Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Gay ဇာတ်ကားဆိုတာ အပြင်မှာဖြစ်နေတာကို ရုပ်ရှင်ပိတ်ကားထက်မှာ ပြန်လည်ဖော်ကျူးတာ

$
0
0
အလင်းရောင်, ရည်းစားဦး, Oh My Crush

Huawei GR5 မိတ်ဆက်ပွဲမှာ တွေ့ရတဲ့ သရုပ်ဆောင် အလင်းရောင်

အနုပညာအလုပ်တွေ လုပ်တာကြာပြီ ဖြစ်ပေမယ့် ရုပ်ရှင်ဇာတ်ကားတွေမှာ ခပ်ကြဲကြဲသာ တွေ့ရတဲ့ မော်ဒယ်လ် သရုပ်ဆောင် အလင်းရောင်က သူ့ရဲ့ မကြာခင် ထွက်ရှိတော့မယ့် တကိုယ်တော် တေးစီးရီး အယ်လ်ဘမ် အတွက် ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။

၂၀၁၆ အစပိုင်းမှာ အလင်းရောင်၊ သဉ္ဇာနွယ်ဝင်း ၊ အားဝေတို့နဲ့ အတူ တွဲဖက် ပါဝင် သရုပ်ဆောင်ထားတဲ့ “ရည်စားဦး” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိထားပါတယ်။

အလင်းရောင်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု၊ နောက်ထွက်ရှိလာမယ့် ဇာတ်ကားတွေအကြောင်း၊ နောက်ထပ် ရိုက်ကူးမယ့် ဇာတ်လမ်းပုံစံတွေအကြောင်းနဲ့ သူ ပြင်ဆင်နေတဲ့ သူ့ရဲ့ တကိုယ်တော် တေးသီချင်း အယ်လ်ဘမ် အကြောင်းတွေကို ဧရာဝတီ သတင်းထောက် သီဟတိုးက အလင်းရောင်ကို တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး။ ။ အလင်းရောင်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုကို သိချင်ပါတယ်။

ဖြေ ။ ။ လတ်တလောအနေနဲ့ ကျနော့်ရဲ့ ၅ လပိုင်းမှာထွက်မယ့် “Oh My Crush” အယ်လ်ဘမ် အတွက် သီချင်း Music Video ရိုက်နေတယ်။ ပြီးတော့ ဒီလကုန်မှာ ကျနော် ရုပ်ရှင်ကားကြီးတကား ရိုက်ဖို့ ပြင်ဆင် နေပါတယ်။

မေး။ ။ သိပ်မကြာသေးခင်က အလင်းရောင် ပါဝင်သရုပ်ဆောင်ထားတဲ့ “ရည်းစားဦး” ရုပ်ရှင်ဇာတ်ကား ထွက်ရှိ ထားတယ်။ အဲဒီဇာတ်ကားမှာ ကိုယ့်ရဲ့ သရုပ်ဆောင်မှုအပေါ်မှာ ဘယ်လိုလဲ၊ ကျေနပ်အားရမှုရှိလား။

ဖြေ ။ ။ ကျေနပ် အားရမှုရှိလားဆိုတော့ အဲ့ဒါက လွန်ခဲ့တဲ့ သုံးနှစ် ရိုက်ထားတာပေါ့နော်။ အဲ့ဒီအချိန်တုန်း ကတော့ ကိုယ့်ဘက်ကနေ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတယ်၊ အားရလားဆိုတော့ ပြန်ကြည့်တဲ့အချိန်မှာ လိုအပ်ချက်တွေလည်း အများကြီးတွေ့တယ်၊ နောက်ပြီးတော့ အားမရတာမျိုးတွေလည်း ရှိတယ်ပေါ့။ ထပ်ပြီးတော့ ကြိုးစားရပါဦးမယ်။

မေး။ ။ ပရိတ်သတ်ကရော အလင်းရောင်ကို အဲ့ဒီကားကြည့်ပြီးတော့ ဘယ်လိုတုန့်ပြန်မှုမျိုးတွေပေးလဲ။

ဖြေ ။ ။ ပရိတ်သတ်တွေကတော့ ဒီကားမထွက်ခင်ကနဲ့ ထွက်ပြီးသွားတဲ့အချိန်မှာ တော်တော်လေး ကွာသွားတယ်။ နောက်ပြီးတော့ အဲ့ကားကို ပရိတ်သတ်တော်တော်များများ အားပေးကြပါတယ်။

မေး။ ။ အဲဒီဇာတ်ကားက Copy ဇာတ်ကားဆိုပြီး ဝေဖန်ကြတဲ့အပေါ်မှာရော သရုပ်ဆောင်တယောက်အနေနဲ့ စိတ်ပျက်သွားတာရှိလား၊ အဲဒီလို ပြောကြတဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ ။ ။ စိတ်ပျက်သွားတာမျိုး ဖြစ်လားဆိုတော့ အဲ့လိုမျိုးတော့မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကားက ကျနော်တို့ကို စပြီးတော့ ရိုက်မယ်လို့ လာအပ်ကတည်းက Copy ကားမှန်းသိတယ်။ Copy ကားပဲ ရိုက်မယ် ဆိုပြီးတော့ လာပြောသွားတာ နောက်ပြီးတော့ အဲ့ဒီအချိန်မှာ ကျနော်တို့လို အသစ်တွေအနေနဲ့က ဘယ်လို ပြောမလဲ ရွေးချယ်မှုတခုပေါ့နော်။ ပြီးတော့ လွန်ခဲ့တဲ့ ၃ နှစ်တုန်းကလည်း ကျနော်တို့အနေနဲ့ အဲ့ဒီလို အခွင့်အရေးရဖို့ဆိုတာ မလွယ်ဘူး၊ အဲ့ဒီအတွက်ကြောင့် ကျနော်က လက်ခံပြီး ရိုက်ကူးခဲ့တာပါ။

