Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဖေ့ဘုတ်မှာ ခေတ်စားနေတဲ့ မေမြတ်ဝါဆိုရဲ့ မြန်မာ့ရိုးရာဆန်းသစ်ဖက်ရှင်များ

$
0
0
မြန်မာဒီဇိုင်နာ မေမြတ်ဝါဆို(ဓာတ်ပုံ - မေမြတ်ဝါဆို ဖေ့ဘုတ်မှ) မေမြတ်ဝါဆို, ဖက်ရှင်ဒီဇိုင်း,ဒီဇိုင်နာ မေမြတ်ဝါဆို, ဖက်ရှင်ဒီဇိုင်း,ဒီဇိုင်နာ မေမြတ်ဝါဆို, ဖက်ရှင်ဒီဇိုင်း,ဒီဇိုင်နာ မေမြတ်ဝါဆို, ဖက်ရှင်ဒီဇိုင်း,ဒီဇိုင်နာ မေမြတ်ဝါဆို, ဖက်ရှင်ဒီဇိုင်း,ဒီဇိုင်နာ မေမြတ်ဝါဆို, ဖက်ရှင်ဒီဇိုင်း,ဒီဇိုင်နာ Untitled

ရှိုးပွဲတခုမှာ နိုင်ငံခြားမော်ဒယ်လ်လေးတွေက ပြန်လည်ဆန်းသစ် ဖန်တီးထားတဲ့ မြန်မာ့ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး ပြသနေပုံတွေဟာ လတ်တလောဖေ့ဘုတ်လူမှုကွန်ရက်ရှိ သဘောကျ နှစ်ခြိုက်သူတွေကြား ကယက်ထလို့ နေပါတယ်။

အဲ့ဒီပုံထဲက ဖက်ရှင်ဒီဇိုင်းဝတ်စုံတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ဟောင်ကောင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Hong Kong International Fashion Week Fall Winter 2016 ပြပွဲမှာ မြန်မာဒီဇိုင်နာ မေမြတ်ဝါဆိုရဲ့ ဒီဇိုင်းတွေပဲဖြစ်ပါတယ်။

ဒီလို နိုင်ငံတကာ ဖက်ရှင်ပြပွဲတွေမှာ မြန်မာဒီဇိုင်နာတွေအနေနဲ့ ကိုယ်ပိုင်ဒီဇိုင်မျိုးစုံနဲ့ သွားရောက် ပြသခဲ့ကြပေမယ့် မြန်မာ ပရိတ်သတ်များအကြား အခုလို ကြိုက်နှစ်သက်အားပေးကြတယ်ဆိုတာ အတော်လေး ရှားပါးလှပါတယ်။

ဒီလို မြန်မာရိုးရာဒီဇိုင်းတွေကို အခြေခံလို့ ပြန်လည်တီထွင် ဆန်းသစ်ထားတဲ့ ဒီ ၀တ်စုံလေးတွေနဲ့ ပတ်သက်လို့ ဒီဇိုင်နာ မေမြတ်ဝါဆို က “ဟိုမှာ သွားပြမယ်ဆိုတော့ မြန်မာဝတ်စုံပြမယ်လို့ စိတ်ကူးမိတယ်။ ဒါပေမယ့် Modernize Traditional Myanmar (ခေတ်မီဆန်းသစ်ထားတဲ့ မြန်မာရိုးရာ) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြတယ်။ မြန်မာပုံစံစစ်စစ်ကြီးလည်း မဟုတ်ဘူး။ ပြန်ပြီး တီထွင် ဆန်းသစ်ထားတဲ့ပုံမျိုးပေါ့။ ဘာကြောင့်လည်းဆိုတော့ ဟိုမှာက နိုင်ငံတကာ မော်ဒယ်လ်တွေ ၀တ်မယ်ဆိုတော့ တအားကြီး မြန်မာစစ်စစ်တော့ မလုပ်ထားဘူး။ နည်းနည်းရောစပ်ထားပါတယ်။” လို့ ဧရာဝတီကိုပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာကို ပြသချင်တဲ့ သူ့ရဲ့ရည်ရွယ်ချက်ကိုလည်း အခုလိုပြောပြပါတယ်။

