Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရန်ကုန်မှာ လာဖျော်ဖြေပေးမယ့် ထိုင်ဝမ် သံစုံတီးဝိုင်း

$
0
0
Myanmar Music Festival, ယဉ်ကျေးမှုတက္ကသိုလ်, Myanmar Music Festival, ယဉ်ကျေးမှုတက္ကသိုလ်,

Myanmar Music Festival ပွဲတော်တခုဖြစ်တဲ့ A Golden Evening Of Music ဟု အမည်ပေးထားသော သံစုံတီးဝိုင်းဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ မြန်မာပြည်က ပညာရှင်များအပြင် ထိုင်ဝမ်က music orchestra တီးဝိုင်းက လာရောက်ပြီးဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ ထိုင်ဝမ်တီးဝိုင်းက ကမ္ဘာကျော်ဖြစ်တဲ့ ဗီသိုဗင်၊ မိုးစက် တေးဂီတများအပြင် တခြား solo တီးခတ် ဖျော်ဖြေမှုများနဲ့အတူ မြန်မာတေးသီချင်းလေးပုဒ်ကိုလည်း တီးခတ်ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ မြန်မာသီချင်းများမှာ တိမ်တမန်၊ ဆောင်းရယ်နှင်းရယ် ကိုယ့်ချစ်သူရယ် တေးသီချင်းတွေဖြစ်ကြပြီး ယဉ်ကျေးမှုတက္ကသိုလ်က ပညာရှင်များက ပါဝင်အားဖြည့်ကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂီတပညာရှင် ဓိရာမိုရ် ရေးစပ်သီကုံးထားတဲ့ “ဧရာဝတီ” ဆိုတဲ့ တေးသီချင်းကိုလည်း တမူထူခြားဆန်းပြားတဲ့ ပုံစံမျိုးတွေနဲ့ တီးဝိုင်းမှာပါဝင်ကြသူများက မြစ်ရေစီးသံများနဲ့အတူ song effect များကိုပါ ထည့်သွင်းပြီး တီးခတ် သွားကြမှာဖြစ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုတက္ကသိုလ်မှ ပါမောက္ခဆရာ ဓိရာမိုရ်ရဲ့ တေးသီချင်းတပုဒ်ဖြစ်တဲ့ End Of This Light တေးသွားကိုလည်း ထိုင်ဝမ်သံစုံတီးဝိုင်းနဲ့အတူ ဖျော်ဖြေပေးမှာဖြစ်ကာ ဒီပွဲမှာ မြန်မာနိုင်ငံက အနော်မာ သုခုမ အဖွဲ့အစည်းကလည်း ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ဒီပွဲကို ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာဂီတနဲ့ပတ်သက်ပြီး မျိုးဆက်သစ်များ ထပ်မံပေါ်ပေါက်လာပြီး စိတ်ဝင်စားမှုအပိုင်းလည်း ပိုမိုများပြားလာစေဖို့ ရည်ရွယ်တယ်လို့ အနော်မာသုခုမရဲ့ အတွင်းရေးမှူး ဦးမိုးမင်းက ပြောပြပါတယ်။

ဒီ ဖျော်ဖြေပွဲကိုလာမယ့် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ရန်ကုန်မြို့ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားဇာတ်ရုံမှာ ကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး ၀င်ကြေးကတော့ အခမဲ့ ဖြစ်ပါတယ်။

The post ရန်ကုန်မှာ လာဖျော်ဖြေပေးမယ့် ထိုင်ဝမ် သံစုံတီးဝိုင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...