Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဗုဒ္ဓပူဇနိယ သီချင်းနဲ့ ပတ်သက်ပြီး တေးရေးမြင့်မိုးအောင် ဖြေရှင်းချက်ထုတ်ပြီ

$
0
0
 မြင့်မိုးအောင်, ချမ်းချမ်း, ဗုဒ္ဓပူဇနိယ သီချင်း

ရခိုင်ဂီတအစည်းအရုံးမှ တာဝန်ရှိသူများနှင့် တေးရေးမြင့်မိုးအောင်(ဓာတ်ပုံ- မြင့်မိုးအောင် ဖေ့ဘုတ်မှ)

ရခိုင်လူမျိုးတို့ရဲ့ အလေးအမြတ်ထားရတဲ့ ဗုဒ္ဓဘုရားရှင်အား ပူဇော်သည့် “ဗုဒ္ဓပူဇနိယ” သီချင်းအား မူရင်းပိုင်ရှင်ဖြစ်သည့် ရခိုင်တေးရေးဆရာရက္ကန်းဦးဘသာ (ကွယ်လွန်)ရဲ့ တေးရေးအမည် လွဲမှားနေရခြင်း၊ မိသားစုဝင်များထံမှ ခွင့်ပြုချက် တစုံတရာတောင်းခံမှုမရှိဘဲ ရခိုင်သီချင်းအား မြန်မာမှုပြုပြီး သီဆိုခြင်း၊ ထုတ်ဝေဖြန့်ချိခြင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်သူများမှ တာဝန်ယူပေးရန် အသိပေးထုတ်ပြန်ခြင်းဆိုပြီး ရခိုင်ဂီတအစည်းအရုံး (စစ်တွေ)က ကြေညာချက်ကို ဖေဖော်ဝါရီ ၂၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အကြောင်းအရင်းမှာ တေးသံရှင်ချမ်းချမ်းရဲ့ ထွက်ရှိထားတဲ့ အိပ်မက်တေးစီးရီး အခွေထဲမှာ “ဗုဒ္ဓပူဇနိယ” သီချင်းကို မြန်မာမှုပြုရေးသား ထည့်သွင်းထားပြီး တေးရေးအမည်ကို တေးရေး မြင့်မိုးအောင်လို့ မှားယွင်းဖော်ပြထားမှုကြောင့် ဖြစ်ပါတယ်။ သီချင်းကို ရခိုင်တေးရေးဆရာ ရက္ကန်း ဦးဘသာ (ကွယ်လွန်)က ကိုယ်ပိုင်သံစဉ်အဖြစ် ရေးသားသီကုံးထားခဲ့တာဖြစ်ပြီး ဦးအောင်ကျော်သာနဲ့အဖွဲ့က သီဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။

ဒီတေးသီချင်းကို ၂၀၀၈ ခုနှစ်က MRTV4 မှာ တင်ဆက်တဲ့ Fashion Music Festival အစီအစဉ်မှာ ချမ်းချမ်းက သီဆိုပြီး စီစဉ်ထုတ်လွှင့်ခဲ့ပါတယ်။ ယခုအခါ ဒီသီချင်းနဲ့ပတ်သက်ပြီး တေးရေးဆရာ မြင့်မိုးအောင်က သူရဲ့ Facebook မှာ ဖြေရှင်းချက်ပေးထားခဲ့ပါတယ်။

ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းမှုအပေါ်ကိုတော့ တေးရေးမြင့်မိုးအောင်က “အခုကတော့ အားလုံးပြေလည်တဲ့ သဘောကိုရောက်သွားပါပြီ။ ရခိုင်ဂီတအစည်းအရုံးက ဥက္ကဌအပါအ၀င် တာဝန်ရှိတဲ့သူတွေကလည်း ဒီလိုသတင်းကို ပြန်ပြီး ဖော်ပြစေချင်တယ်ပေါ့လေ။ အခုလာမယ့် ဖေဖော်ဝါရီ ၂၆ ရက်နေ့လောက် ရခိုင်ကို သွားပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး စာနယ်ဇင်းပွဲလေး လုပ်ဖို့ရှိပါတယ်။ နောက်တခုက ဒီကိစ္စကို ဆရာဖြေရှင်းတယ်ဆိုတာကလည်း ချမ်းချမ်းကလည်း သူ့အခွေမှာ တေးရေးနာမည်ကို မှားယွင်းပြီး ဖော်ပြမိတာပါ။ ဆရာကလည်း ဒီကိစ္စကို အပြစ်ရှိလို့ ဖြေရှင်းနေတာ မဟုတ်ပါဘူး။ တာဝန်ရှိလို့ပါ။ ဒါက ဂီတလောကအတွက်လည်း အရေးကြီးသလို ရခိုင်အမျိုးသားတွေအတွက်လည်း အရေးတကြီးဖြစ်နေတဲ့ အတွက် တာဝန်ယူပြီး စေတနာနဲ့ပဲ လိုက်ပြီးဖြေရှင်းတာပါ။ အခု အဆင်ပြေတဲ့အတွက်လည်း ၀မ်းသာ ပါတယ်”လို့ ပြောပြပါတယ်။

ရခိုင်ကိုသွားရောက်တဲ့အခါမှာ တေးရေးမြင့်မိုးအောင်နဲ့အတူ ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဥက္ကဌ ဒေါ်စောခင်တင့်နဲ့ ဒုဥက္ကဌ ဦးသန်းမောင်တို့လိုက်ပါပြီး ဆောင်ရွက်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီတေးသီချင်းနဲ့စပ်ဆက်ပြီး စာနယ်ဇင်းပွဲလုပ်မယ့်အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း တေးရေးဆရာ မြင့်မိုး အောင်က “ဒီသီချင်းနဲ့က တချို့နေရာတွေမှာ မဖွယ်မရာဖြစ်နေတဲ့ နေရာတွေ အရင်တုန်းက ငပလီတခုမှာပဲ နိုင်ငံခြား သားတွေက အရက်သေစာသောက်စားနေတဲ့ စားပွဲတွေရဲ့ ကြားတွေထဲမှာ ရခိုင်အမျိုးသား ၀တ်စုံတွေနဲ့ ဆီမီးခွက် ကပြီး ဖျော်ဖြေနေတာတွေ တွေ့ရတဲ့အခါမှာလည်း စာပေနဲ့ယဉ်ကျေးမှုအဖွဲ့က နောက်ပိုင်းမှာ သတိပြုကြဖို့ ကြော်ငြာချင်တာ အသိပေးချင်တာလည်း ရှိတဲ့အတွက်ကြောင့်ပါ” လို့ ဆက်ပြီး ပြောပြပါတယ်။

The post ဗုဒ္ဓပူဇနိယ သီချင်းနဲ့ ပတ်သက်ပြီး တေးရေးမြင့်မိုးအောင် ဖြေရှင်းချက်ထုတ်ပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...