“နောက်တခုက ရွှေချည်းထိုးပေါ့။ ရွှေချည်ထိုးကို အဓိကပြချင်တာပါ။ ရွှေချည်ထိုးအရုပ်တွေကို ကျမတို့ဆီမှာ Hand made လုပ်တယ်ဆိုတာ အဓိကပြချင်တာဆိုတော့ အပေါ်ပိုင်းအကျီလေးတွေကို ရွှေချည်ထိုးတွေနဲ့ အကုန်လုပ်ထားတယ်။ ပ၀ါတွေ ရေသီနားတွေကိုလည်း ရွှေချည်ထိုးတွေပါပဲ။ နောက် အရုပ်တွေအားလုံးက လည်း ရွှေချည်ထိုးတွေချည်းပါပဲ။ အရင်တုန်းက မြန်မာအမျိုးသမီးတွေဟာ ဒီလို ရေသီနားလေးတွေနဲ့ ၀တ်ကြပါတယ်။ အဓိက အဲ့ဒါကို ပြချင်တာပါ။ ပြီးတော့ ပုံတော်ဖိနပ်နဲ့ ခြေကျင်းဟာ မြန်မာတွေရဲ့ သင်္ကေတပေါ့။ ဒါကိုလည်း ပြချင်တယ်။ နောက် ပုဂံခေတ်က နားဋောင်းတွေ ဆံထိုးတွေ ဒါတွေ အားလုံးကိုပေါင်းစပ်ထားတာပါ။ ခေတ်တွေအားလုံးကို ယူထားတာပါ။ ထဘီမှာထည့်ထားတဲ့ တိုင်းရင်းသားအရုပ်လေးတွေမှာ ကယားတိုင်းရင်းသားနဲ့ ကယန်းလူမျိုးပုံစံ တွေပါတယ်။ ကျန်တာက မြန်မာ အမျိုးသမီးပုံစံ စောင်းတီးနေတာလေးတွေပါတယ်။ နောက်တခုက ကိန္နရီ အမရဲ့ အရုပ်ပုံလေးပါပါတယ်။ အ၀တ်စကိုတော့ ချင်းလူမျိုးတွေသုံးတဲ့ ဂျပ်ခုတ်ချည်သားပေါ်မှာမှ ရွှေချည်ထိုးထားတာပါ။” လို့ ဒီဇိုင်နာ မေမြတ်ဝါဆိုက ဆိုပါတယ်။

အဆိုပါ ဟောင်ကောင်ဖက်ရှင်ပြပွဲမှာ ပြသနေချိန်အတွင်းမှာရော ပွဲပြီးတဲ့အချိန်မှာပါ ဒီဝတ်စုံတွေနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး အထူးသဖြင့် အသုံးပြုထားတဲ့ အ၀တ်စနဲ့ ရွေချည်ထိုး၊ နားဋောင်း ပုံတော်ဖိနပ်တွေကို စိတ်ဝင်တစားနဲ့ စူးစမ်း မေးမြန်းခြင်းခံခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီဇိုင်နာ မေမြတ်ဝါဆိုရဲ့အခုလိုပြန်လည်ဆန်းသစ်ထားတဲ့ မြန်မာဝတ်စုံဒီဇိုင်းတွေနဲ့ ပတ်သက်လို့ ကြိုက်နှစ်သက်ကြသူများရှိသလို ထဘီဒီဇိုင်းမှာ တိုင်းရင်းသားအမျိုးသမီးပုံတွေ ထည့်သွင်းထားခြင်း တခြား အရုပ်ပုံလေးတွေ ထည့်သွင်းထားခြင်းအပေါ် ဝေဖန်ပြောဆိုနေတာတွေလည်းရှိပါတယ်။ အဲ့ဒီအပေါ် မေမြတ်ဝါဆို က ရှင်းပြခဲ့ပါတယ်။

“ဖေ့ဘုတ်မှာ တချို့လူတွေ အထင်လွဲထားတာရှိတယ်။ လောကနတ်အရုပ်ဆိုပြီး ထင်နေကြတယ်။ အဲ့ဒါ လောကနတ်အရုပ်လုံးဝမဟုတ်ပါဘူး။ ကိန္နရီ ကိန္နရာ အရုပ်ထဲမှာမှ ကိန္နရီ အမရဲ့ အရုပ်ပါ။ အဖိုလည်း မဟုတ်ပါဘူး။ အဲ့ဒါလေးတခုတော့ မှားပြီးထင်နေကြတယ်။ တချို့က တိုင်းရင်းသားပုံတွေကို ထဘီမှာ ကပ်တာမကြိုက်ဘူးလို့ ပြောကြတယ်။ ကျမ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က အင်းလေးသွားတုန်းက အဲ့ဒီမှာ သူတို့ ရက်ကန်းစင်မှာ ယက်နေတာ သူတို့ ရိုးရာမိန်းကလေးတွေရဲ့ အရုပ်တွေကို ထဘီမှာ တခါတည်း ပန်းချီဆေးရေးဆွဲတယ်။ အဲ့ဒါမျိုးတွေက ဟိုးအရင်ကတည်းက လုပ်ခဲ့တာပါ။ ကိုယ်က စပြီး အရုပ်တွေကို ထဘီမှာကပ်တာမဟုတ်ဘူး။ နောက် ဟိုးအရင် အငြိမ့်မင်းသမီးတွေလည်း ဒီလို ကိန္နရီ ကိန္နရာ အရုပ်တွေကို ထဘီမှာ ၀တ်ပြီးတော့ အငြိမ့်ကတယ်။ ဒါတွေလေ့လာပြီးတော့မှ ဒီလိုပုံတွေသုံးသင့်မသုံးသင့် စိစစ်ပြီး လုပ်ခဲ့တာပါ။” လို့ သူကဆိုပါတယ်။
မြန်မာဒီဇိုင်နာ မေမြတ်ဝါဆိုဟာ ဒီဇိုင်နာ သက်တမ်း ၉ နှစ်ရှိပြီဖြစ်ပါတယ်။

Hong Kong International Fashion Week Fall Winter 2016 ပြပွဲမှာ နိုင်ငံပေါင်း ၈၀ ကျော်က ဒီဇိုင်နာများရဲ့ ဒီဇိုင်းများကို ပါဝင်ပြသခဲ့ကြပါတယ်။

The post ဖေ့ဘုတ်မှာ ခေတ်စားနေတဲ့ မေမြတ်ဝါဆိုရဲ့ မြန်မာ့ရိုးရာဆန်းသစ်ဖက်ရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...