

ဟယ်ရီပေါ်တာ ၈အုပ်မြောက်စာအုပ်ကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖြန့်ချိသွားမှာဖြစ်တယ်လို့ သိရပါတယ်။
စာအုပ်အမည်ကို Harry Potter and the Cursed Child ဖြစ်ပြီး အပိုင်း ၁ – ၂ ပါဝင်မှာဖြစ်ပါတယ်။
ဒီစာအုပ်မှာ ဟယ်ရီပေါ်တာကို ကလေး ၃ယောက် ဖခင်၊ မှော်ဝန်ကြီးဌာနတွင် အလုပ်အရမ်းများသော ၀န်ထမ်းတယောက်အဖြစ် ဖန်တီးထားပါတယ်။
ဒါ့အပြင် အခု ၈ အုပ်မြောက်စာအုပ်မှာလည်း ဟယ်ရီပေါ်တာရဲ့ အသတ်ခံခဲ့ရသော မိဘများ အကြောင်းလည်းပါဝင်တယ်လို့ စာရေးဆရာမ J.K.Rowling ကပြောပါတယ်။
စာအုပ်ထုတ်ဝေသူများဖြစ်ကြသော Little, Brown Book Group ရဲ့ အမှူဆောင်အရာရှိ David Shelleyက “Harry Potter and the Cursed Child” စာအုပ်ကို ထုတ်ဝေဖို့ ကျနော်တို့ အရမ်း စိတ်လှုပ်ရှားရပါတယ်။” လို့ လည်း ပြောဆိုခဲ့ပါတယ်။
ဟယ်ရီပေါ်တာ နောက်ဆုံးထွက်ရှိထားသော Harry Potter and Death Hallows ဆိုတဲ့ ဇာတ်ကားနိဂုံးတွင် (Battle of Hogwarts) ဟော့ဝက်ဒ်ကျောင်းတော်တိုက်ပွဲ အပြီး ၁၉ နှစ်အကြာတွင် ဟော့ဝက်ကျောင်းသွားတက်မယ့် သူရဲ့ကလေးကို နှုတ်ဆက်နေတဲ့ မြင်ကွင်းနဲ့ အဆုံးသတ်ထားခဲ့တာပါ။
စာရေးဆရာမ ဂျေကေရိုးလင်း (J.K.Rowling) ရေးသားခဲ့တဲ့ အရောင်းရဆုံး ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများကို ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့ပြီး တကမ္ဘာလုံးတွင် ကော်ပီ ၄၅၀ မီလျံကျော် ရောင်းချခဲ့ရပါတယ်။
Ref: BBC
The post ဟယ်ရီပေါ်တာ ၈ အုပ်မြောက်စာအုပ် ထွက်မည် appeared first on ဧရာဝတီ.