မေး။ ။ ရှေ့ဆက်ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားတွေကရော ဘယ်လိုပုံစံမျိုးတွေဖြစ်မလဲ။

ဖြေ ။ ။ ကျနော်ဘယ်လိုပြောရမလဲ၊ ကာရိုက်တာတွေ တော်တော်များများကွဲသွားမှာပါ၊ ကွဲသွားမှာပါဆိုတာက နောက်ထပ် ထပ်လာမယ့်ကားဆိုရင် “ဘယ်ရည်စားကိုအချစ်ဆုံးလဲ” ဆိုတဲ့ဇာတ်ကားမှာ ကျနော်က Gay ပုံစံမျိုး သရုပ်ဆောင်ထားတယ်။ နောက်ထပ် ရိုက်မယ့်ကားတွေကလည်း ကာရိုက်တာမျိုးစုံ သရုပ်ဆောင် ဖူးတယ်ရှိအောင် သရုပ်ဆောင်ထားပါတယ်။

မေး– Gay ပုံစံမျိုးသရုပ်ဆောင်ထားတာဆိုတော့ ပရိတ်သတ်က လက်မခံမှာ၊ အမြင်စောင်းသွားမှာကော စိုးရိမ်တာမျိုး ရှိလား။

ဖြေ ။ ။ စိုးရိမ်တာမျိုးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်အနေနဲ့က ပရိတ်သတ်က အရမ်းလက်ခံနေတဲ့ မင်းသား တယောက် မဟုတ်ဘူး။ အဲ့ဒီတော့ အခုမှစပြီးတော့ ပရိတ်သတ်အားပေးမှုကို ရမယ့် လူတယောက် အနေနဲ့ အဲ့ဒါဟာ ကျနော့်အတွက်တော့ ဘယ်လို Feedback ပြန်လာမလဲဆိုတာကို နည်းနည်းကြောက်ရတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ Gay ဇာတ်ကား ရိုက်တာကို လက်မခံကြသေးတဲ့ အပေါ်မှာရော အလင်းရောင်အနေနဲ့ ဘယ်လိုမြင်မိလဲ။ သရုပ်ဆောင် တယောက်အနေနဲ့ အဲဒါကို ဘယ်လိုမျိုးဖြစ်စေချင်လဲ။

ဖြေ ။ ။ ဘယ်လိုမျိုးဖြစ်စေချင်လဲ ဆိုတော့ ဒါက အနုပညာပြကွက်တခုပါပဲပေါ့၊ အပြင်မှာဖြစ်နေတာတွေ အကုန်လုံးကို ရုပ်ရှင်မှာ ပိတ်ကားထက်မှာပဲဖြစ်ဖြစ် ပြန်လည်ဖော်ပြတာ ၊ ပြန်လည်ဖော်ကြူးတယ်လို့ပဲ မြင်ပါတယ်။

မေး။ ။ ကိုဂျွန်လွင်နဲ့ ဖြစ်ခဲ့တဲ့ပြဿနာကရော အခုအချိန်မှာ ပြီးပြတ်သွားပြီလား၊ ဒါမှမဟုတ် ဘယ်အနေအထားမှာ ရှိလဲ။

ဖြေ ။ ။ ဟုတ်ကဲ့၊ ပြီးပြတ်သွားပါပြီ။

မေး။ ။ အလင်းရောင်ကို အားပေးတဲ့ ပရိတ်သတ်ကို ထပ်ပြီး ဘာများပြောချင်ပါသေးလဲ။

ဖြေ ။ ။ ကျနော့် ပရိတ်သတ်ကြီးကို ဘာပြောချင်လဲဆိုတော့ အခု ၅ လပိုင်းမှာ ကျနော့်ရဲ့တကိုယ်တော် Album “Oh My Crush” ထွက်ပါမယ်။ Featuring တွေလည်း ပါပါတယ်၊ Featuring အနေနဲ့က မ၀ိုင်းစု၊ အိမ့်ချစ်တို့ ပါပါတယ်။ ကျနော် တကိုယ်တော် Album ထုတ်ဖို့ လုပ်နေတယ်၊ Music Video လည်းကျနော် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ရိုက်ကူးနေတဲ့ အတွက်ကြောင့် ကျနော့်ရဲ့ “Oh My Crush” Album ထွက်ရင် အားပေးကြပါဦးလို့။ ။

The post Gay ဇာတ်ကားဆိုတာ အပြင်မှာဖြစ်နေတာကို ရုပ်ရှင်ပိတ်ကားထက်မှာ ပြန်လည်ဖော်ကျူးတာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...