း သူရဗိုလ်က အခုလိုပဲ ဆိုပါတယ်။

“အခုနောက်ပိုင်းမှာ စတိတ်ရှိုးကို ပိုပြီးတောင်းတယ်။ ရန်ကုန်က လူတွေကျတော့ အဲ့ဒါ မဆန်းဘူးလေ။ ရှိုးပွဲတွေဆိုလည်း သွားကြည့်လို့ ရနေတော့ မဆန်းဘူး။ အဲ့အတွက် ကျနော်တို့တွေက စတိတ်ရှိုးကို ထည့်ရတာပေါ့။ နယ်တွေနဲ့ ရန်ကုန် ကွာတာကတော့ နယ်ဘက်တွေက အာပေးကြမ်းတယ်”

“နယ်ဘက်က ချစ်ကြတာတမျိုး၊ ရန်ကုန်က ချစ်တာ တမျိုး မတူဘူး။ ကျနော်တို့ အဖွဲ့အစည်းအသစ်ကို ထောင်တယ်။ လူငယ်တွေ ဖြစ်တာကြောင့် လိုအပ်တာလေးတွေ ရှိရင် ထောက်ပြပါ၊ ဝေဖန်ပါ၊ ပြုပြင်ပါ့မယ်။ ကျနော်တို့အတွက် ထောင့်ပေါင်းစုံကနေတော့ စိန်ခေါ်မှုတွေကတော့ ရှိတာပေါ့”လို့ သူရဗိုလ်က ပြောပါတယ်။

ဇာတ်မင်းသား သူရဗိုလ်ဟာ ငယ်စဉ်ကတည်းက ဇာတ်သဘင်လောကထဲ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး “ချမ်းသာ” ဇာတ်မှာလည်း ကပြဖျော်ဖြေခဲ့ပါတယ်။ သူရဗိုလ်ဟာ “သစ္စာ မေတ္တာ” ရွှေမန်းသဘင် (ဝင်းဗိုလ်) ရဲ့ သားဖြစ်ပြီး မျိုးဆက်သစ် ဇာတ်အဖွဲ့အနေနဲ့ “ဗိုလ်ညီကို” ဇာတ်သဘင်အဖွဲ့အဖြစ် ကပြ ဖျော်ဖြေမှုများ ရှိခဲ့ပါတယ်။

You may also like these stories:

သားဖြစ်သူနဲ့ အတွေးအခေါ်တွေ မတူတဲ့အကြောင်း ပြောပြတဲ့ စင်ရော်မောင်မောင်

တောင်းစားနေတဲ့ လူရွှင်တော်ကြီး တိုင်းကျော်နဲ့ ပတ်သက်ပြီး တာဝန်ယူလိုက်တဲ့ ဇာတ်မင်းသား ဝင်းနောင်

မိသားစုတွေ စိတ်ညစ်ခဲ့ရတဲ့အတွက် စိတ်ထိခိုက်နေတဲ့ မော်ဒယ် နန်းမွေစံ

The post မြန်မာ့ဇာတ်သဘင်ကို ခေတ်နဲ့အညီ ကပြ ဖျော်ဖြေသွားမယ့် ဇာတ်မင်းသား သူရဗိုလ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...