Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဘောလုံးသမား ရိုနယ်ဒို နဲ့ စူပါမော်ဒယ် အလက်ဇန်းဒယားတို့ရဲ့ ညှို့အားပြင်းပုံများ ကျော်ကြားနေ

$
0
0
celebrity,fashion and beauty,ဘာသာပြန် celebrity,fashion and beauty,ဘာသာပြန် celebrity,fashion and beauty,ဘာသာပြန် celebrity,fashion and beauty,ဘာသာပြန် celebrity,fashion and beauty,ဘာသာပြန် celebrity,fashion and beauty,ဘာသာပြန် celebrity,fashion and beauty,ဘာသာပြန် celebrity,fashion and beauty,ဘာသာပြန် celebrity,fashion and beauty,ဘာသာပြန်

ညှို့အားပြင်းပြင်း ယောကျာ်းပီသတဲ့ ခန္တာကိုယ်အချိုးအစားဖြင့် ကမ္ဘာကျော် ဘောလုံးသမားလည်းဖြစ် ရီးရဲမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးလည်းဖြစ်တဲ့ ခရစ်စတီယာနို ရိုနယ်ဒို နှင့် ကမ္ဘာကျော်အလှကုန် အမှတ်တံဆိပ်တခုဖြစ်တဲ့ Victoria’s Secret ရဲ့ စူပါမော်ဒယ် အလက်ဇန်းဒယား အန်ဗရိုစီယို ဂရေ့စ် တို့နှစ်ဦးရဲ့ ဆွဲဆောင်မှုအပြည့်နဲ့ ဓာတ်ပုံတွေဟာ လူကြိုက်များထင်ရှားလို့နေပါတယ်။

အဆိုပါ ဆွဲဆောင်မှုအပြည့်နဲ့ နာမည်ကျော်နှစ်ဦးရဲ့ ဓာတ်ပုံတွေဟာ GQ ဆိုတဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် နိုင်ငံတကာအမျိုးသားလစဉ်မဂ္ဂဇင်းရဲ့ ကာဗာဓာတ်ပုံတွေလည်း ဖြစ်ပါတယ်။

အဲ့ဒီ မဂ္ဂဇင်းကာဗာ ဓာတ်ပုံထဲက အပေါ်ပိုင်းဗလာကျင်းနဲ့ တောင့်တင်းတဲ့ ကြွက်သားတွေကို အသားပေး ဖော်ပြထားပြီး ယောကျာ်းဝတ်အတွင်းခံဘောင်းဘီအနီရောင်နဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္တာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသော အသက် ၃၀ အရွယ် ရိုနယ်ဒိုရဲ့ အသွင်အပြင်ဟာ ယောကျာ်းချင်းတောင် မနာလိုချင်စရာ ဖြစ်လောက်ပါတယ်လို့ US မဂ္ဂဇင်းက သတင်းတရပ်မှာ ဆိုထားပါတယ်။

အဲ့ဒီလို ဆွဲဆောင်မှုအပြည့်နဲ့ ရိုနယ်ဒိုရဲ့ ခန္တာကိုယ်ကို ကွယ်ပြီး အပေါ်ပိုင်းအ၀တ်အစားဗလာဖြင့် အတွင်းခံ ဘောင်းဘီတခုတည်းကိုသာ ၀တ်ဆင်ထားတဲ့ အသက် ၃၄ နှစ်အရွယ် အန်ဗရိုစီယိုရဲ့ လှပကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေဟာလည်း ပရိတ်သတ်ကို ပိုမိုဆွဲဆောင်နိုင်စေခဲ့တယ်လို့ ထင်ပါရဲ့။

ဒါ့ထက် သူတို့နှစ်ဦးရဲ့ တခြားသော ကြည်နူးစွဲမက်ဖွယ်ကောင်းတဲ့ ပုံတွေဟာလည်း မြင်ရသူအဖို့ ရင်ခုန်ချင်စရာပါ။

ကမ္ဘာကျော် ဘောလုံးသမား ရိုနယ်ဒိုနှင့် စူပါမော်ဒယ် အန်ဗရိုစီယိုတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ခပ်လန်းလန်း ပုံတွေကို ဧရာဝတီပရိတ်သတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။

Ref: GQ magazine.com/ us magazine.com

The post ဘောလုံးသမား ရိုနယ်ဒို နဲ့ စူပါမော်ဒယ် အလက်ဇန်းဒယားတို့ရဲ့ ညှို့အားပြင်းပုံများ ကျော်ကြားနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...