Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသမီးငါးလက်နဲ့ ပွဲထွက်လာတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီး အေဒင်ရဲ့နတ်သမီး

$
0
0
celebrity, film , စိုင်းစိုင်းခမ်းလှိုင်, ပိုင်ဖြိုးသူ, မေဂရေ့စ်, ၀င့်ယမှုံလှိုင်, မာရီကိုးလ်, မြနှင်းရည်လွင် celebrity, film , စိုင်းစိုင်းခမ်းလှိုင်, ပိုင်ဖြိုးသူ, မေဂရေ့စ်, ၀င့်ယမှုံလှိုင်, မာရီကိုးလ်, မြနှင်းရည်လွင် celebrity, film , စိုင်းစိုင်းခမ်းလှိုင်, ပိုင်ဖြိုးသူ, မေဂရေ့စ်, ၀င့်ယမှုံလှိုင်, မာရီကိုးလ်, မြနှင်းရည်လွင် celebrity, film , စိုင်းစိုင်းခမ်းလှိုင်, ပိုင်ဖြိုးသူ, မေဂရေ့စ်, ၀င့်ယမှုံလှိုင်, မာရီကိုးလ်, မြနှင်းရည်လွင်

၂၀၁၆ ခုနှစ် နှစ်စပိုင်းမှာပဲ အဆိုတော်စိုင်းစိုင်းခမ်းလှိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ အေဒင်ရဲ့ နတ်သမီး ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တော့မှာဖြစ်ပါတယ် ။  ဒီ ရုပ်ရှင်ကားကြီးဟာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပထမဆုံးခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ကားကြီးဖြစ်ပြီး မင်းသမီး ငါးလက်နဲ့အတူ ပွဲထွက်လာတဲ့ ရုပ်ရှင်ကားကြီးလဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်ကြတဲ့ မင်းသမီးငါးယောက်ကတော့ ပိုင်ဖြိုးသု၊ မေဂရေ့စ်၊ ၀င့်ယမှုံလှိုင်၊ မာရီကိုးလ်နဲ့ မြနှင်းရည်လွင်တို့ဖြစ်ပြီး ဒါရိုက်တာကတော့ မီးပွားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ စိုင်းစိုင်းခမ်းလှိုင်က အပြင်ကာရိုက်တာအတိုင်း အောင်မြင်နေတဲ့ လူငယ်အဆိုတော်တယောက်အဖြစ်ပါဝင်ထားပြီး စိုင်းစိုင်း တဖတ်သတ်စွဲလန်းရတဲ့ Dancer မလေးအဖြစ် မေဂရေ့စ်၊ စိုင်းစိုင်းကို တဖတ်သတ်ကြိုက်မိတဲ့ ပရိုဂျုဆာသမီးအဖြစ် မာရီကိုးလ်၊ သတင်းထောက်မလေးအဖြစ် ၀တ်ယမှုံလှိုင်၊ ရှေ့နေ့မလေးအဖြစ် မြနှင်းရည်လွင်နဲ့ စိုင်းစိုင်းရဲ့ ငယ်သူငယ်ချင်းအဖြစ် ပိုင်ဖြိုးသုတို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။

ဇာတ်လမ်းပုံစံက လူငယ်အကြိုက် ပုံစံဖြစ်ပြီး ဇာတ်လမ်းက လှည့်ကွက်လေးတွေ ပါဝင်တာမို့  ကြည့်ရှူ့တဲ့ ပရိသတ်ကိုဆွဲခေါ်သွားနိုင်တဲ့ ကားတကားလည်းဖြစ်ပါတယ်။ စိုင်းစိုင်းပရိသတ်တွေအတွက်ကတော့ ဒီကားကို ကြည့်ရှူ့မယ်ဆိုရင် အရင် အရင်တွေထက် သရုပ်ဆောင်မှုပိုပြီး ပီပြင်လာတဲ့ စိုင်းစိုင်းကိုတွေ့ရမှာဖြစ်လို့ ကျေနပ်ကြလိမ့်မယ်လို့လည်း မြင်မိပါတယ်။ ဒီဇာတ်ကားက စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ ပရိသတ်အားပေးမှုကို ရင်ခုန်စိတ်လှုပ်ရှားနေပြီး သရုပ်ဆောင်မှုအပိုင်းမှာလည်း အများကြီး ပြင်ဆင်ထားခဲ့တယ်လို့သိရပါတယ်။

ပါဝင်ကြတဲ့ သရုပ်ဆောင်တွေထဲက Dancer အဖြစ်ပါဝင်ထားတဲ့ မေဂရေ့စ်က “ဒီဇာတ်ကားက မေရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးပါ ဒီကားထဲမှာကိုယ်က Dancer ဆိုတော့ အကပိုင်းကို သုံးလလောက်ကျင့်ခဲ့ရပါတယ်။ ဒီကားကြီးမှာ နောက်ဆုံးဇာတ်သိမ်းခန်းကို ရိုက်ရတာ နည်းနည်းခက်ခဲခဲ့တယ်။ အခု ကိုယ့်မျက်နှာကြီးကို ပိတ်ကားပေါ်မှာအကြီးကြီးပြန်မြင်ရတော့ မကြည့်ရဲဘူး။ မျက်နှာကိုကွယ်ထားခဲ့တယ်” လို့ ပြောပြပါတယ်။

ဒီဇာတ်ကားထဲမှာ သွက်သွက်လက်လက် ထက်ထက်မြက်မြက်ရှိပြီး အသတ်ခံရတဲ့ သတင်းထောက်မလေး မြသစ်ခက်အဖြစ်ပါဝင်ထားတဲ့ ၀င့်ယမှုံလှိုင်ကတော့ “ဒီကားမှာ သတင်းထောက်ပုံစံ ကာရိုက်တာနဲ့မိန်းကလေးပါ။ ကိုယ်ကတော့ မင်းသမီးငါးလက်အပြိုင်ဆိုတော့ ကိုယ်ရတဲ့နေရာမှာတော့ အကောင်းဆုံးသရုပ်ဆောင်ခဲ့ပါတယ်။ ရုပ်ရှင်ကားကြီးမှာဆိုရင် ညီမရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါပဲ။ သတင်းထောက် ကာရိုက်တာကို သရုပ်ဆောင်ရတာ ပိုပြီးထူးဆန်းတယ်။ ဒီကာရိုက်တာကိုလည်း ကိုယ်က သဘောကျတယ်။ အတွေ့အကြုံ့တွေလည်း အများကြီးရပါတယ်လို့” ဧရာဝတီကို ပြောပြခဲ့ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကို  ဇန်န၀ါရီ ၂၉ ရက်နေ့က စတင်ပြီး ရန်ကုန် နဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ တောင်ကြီး၊ လာရှိုး၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပြင်ဦးလွင်၊ဘားအံ၊ ပုသိမ် တို့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

The post မင်းသမီးငါးလက်နဲ့ ပွဲထွက်လာတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီး အေဒင်ရဲ့နတ်သမီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...