Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒီတပတ်အတွက် ကြည့်စရာ

$
0
0

movie reviewဇာတ်ကားအမည် – ချစ်လှစွာသောအမုန်း
ပါဝင်သည့်သရုပ်ဆောင်များ – အောင်ရဲလင်း၊သက်မွန်မြင့်၊၀တ်မှုံရွှေရည်
ဒါရိုက်တာ – ဝိုင်း

ဒါရိုက်တာဝိုင်း မကြာခဏ ရိုက်ကူးလေ့ရှိတဲ့ စာရေးဆရာမပုညခင်ရဲ့ ဝတ္ထုဖြစ်ပြီး အမုန်းဆိုတဲ့ ကောင်မလေးနဲ့ မိုးစက်မေဆိုတဲ့ မိန်းမပျိုတဦးတို့နှစ်ယောက်ရဲ့ ဇာတ်ဖြစ်တယ်ဆိုရင်လည်းမမှားပါဘူး။ ဒီဇာတ်ကားကို ဇန်နဝါရီ၁ရက်နေ့ကတည်းက ရုံတင်ပြသနေတာဖြစ်ပြီး အခုပြောင်းလဲလိုက်တဲ့ ရုံပြိုင်စနစ်မှာ သတ်မှတ်ထားတဲ့ စံနှုန်းထက်ပရိသတ်အဝင်များလို့တလထပ်တိုးပြီးပြသရမယ့်ကားကြီးလည်းဖြစ်ပါတယ်။မိုးစက်မေ(သက်မွန်မြင့်)ရဲ့ အဖေ ဦးတိုးမင်း(ဇင်ဝိုင်း) က အမုန်း(ဝတ်မှုံရွှေရည်) ဆိုတဲ့နုံချာချာကောင်မလေးတယောက်ကို မှားယွင်းမိရာက လက်ထပ်လိုက်ပြီးအိမ်ကိုခေါ်လာခဲ့ပါတယ်။ မိုးစက်မေမှာ ဂါမဏီ(အောင်ရဲလင်း) လို့ခေါ်တဲ့ ငယ်စဉ်ကတည်းက သံယောဇဉ်တွယ်ခဲ့၊ ကြိတ်ပြီးချစ်နေရတဲ့သူငယ်ချင်းတယောက်လည်း ရှိပါတယ်။ ကိုယ့်ထက်ငယ်တဲ့ မိန်းကလေး တယောက်ကမိထွေးဖြစ်လာလို့ ဘာလဲလို့စောင့်ကြည့်နေရတဲ့ မိုးစက်မေတယောက် အမုန်းက သူထင်သလို ငွေကြေးဥစ္စာမက်မောသူတယောက်မဟုတ်တာကိုသိခဲ့လို့သနားမိခဲ့ပေမယ့် ငယ်သူငယ်ချင်း ဂါမဏီအပေါ်မှာ သံယောဇဉ်တွယ်နေတာကိုသိရတဲ့အခါသူ့ရဲ့ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်တွေကိုစကားတွေအများကြီးမပြောဘဲမျက်လုံးသရုပ်ဆောင်မှုတွေနဲ့ပဲဖော်ပြသွားနိုင်တဲ့သက်မွန်မြင့်ရဲ့သရုပ်ဆောင်မှုကကြည်ရှုရသူတွေကိုခံစားစေရတဲ့အတွက်သက်မွန်မြင့်အတွက်ကြည့်ပြီးတဲ့ပရိသတ်ကအကယ်ဒမီပေးပြီးနေပြီဖြစ်ပါတယ်။အရင်ဇာတ်ကားတွေနဲ့မတူရိုးသားနုံချာပြီးအချစ်ဆိုတာကိုဘာမှန်းမသိတဲ့တောသူလေးအမုန်းအဖြစ်သရုပ်ဆောင်တဲ့ ဝတ်မှုံရွှေရည်ရဲ့ ကာရိုက်တာကလည်း ဒီဇာတ်ကားမှာအံဝင်ခွင်ကျဖြစ်နေပါတယ်။ကာရိုက်တာမတူတဲ့မိန်းမသားနှစ်ယောက်ဖြစ်ပေမယ့်သူတို့နှစ်ယောက်တွေ့ဆုံတဲ့အခါဇာတ်ရှိန်မြင့်ပြီးကြည့်ရှုတဲ့ပရိသတ်ကိုဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားတကားလည်းဖြစ်ပါတယ်။ခံစားချက်ပြင်းထန်းလွန်းတဲ့အချစ်ခံစားချက်တွေကိုရိုက်ကူးပုံဖော်တတ်တဲ့ဒါရိုက်တာဝိုင်းရဲ့ချစ်လှစွာသောအမုန်းဇာတ်ကားကသိပ်အဆန်းအပြားလှည့်ကွက်တွေမပါဝင်ဘဲသာမန်ဇာတ်လမ်းတခုကိုတင်ဆက်သွားတာဖြစ်ပေမယ့်ကြည့်ရှုရတဲ့ပရိသတ်တွေကိုအငြိမ်လေးနဲ့ပဲတကားလုံးခေါ်ဆောင်သွားတဲ့ရုပ်ရှင်ကားတကားပဲဖြစ်ပါတယ်။သာယာတဲ့ဘဝတခုကိုပိုင်ဆိုင်ဖို့လှပတဲ့စိတ်ထားကလေးရှိဖို့လိုတယ်ဆိုတဲ့ဇာတ်သိမ်းခန်းကစာသားကလည်းကြည့်ရှုတဲ့ပရိသတ်ကို Message တခုပေးနိုင်မယ်လို့ထင်မိပါတယ်။

The post ဒီတပတ်အတွက် ကြည့်စရာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


လုလုအောင် HD အသစ်


MECTel CDMA 800 MHz ဖုန်း အသုံးပြု သူများ မိုဘိုင်းဖုန်း မှတစ် ဆင့်...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


Burmese to English Dictionary (Unicode)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


ဇော်လူစိမ်း ● ကာလပေါ်ဝတ္ထု